Images

ရွှေဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို မိသားစုဝင်များနှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့် ပိတ်ပင်ထား

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ရွေဘိုအကျဥ်းထောင်တွင် မတရားဖမ်းဆီးထားခံရသည့် နိုင်ငံရေးအကျဥ်းသားများကို ဇွန်လ ၁ ရက်နေ့ကတည်းကစပြီး မိသားစုဝင်များ နှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့် မပေးတော့ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားသည်။ အကျဉ်းထောင်များအတွင်း…

အင်းလေးကန်ရှိနေအိမ်များ အချိန်ကြာမြင့်စွာ ရေနစ်မြုပ်ခြင်းကြောင့် အိမ်ကြမ်းခင်းများ ဆွေးမြည့် ပျက်စီးလာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရှိ နေအိမ်များ အချိန်ကြာမြင့်စွာ ရေနစ်မြုပ်ခြင်းကြောင့် နေအိမ်ကြမ်းခင်းများ ဆွေးမြည့် ပျက်စီးလာကြောင်း ဒေသခံများ ထံမှ သိရသည်။ အင်းလေးကန် ရေပေါ်တွင် ဆောက်ထားသည့်…

တောင်ကြီးမြို့တွင် အိမ်ငှားခများလစဥ် စျေးတက်နေသောကြောင့် အိမ်ငှားနေသူများအခက်တွေ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၄ တောင်ကြီးမြို့တွင် အိမ်ငှားခများ လစဥ်စျေးတက်နေသောကြောင့် အိမ်ငှားသူများ အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်ရင်းအိမ်ငှားနေသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင် လာရောက်ခိုလှုံနေထိုင်သူ များလာခြင်းနှင့်အတူ အိမ်ငှားစရိတ်များ လစဥ်မြှင့်တက်နေသောကြောင့် အိမ်ငှားနေထိုင်သူများ အခက်အခဲကြုံနေရသည်။ ” ဒီမှာက အရင်သုံးလကစပြီး…

ရေမြောင်းမရှိ၍ မိုးရွာလျှင်လမ်းမပေါ်ရေလျှံပြီး သွားလာရန်ခက်ခဲ

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၄ ဘုရားဖြူရပ်ကွက် ရေထွက်ဦးလမ်းတွင် လမ်းဘေးရေမြောင်းမရှိ၍ အောက်တိုဘာလ ၇ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လမ်းမပေါ်ထိရေကြီးရေလျှံဖြစ်ကာသွားလာရခက်ခဲကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်းပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ရေထွက်ဦးလမ်းတွင် အစိုးရအဆက်ဆက်က လမ်းပြင်ခြင်း၊ မြောင်းပြင်ခြင်းမရှိသည့်အတွက် မိုးရွာတိုင်းလမ်းမကြီးပေါ်ရေလျှံပြီး…

စစ်ပွဲကြောင့်တခြားရွာသို့စားနပ်ရိက္ခာထားခဲ့ရသည့်ဒေသခံများနေရပ်ပြန်သယ်ယူရာတွင် PNO ပြည်သူ့ စစ်ကခွင့်မပြု

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် စစ်ပွဲများကြောင့်တခြားရွာသို့စားနပ်ရိက္ခာထားခဲ့ရသည့်ဒေသခံများနေရပ်ပြန်သယ်ယူရာတွင် PNO ပြည်သူ့ စစ်ကခွင့်မပြုကြောင်း အောက်တိုဘာလ (၈)ရက်နေ့က ‌‌ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက် ရှမ်း-ကရင်နီနယ်စပ်တွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး…

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ကြီးမြို့စွန်တောင်စောင်းရှိ နေအိမ်များ ပြိုကျခြင်း၊ ပျက်စီးခြင်း ကြုံတွေ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၄ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ကြီးမြို့၊ တောင်စောင်းရှိ ရပ်ကွက်များတွင် နေအိမ်များ ပြိုကျခြင်း၊ ပျက်စီးခြင်း ကြုံတွေ့နေရကြောင်း သိရသည်။ ရှမ်း​ပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ နယ်မြေ(၆) ၊ စမ်းရေတွင်း…

အရပ်သားကားတစ်စီးကို (ARSA) လက်နက်ကိုင်တပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်၍ အမျိုးသမီး(၁)ဦးသေဆုံး၊ (၄)ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၄ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ပြီး ပြန်လာသည့် ကားမောင်းသူနှင့် အရပ်သား (၆)ဦးပါ ကားတစ်စီးကို အောက်တိုဘာလ (၆)ရက်နေ့ ညနေ (၄)နာရီ​ကျော်တွင် (ARSA) လက်နက်ကိုင်…

မဲနယ်တောင်ဒေသရှိကျေးရွာအချိူ့တွင် စစ်မှုထမ်းရန် ထောက်ပံ့ကြေးမထည့်နိုင်သူများ ရေဘေးနစ်နာကြေးအပြည့်မရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၇၊ ၂၀၂၄ ဟိုပုံးမြို့နယ်၊မဲနယ်တောင်ဒေသရှိ ကျေးရွာအချိူ့တွင်စစ်မှုထမ်းအတွက် ထောက်ပံ့ကြေးလစဥ်မထည့်နိုင်သူများ ရေဘေးနစ်နာကြေး အပြည့်မရရှိကြောင်းဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသတွင်ရေကြီးမြေပြိုမှု ‌ကြောင့်နေအိမ်အများအပြားပျက်စီးပြီး ရပ်နီးရပ်ဝေးအလှူရှင်များက အစားအသောက်နှင့်ငွေကြေးများလာရောက်လှူဒါန်းထားမှုရှိသော်လည်း နေအိမ်ဆုံးရှုံးသူများထဲတွင် စစ်မှုထမ်းအတွက်ထောက်ပံ့ကြေးလစဥ်မထည့်နိုင်သူများကို ရွာသူကြီးကရေဘေးနစ်နာကြေးအပြည့် မပေးကြောင်းသိရသည်။…

မောက်မယ်မြို့တွင်းရှိ ရပ်ကွက်ချင်းဆက်လမ်းပေါ်ရှိ သစ်သားတံတား ၂ စင်း ရေကြီးခြင်းကြောင့် ပျက်စီးခဲ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၇၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ၊ မောက်မယ်မြို့တွင်းရှိ ရပ်ကွက်ချင်းဆက်လမ်း ပေါ်ရှိ သစ်သားတံတား ၂ စင်း ရေကြီးခြင်းကြောင့် ပျက်စီးခဲ့ကြောင်း ဒေသခံ များထံမှသိရသည်။ စက်တင်ဘာလ(၁၀) ရက် ရေကြီးစဉ် မောက်မယ်မြို့ရှိ…

ရေပြန်ကျသော်လည်းရွံ့နှင့် အမှိုက်များကြောင့် အနံ့ဆိုးများထွက်သဖြင့် ပြည်သူများအသက်ရှုကြပ်နေကြ

ခမ်းသားငေါဝ်း အောက်တိုဘာ ၇၊ ၂၀၂၄ ကလောမြို့တွင် ရေကြီးမှုဖြစ်ပွါးပြီးနောက် ရေပြန်ကျသော်လည်း ကျန်ရှိသည် ရွံ့နှင့် အမှိုက်များကြောင့် အနံ့ဆိုးများထွက်သဖြင့် ဒေသခံများ အသက်ရှုကြပ်နေကြောင်း ဒေသခံဆီမှ သိရသည်။ ရှမ်းပြည်နယ်တောင်းပိုင်း၊ ကလောမြို့၌ စက်တင်ဘာလဒုတိယပါတ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးမှုဖြစ်ပွါးပြီးနောက်…