Tag: khamsarngor

ပင်လောင်းမြို့တွင် ငွေကျပ် ၅၅၅ သိန်းတန်းဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း သြဂုတ် ၃၀၊ ၂၀၂၄ ပင်လောင်းမြို့၊ဈေးတန်းရပ်ကွက်ရှိ ကားဂိတ်တွင်ဩဂုတ်လ(၂၉) ရက်က ငွေကျပ် ၅၅၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းဆီးရမိကြောင်း CCDAC Myanmar မှ ဖော်ပြချက်အရသိရသည်။ စစ်ကောင်စီ ၏မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့များပါဝင်‌သည့် ပူးပေါင်းအဖွဲ့က ဩဂုတ်လ(၂၇)ရက်တွင် ဖမ်းဆီးရမိကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့၊ ဈေးတန်းရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ်ဖြင့် ပါဆယ်ပစ္စည်းများ လာရောက်ပို့ဆောင်သူ ခွန်တင်ဝင်းအား စစ်ဆေးရှာဖွေရာ ပစ္စည်းအတွင်းမှ…

PNO ပြည်သူ့စစ်သည် မိမိဒေသအား ကာကွယ်ရန်သာဖြစ်ကြောင်း ပြောဆိုခြင်း မုဝါဒ

The people’s voice- ခမ်းသားငေါဝ်း Fact check ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မိမိဒေသကာကွယ်ရေးနှင့်လုံခြုံရေးကိစ္စဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်သင်တန်းဆင်းပွဲ ကို ၂၀၂၄ သြဂုတ် ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည်။ ထိုသင်တန်းဆင်းပွဲတွင် PNO ပြည်သူ့စစ် စန္တာခမ်း ဒုဗိုလ်မှူးကြီး ဖြားခွန်ဒေဝက “အခြေခံသင်တန်းကနေ တတ်မြောက်ထားတာတွေ ဘာလုပ်ဖို့လဲဆိုတော့ ကိုယ့်ကိုယ်အတွက်၊…

လာမည့် စက်တင်ဘာလမှစ၍ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် စာအုပ်ကြေးကို တိုးမြှင့်ကောက်ခံမည်

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ လာမည့် စက်တင်ဘာလမှစ၍ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် စာအုပ်ကြေးကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြာင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှသြဂုတ်လ(၂၉)ရက်နေ့တွင် အသိပေးကြေညာထားသည်။ မြန်မာနိုင်ငံကူးလက်မှတ်(Passport ) လျှောက်ထားကြေးများကို စက်တင်ဘာ (၁) ရက်မှစ၍ စာအုပ်ဖိုးငွေ (၃၅၀၀၀) ကျပ်မှ (၄၀၀၀၀) ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ ထို့ပြင် Online Booking ရယူရာတွင် အချိန်အကန့်အသတ်မရှိဘဲ…

အာလူးစျေးကောင်းရနေသော်လည်း မိုးများခြင်းကြောင့်ပျက်စီးမှုရှိနေပြီး စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ အာလူးများ ယခင်ထက်စျေးကောင်းရနေသော်လည်း အရင်းနှီးများခြင်းနှင့် မိုးများခြင်းများကြောင့် အပင်တချို့ပျက်စီးခြင်းများရှိနေပြီး စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်နေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသထွက် အာလူးများသည် ပြီးခဲ့သည့် ဧပြီလခန့်က တစ်ပိဿာလျှင် ၂၀၀၀၊၂၅၀၀ ကျပ်အထိသာ ရရှိနေခဲ့ပြီး ယခုတွင် တစ်ပိဿာ ၃၅၀၀ နှင့် ၄၀၀၀ အထက် ရရှိနေသော်လည်း မိုးများပြီးအပင်ပျက်စီးခြင်းနှင့် ရင်းနှီးရသည့်ကုန်ကျစရိတ်လည်းများသည့်အတွက်စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်ဖြစ်နေသည်။…

အောင်ပန်းတွင်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ အောင်ပန်းတွင်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်းပေးအောင်ပန်းထံမှ ဩဂုတ် ၂၉ ရက်တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ အမှတ် ၃ ရပ်ကွက်၊ နယ်မြေ ၉ နေ အသက် ၄၄ နှစ်အရွယ်ဦးကျော်ဆိုသည်သူ ယနေ့ မနက် ၁ နာရီခန့်အချိန်တွင် နေအိမ်နံဘေး အုတ်တံတိုင်း အနီးရှိ သံတိုင်၌…

Dawei Watch သတင်းဌာနမှ သတင်းသမား ၂ ဦးကို စစ်ကောင်စီက မတရားထောင်ဒဏ် တသက်တစ်ကျွန်းနှင့် အနှစ် ၂၀ ချ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ Dawei Watch သတင်းဌာနမှ သတင်းသမား (၂)ဦးကို စစ်ကောင်စီက ထောင်ဒဏ် တသက်တစ်ကျွန်းနှင့် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်လိုက်ကြောင်း အဆိုပါသတင်းဌာနမှ ဩဂုတ်လ (၂၇)ရက်တွင် ထုတ်ပြန်ထားသည်။ တနင်္သာရီတိုင်း မြိတ်မြို့ အခြေစိုက် သတင်းသမား (၂)ဦးဖြစ်သည့် ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦး တို့ကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်…

