Tag: thepeoplevoice

ဖယ်ခုံမြို့အတွင်းရှိ ပြည်သူနေအိမ်အချို့ ဓားပြတိုက်ခံရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၉၊၂၀၂၃ ဖယ်ခုံမြို့အတွင်းရှိ ပြည်သူနေအိမ်များတွင် ဓားပြတိုက်မှု၊ လုယက်မှုများ ဖြစ်ပွားနေကြောင်း‌ ဖယ်ခုံဒေသခံတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့၊ မြို့ကုန်းနှင်ညောင်ပင်သာရပ်ကွက်ရှိ ဒေသခံပြည်သူများ နေအိမ်အချို့တွင် အမည်မသိလူနှစ်ဦးကအောက်တိုဘာလ ၁၈ ရက်နေ့၌ ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။…

စစ်ကောင်စီက ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း‌နေတာပါ ဟု PNFC ဥက္ကဋ္ဌပြော

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၃ စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးသဘောတူစာချုပ် NCA နှင့်ပတ်သက်ပြီး ဗန်းပြတလွဲအသုံးချနေကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောသည်။ စစ်ကောင်စီသည် NCA၏ (၈)နှစ်ပြည့်အခမ်းအနားကို မိမိသဘောဖြင့် နေပြည်တော်တွင် ပြီးခဲ့သည့်အောက်တိုဘာ (၁၅)ရက်နေ့က…

ဘိန်းအစားထိုးသီးနှံဖြစ်သည့် ဝဥ ကို စိုက်ပျိုးလာကြသော်လည်း ဈေးကောင်းမရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၃ ဟိုပုံးမြို့နယ်တွင် ဘိန်းအစားထိုးသီးနှံဖြစ်သည့် ဝဥ ကို စိုက်ပျိုးထားသော်လည်း ယခင်နှစ်များကဲ့သို့ဈေးကောင်းမရရှိတော့ကြောင်း ဝဥ စိုက်တောင်သူ တစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ကိုင်တောင်သူများသည် ဘိန်းအစားထိုးသီးနှံဖြစ်သည့် ဝဥ ကို စိုက်ပျိုးထားပြီး…

ရွာငံ-မန္တလေးလမ်းရှိ စစ်ကောင်စီဂိတ်များတွင် အတင်းအကြပ်စစ်ဆေးမှုများကြောင့် ခရီးသွားများ စိတ်အနှောက်အယှက်ဖြစ်ရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၃ ရွာငံ- မန္တ​လေးလမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် အတင်းအကြပ် စစ်ဆေးမှုပြုလုပ်သဖြင့် ခရီးသွားများစိတ်အနှောင့်ယှက်ဖြစ်ရကြောင်း ခရီးသွားများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာလမ်းတွင် ခရီးသွားကားများကို စစ်ဆေးမှုများပြုလုပ်ရာ၌ စစ်ကောင်စီဂိတ်‌စောင့်များက ရှာဖွေမွှေနှောက်ကြသဖြင့် စိတ်အနှောင့်ယှက်ဖြစ်ရကြောင်း…

ကိုးကန့်နှင့် “ဝ”ဒေသရှိ အွန်လိုင်းပေါ်ငွေလိမ်မှု လုပ်ကိုင်သည့် ရာဇဝတ်ဂိုဏ်းသားများကို အရေးယူပေးရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် တောင်းဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၃ ကိုးကန့်နှင့် “ဝ”ဒေသရှိ အွန်လိုင်းပေါ်ငွေလိမ်မှု၊ လောင်ကစားနှင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်နေ‌သည့် ရာဇဝတ်လူမိုက်ဂိုဏ်းသားများကို ထိထိရောက်ရောက်အရေးယူပေးရန် ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်က တောင်းဆိုထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်နှင့် “ဝ”ဒေသများတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းဖြင့် ငွေလိမ်လည်ခြင်းလုပ်ငန်းများ၊…

မိုးဗြဲတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဒေသခံနေအိမ်များ မီးရှို့ဖျက်ဆီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၃ ရှမ်း-ကယားနယ်စပ်ရှိ မိုးဗြဲမြို့ စည်ကား ၃ ရပ်ကွက်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ အောက်တိုဘာလ ၁၇ ရက် နေ့လယ်…

ဒီမောဆို မြို့နယ်ရှိ စစ်ရှောင်များ ဆေးဝါးအရေးပေါ်လိုအပ်ပြီး ရက်လွန်ဆေးဝါးများ အသုံးပြုနေရ

ခမ်းသားငေါဝ အောက်တိုဘာ ၁၈၊၂၀၂၃ ကယား(ကရင်နီ)ပြည် ဒီမော့ဆိုမြို့နယ်ရှိ စစ်ရှောင်များအတွက် ဆေးဝါးများ အရေးပေါ် လိုအပ်နေပြီး ဆေးမရှိသဖြင့် ရက်လွန် (သက်တမ်းကုန်)ဆေးဝါးများ အသုံးပြုနေရကြောင်း စစ်ရှောင်တစ်ဦးပြောပြချက်အရ သိရှိရသည်။ ယခုတွင် ကလေးများအပြင် လူကြီးများပါ ရာသီတုပ်ကွေး အဖြစ်များနေပြီး…

တလုပ်ချရေတံခွန်အနီးတွင် စစ်ကောင်စီတပ်လက်နက်ကြီးများ လာရောက်ပစ်ခတ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၇၊၂၀၂၃ တလုပ်ချရေတံခွန်အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရွာငံမြို့နယ် ကျောက်ဂူတိကျေးရွာနှင့် ထန်းလှပင်ကျေးရွာကြား တလုပ်ချရေတံခွန်ရှိရာဝန်းကျင်ကိုအောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများက အင်အားသုံးကာ…

စက်ရုံ၏ဆိုးကျိုးကြောင့် ဝန်ထမ်းများ ကျန်းမာရေးထိခိုက်ပြီး သေဆုံးရ ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၇၊၂၀၂၃ တီကျစ်မြို့ရှိ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားစက်ရုံအတွင်း အလုပ်လုပ်သည့်ဝန်ထမ်းအချို့သည် စက်ရုံ၏ဆိုးကျိုးများကြောင့် ကျန်းမာရေးထိခိုက်ပြီး အသက်ဆုံးရှုံးရသည်အထိ ရှိခဲ့ကြောင်း ဒေသခံတစ်ဦး‌ပြောပြချက်အရ သိရသည်။ စက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ဒေသတွင် တည်ရှိပြီး အလုပ်လုပ်ရင်း စက်ရုံး၏ဆိုးကျိုးများကြောင့် ကျန်းမာရေးထိခိုက်သည့်ဝန်ထမ်း…

တိုင်းရင်းသားအမည်များကို ပြောင်းလဲလုပ်ဆောင်ရာတွင် လဝကရုံးက ထည့်သွင်းခွင့်မပြု‌သဖြင့် တိုင်းရင်းသားများ အခွင့်အရေးဆုံးရှုံး ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၇၊၂၀၂၃ နိုင်ငံသား စိစစ်ရေးကတ် (မှတ်ပုံတင်)တွင် ဗာမာအမည်မှ တိုင်းရင်းသားအမည်များကို ပြောင်းလဲလုပ်ဆောင်ရာတွင် လဝကရုံးက ထည့်သွင်းခွင့်မပြု‌ကြောင်း တိုင်းရင်းသားလူငယ်တစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ လဝကရုံးများတွင် ပအိုဝ်းတိုင်းရင်းသားတို့၏ အမည်ဖြစ်သော ခွန်/နန်းကို နိုင်ငံသားစီစစ်ရေးကတ် မှတ်ပုံတင်တွင်…