Tag: khamsarngor

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် ရှော့ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BWM ထုတ်ပြန်

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၊ ၂၀၂၄ မန္တလေးမြို့ရှိ စစ်ကောင်စီ၏အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် (လပခ)ရုံးအတွင်းသို့စက်တင်ဘာလ(၃)ရက် မနက်(၄)နာရီ၈မိနစ်အချိန်တွင် ၁၀၇ မမရှော့ဒုံး(၁၀)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ(၇)လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း Brave Warriors For Myanmar (BWM)ထုတ်ပြန်ထားသည်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သည် တော်လှန်ရေးအင်အားစုများဆင်နွှဲနေသည့် ၁၀၂၇ ဒုတိယလှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေးတွင် အာဏာသိမ်းစစ်ရှုံးကောင်စီဘက်မှ တန်ပြန်ခုခံနေသော စစ်စခန်းများကို အဓိက ကွပ်ကဲနေသည့်…

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ MNDAA၊ TNLA နှင့် AA တို့ကို စစ်ကောင်စီမှ အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာ

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၊ ၂၀၂၄ မြောက်ပိုင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် အာရက္ခတပ်တော် (AA)တို့အား အကြမ်းဖက် အဖွဲ့များအဖြစ် စစ်ကောင်စီမှ စက်တင်ဘာ(၂)ရက် ညနေပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်သည်။ အမိန့်အမှတ် (၁/၂၀၂၄) ပါ ကြေညာချက်အရ MNDAA၊ TNLA နှင့်…

ကရင်နီပြည်တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်ခဲ့ခြင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခြင်းတို့အား KNDF ထုတ်ပြန်

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၊ ၂၀၂၄ ကရင်နီပြည်နယ်တွင် သြဂုတ်လအတွင်း ဘော်လခမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ ခဲ့ကြောင်း KNDF ယနေ့တွင် ထုတ်ပြန်ထားသည်။ ဘော်လခဲ မြို့နှင့် မယ်စလောင်းတောင် အကြားရှိ စစ်ကောင်စီမှ အခိုင်အမာတပ်စွဲထားသော ရေကျော်စခန်းအား သြဂုတ်လ ၈ ရက်နေ့တွင် KA၊ KNDF၊ KNPLF တို့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီရုပ်အလောင်း…

စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး (၁)ဦးသေဆုံး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၊ ၂၀၂၄ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး(၁)ဦး သေဆုံးပြီး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ကောင်စီတပ် ခလရ(၂၃)တပ်မှ စက်တင်ဘာလ ၁ ရက်နေ့ ည ၅ နာရီခန့်အချိန်တွင် ပြည်သူရှိရာ ဦးတည်ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကုံးစုံ(လီဆူ)ရွာ နေအိမ်တစ်အိမ်ပေါ်…

အင်းလေးဒေသတွင် ရေမြင့်တက်နေပြီး ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်ထိ ရေများဝင်ရောက်

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊ ၂၀၂၄ အင်းလေးဒေသတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အင်းလေးကန်ရှိရေမြင့်တက်နေပြီး ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်ထိ ရေများဝင်ရောက်လျက်ရှိကြောင်း စက်တင်ဘာလ(၂)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် မိုးရက်ဆက်ရွာသွန်းမှုကြောင့်ကျေးရွာတွင်းရှိ ချောင်းများလည်းရေတက်နူန်းမြင့်နေပြီး ဖောင်တော်ဦးဘုရားဝင်းအတွင်း ရေများဝင်ရောက်လျက်ရှိနေသည်။ “မိုးလဲညဖက်ရောက်ပြီဆိုရင်ရွာပြီ၊ ရွာဖက်တွေမှာလည်း ရေတွေတက်တယ်၊ တစ်ချိူ့ရက်ကန်းရုံတွေခနနားထားရတယ် ရေဝင်လို့လေ၊ အထည်တွေမခြောက်ဘူးလေ ရေတွေအရမ်းတက်လာတယ်ရော၊ဖောင်တော်ဦးရင်ပြင်အရှေ့ဘက်ထိ ရေရောက်နေပြီခုက”ဟုအင်းလေးဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ နောက်ဒေသခံတစ်ဦးကလည်း”အိမ်အောက်ထပ်တွေလဲရေဝင်ကုန်ပြီ၊ စိုက်ခင်းတစ်ချိူ့လည်းရေမြုပ်လို့ပျက်စီးသွားတာတွေလဲရှိတယ်”ဟု၎င်းကပြောသည်။ ဒီနှစ်အတွင်း…

ရွှေကျင်မြို့၊ ကုန်းမြင့်သာယာစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းနှင့် ရိက္ခာများရရှိထား

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊ ၂၀၂၄ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာရှေ့တန်းစစ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့်ရိက္ခာများရရှိထားကြောင်း စက်တင်ဘာ (၁)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာရှေ့တန်းစစ်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲ၊ PDFတပ်ရင်း (၃၇၀၂)၊ စစ်ဒေသခွဲ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅)၊ PDF Spring Warrior…

