Tag: khamsarngor

ဘုရားဆင်းတုတော်များ၏ ဦးခေါင်းတော်များ ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး သတိထားသင့်သည့် ဘာသာရေး အမုန်းတရားလှုံ့ဆော်မှု

The People’s Voice – ခမ်းသားငေါဝ်း Fact Check ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဆုထူးပန်စေတီ၌ ဘုရားဆင်တုတော် အဆူဆူ၏ ဦးခေါင်းတော် များ ဖျက်ဆီးခံရမူနှင့် ပတ်သတ်၍ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တို့တွင် KNDF/KNPPနှင့် PDF တို့မှ ဖျက်ဆီးခဲ့ကြောင်းစွပ်စွဲ ဝါဒဖြန့်ထားပြီး အာဏာသိမ်း စစ်ကောင်စီတပ် မရှိပါက ဒီလိုအဖြစ်မျိုး များ ဖြစ်လာဖို့…

တောင်ကြီးမြို့တွင် အမှိုက်သိမ်းခ ၅၀၀ ကျပ် ကောက်ခံနေသဖြင့် စည်းကမ်းမဲ့ အမှိုက်ပစ်သူများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၄၊ ၂၀၂၄ ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ အမှိုက်ကန်များတွင် အမှိုက်သိမ်းခ ၅၀၀ ကျပ် ကောက်ခံနေသဖြင့် စည်းကမ်းမဲ့ အမှိုက်ပစ်သူ များကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းနေကြောင်း သိရသည်။ တောင်ကြီးမြို့ ၊ ထွန်းဆေးရုံလမ်းကြား၊ အနောက်မြို့ပတ်လမ်း ၁၆ ထပ်တိုက် အနီး၊ မြို့မစျေး အနီး၊ ကုန်သည်လမ်းပေါ် ၊ အမှိုက်ကန် ရှိသည့်…

ပေါင်းလောင်းတွင် စိုက်ခင်းများ ရေမြုပ်ပျက်စီးသွားသောကြောင့် စားဝတ်နေရေးအတွက် ပြည်သူများစိုးရိမ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၄၊ ၂၀၂၄ ပေါင်းလောင်းမြို့ရှိ ကျေးရွာများတွင် ရေကြီး၊ရေလျှံမှုကြောင့် စိုက်ခင်းများ ရေမြုပ်ပျက်စီးသွားပြီး စားဝတ်နေရေးအတွက် ပြည်သူများစိိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့ ရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုနှင့် ကြုံတွေခဲ့ရပြီး စိုက်ခင်း သုံးပုံတစ်ပုံခန့်ပျက်စီးသွားသောကြောင့် ဒေသခံများစားဝတ်နေရေးအတွက် စိုးရိမ်နေရသည်။ ” လယ်တွေဆိုရေမြုပ်တယ်၊ တောင်ယာတွေဆို မြေပြိုလို့ပျက်သွားတယ်၊ အခုမှပြန်စိုက်ရင်လည်းနောက်ကျနေပြီ၊ ဒီမှာက တောင်ယာလယ်ယာပဲလုပ်စားကြတာ၊…

PNO ပြည်သူ့စစ်က ကျောက်တလုံးမြို့ နောင်ယာဆိုင်းတွင် ပြည်သူ့စစ်သင်တန်းဆင်းအင်အားပြထပ်မံပြုလုပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ PNO ပြည်သူစစ်က အထူးဒေသ ၆ ခွန်ဖြားဗွာခမ်း အတွက် အင်အားပြ ပြည်သူ့စစ်သင်တန်းဆင်းပွဲကို အောက်တိုဘာ ၃ ရက်နေ့က ကျောက်တလုံးမြို့ နောင်ယာဆိုင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးကြီးမြို၊ ခွန်ဖြားဗွာခမ်း နောင်ယာဆိုင်း(သုဲင်)တွင် ပြုလုပ် သည့် PNOပြည်သူ့စစ်က အမှတ်စဥ်(၁) အခြေခံစစ်သင်သန်းဆင်းပွဲကို သင်တန်းသား(၇)ထောင်ကျော်ဖြင့်ပြုလုပ်ပြီး အခြေခံစစ်သင်တန်းမတက်ရောက်ရသည့်သူများလည်း ပါဝင်ခိုင်းကြောင်း…

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီမှနေ့စဥ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်များနေရပ်မပြန်ရဲသေး

