Images

တောင်ကြီးမြို့နယ်တွင် ရေကြီးရေလျှံဖြစ်ပြီး ခရမ်းချဥ်သီးတစ်ပိဿာ ၆၀၀၀ ကျပ်ထိစျေးနူန်းမြှင့်တက်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ တောင်ကြီးမြို့တွင်အောက်တိုဘာလအတွင်းခရမ်းချဥ်သီးတစ်ပိဿာ ၆၀၀၀ ကျပ်ထိစျေးနူန်းမြှင့်တက်လာကြောင်းဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့တွင်အောက်တိုဘာလ ၁၈ ရက်နေ့ကခရမ်းချဥ်သီးတစ်ပိဿာကို ၄၀၀၀ ကျပ်ရှိရာကနေရက်ပိုင်းအတွင်းမှာပဲ ၆၀၀၀ ကျပ်ထိစျေးမြှင့်တက်လာကြောင်းသိရသည်။ “အရင်ထက်တော့စျေးတက်လာတယ်၊စက်တင်ဘာလတုန်းဆိုတစ်ပိဿာမှ၂၀၀-၃၀၀ထိဘဲ၊ ရေကြီးရေလျှံဖြစ်ပြီးနောက်ခရမ်းချဥ်သီးဈေးတစ်ဖြည်းဖြည်းချင်းတက်လာတယ်၊သူချည်းဘဲတက်တာမဟုတ်ဘူးလေ၊တစ်ခြားသီးနှံတွေရောဘဲတက်တယ်”ဟုကုန်စိမ်းသည်အမျိူးသမီးတစ်ဦးကပြောသည်။ စက်တင်ဘာလတွင်ခရမ်းချဥ်သီးတစ်ပိဿာဈေးအများဆုံး၅၀၀ကျပ်သာရရှိသောကြောင့်လမ်းဘေးတွင်သွန်ပစ်ခဲ့ရပြီးရေကြီးရေလျှံဖြစ်ပြီးနောက်ခရမ်းချဥ်သီးစျေးပြန်တက်လာရခြင်းဖြစ်သည်။ ခရမ်းချဥ်သီးစိုက်တောင်သူတစ်ဦးကလည်း”ခရမ်းချဥ်သီးကမိုးများရင်မိုးဒဏ်မခံနိုင်ဘူးလေ၊အပင်တွေအနာဖြစ်လာတယ်၊အပင်တွေအနာဖြစ်တော့ဆေးဖိုးတွေထပ်ကုန်ပြန်ရော၊နောက်ပြီးအမြန်ခူးရတယ်၊စျေးကွက်ထဲမှာသာစျေးကောင်းရနေတာ”ဟု၎င်းကပြောသည်။ ရှမ်းတောင်တွင်ခရမ်းချဥ်သီးအဓိကစိုက်ပျိူးသည့်ဒေသများမှာအင်းလေး၊ကလော၊အောင်ပန်း၊ပင်လောင်း၊နောင်တရား၊ ညောင်ရွှေစသည့်ဒေသများဖြစ်ကြောင်းသိရသည်။…

ရွှေညောင်နှင့် ကလောတို့တွင်တစ်ရက်အတွင်း မော်ဆိုင်ကယ် ၆ စီးထက် မနည်း ပျောက်ဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ၂၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ နှင့် ကလောမြို့ တို့တွင် တစ်ရက်အတွင်း မော်တော်ဆိုင်ကယ် ၆ စီး ထက် မနည်း ပျောက်ဆုံးမှု ရှိခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ (၁၉) ရက်တွင်…

ရွာငံတွင် စစ်ဆေးရေးတင်းကြပ်မှုကြောင့် ခရီးသွားဧည်သည်လာရောက်လည်ပတ်သူနည်းပါး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ ရွာငံမြို့နယ်ရှိဂိတ်များတွင် အစစ်ဆေး တင်းကြပ်မှုကြောင့် သီတင်းကျွတ်အချိန်ကာလတွင် ခရီးသွားဧည်သည်များ လာရောက်လည်ပတ်သူ နည််းပါးကြောင်းဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်းပိုင်း ၊ ရွာငံမြို့ရှိ ရွာငံ-အောင်ပန်းလမ်း ကျုံးဂိတ် ၊ ရွာငံမြို့အဝင်ဂိတ်နှင့် မန္တလေးသွားလမ်း…

