နေအိမ်ပြန်၍မရသေးသည့်ထီဆုံရွာသားများက စားဝတ်နေရေးအတွက်အကူအညီလိုအပ်
ခမ်သားငေါဝ်း ဇန်နဝါရီ ၁၅၊ ၂၀၂၅ ဆီဆိုင်မြို့နယ် ထီဆုံရွာသားများသည် ယခုချိန်ထိနေအိမ်မပြန်ရသည်မှာ တစ်နှစ်ရှိပြီဖြစ်သောကြောင့် စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေကြောင်း ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု ထီဆုံရွာသားများသည် စစ်ဘေးရှောင်ရသည်မှာ တစ်နှစ်ရှိပြီဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းမှစပြီး တိုက်ပွဲများတဖန်ဖြစ်ပွားလာသောကြောင့်…