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က နေ့စဥ်လက်နက်ကြီးပစ်ခတ်မှုပြုလုပ်နေသည့်အတွက်ကြောင့် စစ်ဘေးရှောင်ဒေသခံများက နေရပ်မပြန်ရဲကြသေးကြောင်းအောက်တိုဘာလ(၃)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက် ရှမ်း-ကယားနယ်စပ်တစ်ကျောတွင် စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ကျေးရွာဘက်သို့နေ့စဥ်ပစ်ခတ်လာမှုပြုလုပ်နေသည့်အတွက် စစ်ဘေးရှောင်များနေရပ်ပြန်ရန်အခက်အခဲရှိနေသည်၊၊ “လက်နက်ကြီးကနမ့်ဖာမူဖက်နဲ့ ကောင်ဆိုင်ရွာဘက်တွေမှာပိုကျတယ် ဒီရက်ပိုင်းအတွင်းက၊ ဗန်းမောက်ဘက်လည်းကျတယ်ပြောတယ် ရွာသားတွေကတော့ပြေးနေရတုန်းပဲ ပြန်လာလို့မရသေးဘူး လက်နက်ကြီးကရွာတွေထဲနေ့တိုင်းကျတော့ ပြန်မနေရဲသေးဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ဒီမိုကရေစီလှုပ်ရှားသူများနှင့် ပြည်သူများသေဆုံးမှု ၅၇၀၀ ဦးကျော်ထိရှိလာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ စစ်အာဏာသိမ်းချိန်မှစပြီး ယခုလအောက်တိုဘာလ ၂ ရက်ထိစစ်ကောင်စီ နှင့် လက်ပါးစေများကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းသေဆုံးသူ (၅၇၂၆) ဦး ရှိပြီးဖြစ်ကြောင်းနိုင်ငံ ရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားသည်။ ထို့အပြင် အာဏာသိမ်း ဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၅၀၂) ဦးရှိပြီး (၂၁၀၀၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ…

သံဃာတွေပါမကျန် သန်းခေါင်စာရင်းကောက်ယူနေခြင်းအပေါ်သံဃသမဂ္ဂ (မန္တလေး)အဖွဲ့မှ ကန့်ကွက်ရှုပ်ချ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ စစ်ကောင်စီသည် သံဃာတွေပါမကျန် သန်းခေါင်စာရင်းကောက်ယူနေခြင်းများလုပ်ဆောင်နေခြင်းအပေါ် သံဃသမဂ္ဂ (မန္တလေး)အဖွဲ့မှ အပြင်းအထန် ကန့်ကွက်ရှုပ်ချကြောင်း ထုတ်ပြန်ထားပါတယ်၊၊ မန္တလေးမြို့နယ် ကျောင်းတိုက်အချို့ကို စက်တင်ဘာလ ၂၈ ရက်နေ့တွေမှာ စစ်ကောင်စီ လက်အောက်ခံ (မ.ဟ. န ) အဖွဲ့မှ ကျောင်းထိုင်ဆရာတော်တွေ ပူးပေါင်းပါဝင်ဖို့ စာထုတ်ညွှန်ကြားနေခြင်းကို သံဃသမဂ္ဂ (မန္တလေး) မှ အောက်တိုဘာလ…

သုံးရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ​(၄)သေဆုံး (၁၁)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ သီပေါမြို့ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ​(၄)သေဆုံး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲတစ်လအတွင်း တအာင်းဒေသရှိပြည်သူ ၂၆ ဦးသေဆုံး၊ ၄၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်၊၊ တအာင်းဒေသ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ ပြည်သူများကို…

စစ်ပွဲဖြစ်ပေါ်နေသည့်ဒေသများအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် ပြည်သူများအ‌နေဖြင့် ဘေးအန္တာရာယ်ကင်းစေရန် (NUG)မှ အသိပေးထုတ်ပြန်

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ စစ်ပွဲများဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် နေအိမ်သို့ ပြန်သွားလျှင် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများက ဘေးကင်းလုံခြုံကြောင်း ကြေငြာပြီးမှသာလျှင် နေရပ်သို့ပြန်ရန် အရေးကြီးကြောင်း (NUG) မှ အောက်တိုဘာလ (၂)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်ပိုင်း မိုးကြီးရေလျှံခြင်းကြောင့် မြေလွှာသည် စိုစွတ်‌ပျော့ပျောင်းပြီး ပိုမိုလွယ်ကူစွာ ရွေ့လျားခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ကာ မြှုပ်နှံထားသောပစ္စည်းများ မြေပြင်ပေါ်သို့…

ခေါင်းနွဲ့ရွာတွင်ရေဘေးကြောင့် တကယ့်ဆုံးရှုံးခံရသူထံ ကူညီထောက်ပံ့ပစ္စည်းမရောက်ရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၄ ခေါင်းနွဲ့ရွာတွင် ရေဘေးသင့်ပြည်သူများကို အလှူ ရှင်များက လာရောက်ထောက်ပံ့ရာ အညီအမျှမရရှိကြောင်း ဒေသခံတချို့ထံမှ သိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်မြို့နယ် ခေါင်းနွဲ့ရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်က အလှူရှင်အဖွဲ့များက အရေးပေါ် အိမ်ထောင်စု ၂၀ အတွက် လာရောက်ထောက်ပံ့ရာတချို့နာမည်ပါသော်လည်း ထောက်ပံ့ပစ္စည်းမရရှိကြောင်း ဒေသခံထံ သိရှိရသည်။ “တမြန်နေ့က ခမ်းရင်သားအဖွဲ့က ပိုပြီးလိုအပ်တဲ့…

You missed