စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်မှုရှိပြီး နေအိမ်(၂)လုံး မီးလောင်ပျက်စီး
ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၆၊ ၂၀၂၅ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတွင် စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးကြောင့် အရပ်သားထိခိုက်မှုရှိပြီးနေအိမ်(၂)လုံးမီးလောင်ပျက်စီးခဲ့ရကြောင်း ဇန်နဝါရီလ(၁၆)ရက်နေ့တွင် DPLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ကျောက်ဂူတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားနှင့်နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း…