အမှန်တစ်ကယ်အကူအညီလိုအပ်နေသည့်မိသားစု(၁၄၂)စုအား MNDAA မှစားနပ်ရိက္ခာလှူဒါန်း

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊ ၂၀၂၄ လားရှိုးမြို့ရပ်ကွက်(၃)ခုရှိအမှန်တစ်ကယ်အကူအညီလိုအပ်နေသည့်မိသားစု(၁၄၂)စုအားဆန်နှင့်ဆီများသွားရောက်လှူဒါန်းပေးခဲ့ကြောင်းစက်တင်ဘာလ(၁)ရက်နေ့တွင်MNDAAထုတ်ပြန်ချက်အရသိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ခံများ၏အသက်မွေးဝမ်းကြောင်းပြန်လည်ထူထောင်ရေးနှင့် ရပ်ကွက်အသီးသီးရှိနေထိုင်သူများ၏အခြေခံဘဝအာမခံချက်ရရှိစေရန်အတွက် အမှန်တစ်ကယ်အကူအညီလိုအပ်နေသည့်မိသားစု(၁၄၂)စုအားဆန်နှင့်ဆီများသွားရောက်လှူဒါန်းပေးခဲ့သည်၊၊ ပြီးခဲ့သည့်ရက်ပိုင်းတွင် လားရှိုးမြို့ရှိသက်ဆိုင်ရာရပ်ကွက်တာဝန်ခံအသီးသီးမှ ရပ်ကွက်များတွင် တစ်အိမ်တက်တစ်အိမ်ဆင်းသွားရောက်ကြည့်ရှုသည့်လုပ်ငန်းစဥ်အတွင်း မိသားစုအချိူ့ထံ၌အရေးပေါ်အကူအညီများလိုအပ်နေသည်ကိုတွေ့ရှိရကြောင်းသိရသည်။ ထို့ကြောင့်သြဂုတ်လ(၃၁)ရက်နေ့တွင် MNDAA အဖွဲ့က လားရှိုးမြို့၏ရပ်ကွက်၄၊၅၊၆ရှိအလွန်ဒုက္ခရောက်နေသည့် မိသားစု(၁၄၂)စုထံသို့အစားအသောက်နှင့်အခြားကယ်ဆယ်ရေးပစ္စည်းများကို ပထမဆုံးအကြိမ် သွားရောက်ပေးဝေခဲ့ပြီး ရပ်ကွက် ၅ ဘုန်းကြီးကျောင်းရှိ သံဃာတော်(၄၅)ပါးကိုလည်းဆွမ်းဆန်ကပ်လှူခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။ လက်ရှိတွင် အလွန်ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများကို စိစစ်နေဆဲဖြစ်ပြီး…

ဆီဆိုင်မြို့နယ် နောင်မွန်အဝင်တွင် ပြည်သူ့စစ်ဂိတ်ဖွင့်ပြီး ဂိတ်ကြေးကောက်ခြင်းကြောင့်ဒေသခံအခက်ခဲဖြစ်နေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊ ၂၀၂၄ ဆီဆိုင်မြို့နယ် နောင်မွန် အဝင်တွင် နောင်မွန်ပြည်သူ့စစ်ကဂိတ်ဖွင့်ပြီးဖြတ်သန်း သွားလာသမျှကားများအား ငွေကောက်ခံနေကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင် ဟိုပုံးလမ်းမနောင်မွန်အ ဝင်ဟိုတိ(ဟိုတွူး)တွင် PNO ပြည်သူ့စစ်မဟုတ်သည့် နောင်မွန်ပြည်သူ့စစ်က ဒေသခံများထံ လာသမျှကားများအား ဂိတ်ကြေးဟုဆိုကာ ငွေကောက်ခံနေသည်။ “PNO တော့မဟုတ်ဘူး ဗမာတွေပဲ နောင်မွန်မြောက်အထွက်က (ဟိုတွူး) ဟိုတိ ညောင်ပင်အောက် ဟိုပုံးဆီဆိုင်မြို့နယ်အစပ်မှာ”…

တောင်ကြီးမြို့နယ်နောင်ကားမှ ညောင်ရွှေမြို့နယ်သို့သွားသည့်လမ်းတွင် PNO စခန်းလာချပြီး ရွာသားများကထမင်းပို့ပေးနေရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊ ၂၀၂၄ တောင်ကြီးမြို့နယ် နောင်ကားမှ ညောင်ရွှေမြို့နယ်သို့ သွားသည့်လမ်းတွင် PNO ပြည်သူ့စစ်မှစခန်းလာချထားပြီး အနီးအနားရှိရွာများက ထမင်းပို့ပေးနေရကြောင်း စက်တင်ဘာ ၁ ရက်နေ့တွင် ဒေသခံပြောကြားချက်အရသိရသည်။ တောင်ကြီးမြို့နယ် နောင်ကားမှ ညောင်ရွှေမြို့နယ်သို့သွားသည့်လမ်းတွင် PNO ပြည်သူ့စစ်က စခန်းလာချထားပြီး အနီးအနားရှိညောင်ခမ်းရွာ၊ (ဒုံတန်တယ်းခုဲင်း)တဲခဲရွာများကနေစဉ် ထမင်းပို့ပေးနေရပြီး ကုန်ဈေးနုန်းကြီးမားမှုနှင့် ရေရှည်စခန်းချထားပါက ရွာသားများအတွက် အခက်အခဲရှိနိုင်ကြောင်းသိရသည်။ “လူအယောက်သုံးလေးဆယ်အတွက်…

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးပြီးအသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးရေနစ်သေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၊ ၂၀၂၄ မိုးသည်းထန်စွာရွာသွန်းပြီး အောင်ပန်းမြို့ မြေနိမ့်ပိုင်းရေကြီးမှုအတွင်း အသက် ၇ နှစ်အရွယ် ဒုတိယတန်း တက်ရောက်သူ မသွန်းစုစုနိုင်က ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်နေ မသွန်းစုစုနိုင် အသက် ၇ နှစ်သည် သြဂုတ်လ ၃၀ ရက်နေ့ညတွင် ကျောင်းကနေအိမ်သို့ပြန်လာစဥ် အိမ်လှေကားပေါ်မှ ခြေချော်ပြီး အိမ်အောက်ရှိရေကြီးမှုအတွင်းပြုတ်ကျပြီး ရေမြောင်းကနေတဆင့်…

You missed