ဘုရားဖြူဈေးရှိ တဲဖြင့်ဆောက်လုပ်ထားသည့်ဆိုင်ခန်းများ စည်ပင်မှလာရောက် ဖျက်သိမ်းခိုင်း

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ထဲရှိ ဘုရားဖြူဈေး ကန်ဘောင်အနီးတဲဖြင့်ဆောက်လုပ်ထားသည့် ဆိုင်ခန်းများအား စည်ပင်မှလာရောက်ဖျက်သိမ်းခိုင်းကြောင့် ဩဂုတ်လ(၂၉)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ဘဲဥကန်ရှိ ဘုရားဖြူဈေးသည် ဩဂုတ်လ(၂၈)ရက်နေ့၌ စစ်ကောင်စီလက်အောက်မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ လာရောက်ပြီး ကန်ဘောင်ပေါ်တွင် တဲဖြင့်ဈေးဆိုင်ဆောက်လုပ်ခွင့်မပြုထားကြောင်းဟုဆိုကာ ဆိုင်ခန်းများကိုဖျက်သိမ်းခိုင်းနေကြောင်း သိရသည်။ “မနေ့ကစည်ပင်အဖွဲ့တွေကလာပြောသွားတာ၊ အဲ့ကန်ဘောင်နားမှာ တဲဆောက်ပြီးဆိုင်ခန်းဖွင့်လို့မရဘူးတဲ့၊ သူတို့ကအရင်ကတည်းကပြောထားတယ်ပြောတာပဲ၊ အခုတဲနဲ့ဆောက်ထားတဲ့ဆိုင်ခန်းကို သူတို့ဖျက်ခိုင်းတာ၊…

တောင်ကြီူမြို့ ဘုရားဖြူရပ်ကွက်တွင် မကြာခန ရက်ရှည်မီးပျက်နေသောကြောင့် ပြည်သူများအခက်တွေ့

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် မကြာခဏရက်ရှည်မီးပျက်နေသောကြောင့် ပြည်သူများအခက်အခဲဖြစ်နေကြောင်း ပြည်သူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်တွင် လျှပ်စစ်မီးများ မကြာခဏ ရက်ရှည်ပျက်နေသောကြောင့် ရပ်ကွက်နေသူများ အခက်အခဲ ဖြစ်နေသည်။ ”အခုပျက်တာ နှစ်ရက်ပြီ တစ်ချက်မှမလာဘူး၊ ထမင်းလည်းချက်လို့မရဘူး၊ ဖုန်းအားတွေလည်းမရှိတော့ဘူး၊ စိတ်ညစ်စရာပဲ” လို့ ပြည်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ပြီးခဲ့သည့် ရက်များတွင်လည်း ၄ ရက်ဆက်တိုက်မီးပျက်ထားကြောင်း၊…

ဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲ ပြုလုပ်ရန် စစ်ကောင်စီဘက်မှ ဖိအားပေးသည့်အတွက် ပြုလုပ်ရန်ရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ ဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲနှင့်ပတ်သက်ပြီး ဩဂုတ်လ ၂၈ ရက်နေ့တွင် ဒုတိယအကြိမ် အစည်းအဝေးပြုလုပ်ပြီး စစ်ကောင်စီဘက်မှ ဘုရားပွဲကို မဖြစ်မနေ ပြုလုပ်ရမည်ဟုဆိုထားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ၂၁ ဌာနသို့ အပူဇော်ခံ ကြွချီနေကျ ဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပွဲကို ယခုနှစ် ၂၀၂၄ ဇူလိုင်လ တွင်…

မိုးဗြဲရေကာတာ ထပ်မံဖောက်ချခြင်းကြောင့် လယ်များပျက်စီးပြီး၊ စစ်ဘေးရှောင်များ ရေလွတ်ရာတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၈၊ ၂၀၂၄ စစ်ကောင်စီတပ်က မိုးဗြဲရေကာတာကိုဒုတိယအကြိမ် ထပ်မံဖောက်ချခြင်းကြောင့် လယ်များပျက်စီးပြီး စစ်ဘေးရှောင်များ ရေလွှတ်ရာနေရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သြဂုတ်လ(၂၈)ရက်တွင်ဒေသခံထံမှ သိရသည်။ ရှမ်း–ကယားနယ်စပ် မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်က မိုးဗြဲရေကာတာကို ထပ်မံဖွင့်ချသည့်အတွက်လယ်ဧက ထောင်နှင့်ချီရေနစ်မြှပ်ပျက်စီးခဲ့သည့်အပြင် ဘီလူးချောင်းဘေးရှိ စစ်ရှောင်များရေလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ “မိုးကလဲအဆက်မပြတ်ရွာ၊ စစ်တပ်ကထပ်ပြီးဆည်ရေပါဖွင့်ချ‌လိုက်တော့ ရေတွေတော်တော်တက်သွားတယ်၊ လယ်တော်တော်များများလည်းရေမြှပ်ကုန်ပြီ”ဟုဒေသခံတစ်ဦးကပြောသည်။ ပြီးခဲ့သည့်သြဂုတ်လ(၂၃)ရက်ည(၁၁)နာရီခန့်တွင်စစ်ကောင်စီသည် ရေကာတာကိုဖွင့်ချပြီးမနက်၂ နာရီချိန်၌မိုးဗြဲမြို့အား စစ်ကြောင်းထိုးလာခဲ့သည်။ လက်ရှိတွင် ရေနစ်မြှပ်နေသည့်…

You missed