နောင်ချိုခမရ(၁၁၅)တပ်စခန်းကို TNLA ပူးပေါင်းတပ်တို့ သိမ်းပိုက်ပြီး လက်နက်ခဲယမ်း (၃၈၀)ကျော်သိမ်းဆည်းရမိ
ခမ်းသားငေါဝ်း ဇွန်လ ၂၈၊ ၂၀၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၅)တပ်စခန်းကို TNLAပူးပေါင်းတပ်တို့ သိမ်းပိုက်ပြီး လက်နက်ခဲယမ်း (၃၈၀) ကျော်သိမ်းဆည်းရမိကြောင်း TNLA သတင်း နှင့် ပြန်ကြားရေးမှ ဇွန်လ ၂၈ ရက်တွင် သတင်းထုတ်ပြန်လိုက်ပါသည်။ နောင်ချိုမြို့ စစ်ကောင်စီ၏(၁၁၅)တပ်စခန်းကို TNLAနှင့် MDY-PDFပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ရရှိသည့်အချိန်တွင် စစ်စခန်းအတွင်း စစ်ကောင်စီအဖွဲ့၏ လက်နက်မျိုးစုံ(၃၅၀)ကျော်သိမ်းပိုက်ရရှိခြင်းဖြစ်သည်။ သိမ်းပိုက်ရရှိထားသည့်…