ရေဘေးသင့်အင်း​လေး ရွာသာကျေးရွာအုပ်စု ရှိ ကျေးရွာများတွင် စားနပ်ရိက္ခာ နှင့် သောက်ရေသန့်များ လိုအပ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ ရေဘေးသင့် အင်းလေးကန် မြောက်ဘက် ရွာသာကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စားနပ်ရိက္ခာ နှင့် သောက်ရေသန့်များ လိုအပ်နေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးဒေသရွာသာကျေးရွာအုပ်စုရှိ ရွာသာ…

ဆီဆိုင်မြို့တွင် ရေကြီးရေလျှံမူဖြစ်ပွားပြီး စပါး၊ ပြောင်းခင်းများပျက်စီးပြီး စပါးအသစ်ဈေးထပ်ကျမည်ကို စိုက်ပျိုးသူများစိုးရိမ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ ဆီဆိုင်မြို့တွင် ရေကြီးရေလျှံမူဖြစ်ပွားပြီးတဲ့‌နောက်စပါး‌များ၊ ပြောင်းခင်းများပျက်စီးပြီး စပါးအသစ်ထွက်ပေါ်သည့်အခါ ဈေးများကျဆင်းနေသည့်အတွက်ဈေးထပ်ကျမည်ကို စိုက်ပျိုးတောင်သူများက ကစိုးရိမ်‌နေကြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် ရေကြီးရေလျှံဖြစ်ပြီ‌တဲ့နောက်စပါးအသစ်ဈေးများ အဆက်မပြတ်ကျနေ သောကြောင့် စပါးစိုက်သောတောင်သူများအတွက်အခက်အခဲရှိနေကြောင်းသိရသည်။ “စပါးဈေးကအခုကျတစ်ထပ်ကျနေတော့ အဒေါ်တို့အတွက်အဆင်မပြေဘူး၊ ရေကြီးပြီးစပါးပျက်တာလဲများ…

လူသတ်မှု ဖြစ်ပွားပြီးနောက် သိမ်ကုန်းရွာသားများအိမ်ပြင်မထွက်ရဲဘဲ စိုးရိမ်ထိတ်လန့်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် သီတင်းကျွတ်ကာလ၌ ရွာသူ/သားများညအချိန်ဘုန်းကြီးကျောင်း ဆီမီးထွန်းပူဇော်ရန်အပြင်မထွက်ရဲဘဲစိုးရိမ်ထိတ်လန့်နေ ကြကြောင်း သိရှိရသည်။ ရှမ်း​ပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်…

တောင်ငူလေတပ်စခန်းကို ၁၀၇ မမရှော့ဒုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း BWM ထုတ်ပြန်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ တောင်ငူလေတပ်စခန်းကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည် ပူးပေါင်းစစ်ဆင်ရေး အဖွဲ့သည် အောက်တိုဘာလ (၂၀)…

စစ်ကောင်စီ ယာယီအထိုင်စခန်းအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၅) ဦး သေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ မွန်ပြည်နယ်၊ ရေးမြို့ ရေး – သံဖြူဇရပ် ကားလမ်းမပေါ်ရှိ စံပြကျေးရွာအနီး တပ်စွဲထားသော ခမရ (၅၈၈) ယာယီအထိုင်စခန်းအား ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ ဗိုလ်ကြီးတဦးအပါအဝင် (၅)…

ရပ်စောက်မြို့နယ်တွင် RCSS နှင့် SSPP မကြာခနတိုက်ပွဲဖြစ်ပွားမှုကြောင့် ယခုနှစ်သီတင်းကျွတ် ပအိုဝ်းရိုးရာဘုန်းကြီးကျောင်းတက်ခွင့်မရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၀၊ ၂၀၂၄ ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်အုပ်စုနှင့် ကွန်လုံအုပ်စုတွင် RCSS နှင့် SSPP မကြာခနတိုက်ပွဲဖြစ်ပွားမှုကြောင့် ယခုနှစ်သီတင်းကျွတ် ပအိုဝ်းရိုးရာဘုန်းကြီးကျောင်းတက်ခွင့်မရကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်အုပ်စုနှင့် ကွန်လုံအုပ်စုတွင် လှုံခြုံရေးကြောင့် ဘုန်းကြီးကျောင်းအား…

စစ်ကောင်စီတပ်က လေကြောင်းထပ်မံတိုက်ခိုက်ခဲ့သဖြင့် ကလေးတစ်ဦးအပါဝင် ဒေသခံ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၀၊ ၂၀၂၄ နောင်ချိုမြို့အတွင်း စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံးနှင့် ပေါင်(၃၀၀)ဗုံးအသုံးပြုပြီး လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင်ဒေသခံ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့ကြောင်း PSLF/TNLA ကထုတ်ပြန်ထားသည်၊၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်အောက်တိုဘာလ ၁၉ ရက်နေ့…