Images

မိုးကြီးမှုကြောင့် လွိုင်လင်မြို့ကားလမ်းမပေါ်ရေလွမ်းပြီး မီးသတ်ကားဖြင့်စုပ်ထုတ်နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊ ၂၀၂၄ မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် လွိုင်လင်မြို့ ကားလမ်းပေါ် ရေလွမ်းပြီး သွားလာမှုခက်ခဲကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်းလွိုင်လင်မြို့တွင် အောက် တိုဘာလ ၁၁ ရက်နေ့က မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းပေါ် ရေလွမ်းပြီး မီးသတ်ကားဖြင့်…

မတ္တရာမြို့နယ် စစ်ရှောင်စခန်းစစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော် နှင့် ကလေးအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၄ မတ္တရာမြို့နယ် ရှိစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သံဃာတော် နှင့် ကလေးအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးသွားခဲ့ကြောင်း ပြည့်သူ့ကာကွယ်ရေးတပ်မတော် ( မန္တလေး) MDY-PDF က သြဂုတ်လ ၁၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။…

မိုင်းဆတ်ခရိုင်၊ ပိန်းခမ်းရွာတွင် တစ်ရွာလုံးနီးပါးရေထဲ မျောပါသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊ ၂၀၂၄ ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ မိုင်းဆတ်ခရိုင် ၊ မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်းကျေးရွာအုပ်စု၊ ပိန်းခမ်းရွာတွင် တစ်ရွာလုံးနီးပါး ရေကြီးနစ်မြုပ် ရေထဲမျောပါသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ…

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊ ၂၀၂၄ ပင်လောင်းတောင်ဘက်ရှိ နောင်ဝိုး၊ ပင်စုံ၊ နမ်းဖာမူ ကျေးရွာတို့တွင် တိုက်ပွဲ များ ဆက်လက်ပြင်းထန်နေ ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်ဝိုး၊ပင်စုံ၊နမ်းဖာမူ ၊ကောင်သုဲင် ကျေးရွာများတွင် စက်တင်ဘာလ…

ရေနှစ်မြှုပ်ထားသည့် ညောင်ရွှေမြို့ကို သန့်ရှင်းရေး ဆက်လက်ဆောင်ရွက်ပေးနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ပရဟိတအဖွဲ့များ ပေါင်း၍ ရေတွင်း၊ ရေကန် တို့ကိုနမ့်လတ်လူမှုကူညီရေးအဖွဲ့ နှင့် တောင်ကြီးမြို့မှ စေတနာ့ လုပ်အားရှင် အဖွဲ့များ ပူးပေါင်း၍ သန့်ရှင်းရေး ဆက်လက်ဆောင်ရွက်ပေးနေကြောင်းသိရသည်။ ညောင်ရွှေမြို့တွင်…

ရေဘေးဒဏ်ကြုံနေရသည့် မိုးဗြဲမြို့ရှိ ပြည်သူများ အကူညီလိုအပ်နေဆဲ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊ ၂၀၂၄ ရေဘေးဒဏ်ကြုံနေရသည့် မိုးဗြဲမြို့ရှိ ပြည်သူများ အကူညီလိုအပ်နေဆဲ ဖြစ်ကြောင်းအောက်တိုဘာ ၁၁ ရက်က စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှ သိရသည်။ ရှမ်း-ကရင်နီ(ကယား) နယ်စပ် မိုးဗြဲ မြို့တွင် ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ပြီး နေအိမ်နှင့်…

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီ ဘက်မှ ၇၀ ဝန်းကျင်သေဆုံးပြီး၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ ၇၀ ဦးဝန်းကျင်သေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသမှ အောက်တိုဘာလ ၁၀…

အင်းလေးကန်တွင် အရေးကြီးလိုအပ်သည့် သောက်ရေသန့် စက် ၂ လုံး တပ်ဆင်ပြီးစီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင်အရေးပေါ်လိုအပ်သည့် သောက်ရေသန့် စက် ၅ လုံးလှူဒါန်းသွားမည်ဖြစ်ပြီး၂ လုံးတပ်ဆင်ပြီးစီးခဲ့ကြောင်း ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက်ထံမှသိရသည်။ အလှူရှင်များလှူဒါန်းထားသည့် သောက်ရေသန့် စက်များကို မိုင်းသောက်၊ ရွာမ ၊…

နောင်ဒေးနှင့်‌ မောက်မွန်းကျေးရွာအုပ်စုတွင် လမ်းပျက်စီးမှုများကြောင့် ပြန်လည်ပြုပြင်ရန် အကူအညီလိုအပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊ ၂၀၂၄ ဟိုပုံးမြို့နယ်၊ နောင်ဒေးနှင့် မောက်မွန်းကျေးရွာအုပ်စုတွင် ရေကြီးမြေပြိုမှုများကြောင့် လမ်းများပျက်စီးသွားပြီး ပြန်လည်ပြုပြင်နိုင်ရန် အကူအညီများလိုအပ်နေသည်ဟု အောက်တိုဘာလ(၁၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ နောင်‌ဒေးနှင့် မောက်မွန်းကျေးရွာအုပ်စုအတွင်းတွင် စက်တင်ဘာလ ဒုတိယပတ်မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့်…

အင်းလေး ခရမ်းချဉ်သီး တစ်တင်းလျှင် တစ်သိန်းကျပ် အထိ စျေးနှုန်းမြင့်တက်လာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသထွက် ခရမ်းချဉ်သီး တစ်တင်းလျှင် တစ်သိန်းကျပ် အထိ စျေးနှုန်းမြင့်တက်လာနေကြောင်း အောက်တို ဘာလ (၁၀) ရက်တွင် စိုက်ခင်းများထံမှ သိရသည်။ ညောင်ရွှေမြို့နယ်တွင် စက်တင်ဘာလ…