Tag: ခမ်းသားငေါဝ်း

မောက်မယ်မြို့နယ် ရန်ကင်းရွာဒေသခံသုံးဦးမိုင်းနင်းမိ ပြင်းထန်ဒဏ်ရာရရှိ

———————- ခမ်းသားငေါဝ်း၊ ဧပြီ ၁၉၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ် PNLOထိန်းချုပ်ရာနယ်မြေ မောက်မယ်မြို့နယ်ရှိ ရန်ကင်းကျေးရွာဒေသခံသုံးဦးသည် တောင်ယာသွားစဥ် နမ့်ပါတက်ရွာအနောက်ဖက်အရောက်တွင် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဧပြီလ၁၉ရက်နေ့တွင်သိရသည်။ ဧပြီလ၁၈ရက်တွင် တောင်ယာသွားစဥ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး ၈လသား ကလေးတစ်ဦးအပါအဝင်…

အခွန်ခပေးဆောင်ပြီး ရေရှည်လောင်းကစားပွဲပြုလုပ်သည့်နေရာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ သွားရောက်ချိန်တွင် လောင်းကစားဝိုင်းများမတွေ့ရှိရဟုဆို

ခမ်းသားငေါဝ်း၊ ဧပြီ ၁၂၊ ၂၀၂၃ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ မြင်းဝန်းကျေးရွာတွင် အခွန်ခပေးဆောင်၍ လောင်းကစားဝိုင်းများပြုလုပ်ခွင့်ရနေရာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဥက္ကဌများ သွားရောက် ကွင်းဆင်းစစ်ဆေးရာတွင် လောင်းကစားဝိုင်းများ မတွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ လောင်းကစားဝိုင်းများရပ်နားသိမ်းဆည်းပြီးနောက် ကျေးရွာလူအချို့ဖြင့် အစီးအဝေးပြုလုပ်ချိန်တွင် မြို့နယ်ဆိုင်ရာအုပ်ချုပ်ရေးဥက္ကဌအဖွဲ့များလာရောက်သွားစစ်ဆေးခြင်းဖြစ်ကြောင်း…

ကန့်ဘလူ ပဇီကြီးရွာကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်ရာ ပြည်သူများစွာသေဆုံး

ခမ်းသားငေါဝ်း၊ ဧပြီ ၁၁၊ ၂၀၂၃ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဥ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများစွာ သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရNUGမှ ဧပြီ၁၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက်…

လောင်းကစားပွဲတော်အဆင့်ထိ နေ့စဥ်ကျင်းပနေသောကြောင့် ဒေသခံများ ကလောင်းကစားကြေးကျွန်အဖြစ်သို့ ရောက်ရှိနေ

ခမ်းသားငေါဝ်း၊ ဧပြီလ ၉၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တောင်ပိုင်း မြင်းဝန်းကျေးရွာတွင် လောင်းကစားပွဲတော်အဆင့်ထိနေစဥ်ကျင်းပပြုလုပ်နေခြင်းကြောင့် ကလေးသူငယ်အပါအဝင်ဒေသခံများက လောင်းကစား၏ ကြေးကျွန်အဖြစ်သို့ရောက်ရှိနေပြီး ဖြစ်ကြောင်း ဧပြီလ ၉ ရက်နေ့တွင်သိရသည်။ လောင်းကစားဝိုင်းများသည် ကျေးရွာဘုန်းကြီး ကျောင်း ရန်ပုံငွေအကြောင်းပြကာ…

လက်ဖက်ခြောက်စျေးရှိသော်လည်း စားသောက်ကုန် အဆမတန်စျေးတက်ခြင်းကြောင့် လက်ဖက်တောင်သူများအတွက် တွက်ခြေမကိုက်

ခမ်းသားငေါဝ်း၊ ဧပြီ ၉၊ ၂၀၂၃ ယခုနှစ် ပင်လောင်းမြို့နယ်ထွက် လက်ဖက်စျေး ရှ်သော်လည်း စား‌သောက်ကုန်စျေးများ အဆမတန်မြင့်တက်လာခြင်းကြောင့် လက်ဖက်တောင်သူများတွက်ခြေမကိုက်ဘဲဖြစ်နေကြောင်း ဧပြီလ ၉ ရက်နေ့ကသိရသည်။ ယခင်နှစ်တွင်လက်ဖက်ခြောက်တစ်ပိဿာကို ၄၀၀၀ ကျပ်ခန့်သာရရှိပြီး ယခုနှစ်တွင်လက်ဖက် ခြောက်တစ်ပိဿာကို ၉၀၀၀၊…

ဖယ်ခုံနဲ့ ပင်လောင်းဒေသတွင်း တိုက်ပွဲတွေကြောင့် ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း၊ ဧပြီ ၈၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်လို့ ဒေသခံတွေဟာ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြပြီး သွားရေးလာရေးနဲ့ စာနပ်ရိက္ခာအခက်အခဲတွေ ရင်ဆိုင်နေရကြောင်း သိရှိရပါတယ်။ ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ် အစပ်နားမှာရှိနေတဲ့ ကျေးရွာတွေအပြင် ဖယ်ခုံမြို့အနောက်ဘက် ခေါင်းအိကျေးရွာအနီးမှာလည်း…

ပင်လောင်းတွင် တေားမီးလောင်မှုမှတစ်ဆင့် လက်ဖက်ခြံများမီးလောင်ပျက်စီး

ခမ်းသားငေါဝ်း၊ ဧပြီ ၇၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားဒေသ တကူးမို့ရွာတွင် တောမီးလောင်ရာမှတစ်ဆင့် ဒေသခံ၏ လက်ဖက်ခြံများပါ မီးလောင်ပျက်စီးခဲ့ကြောင်း ဧပြီလ ၇ရက်နေ့တွင်သိရသည်။ မတ်လ၂၇ရက်နေ့ညတွင် တောမီးလောင်မှုမှတစ်ဆင့် လက်ဖက်ခြံ၆ခြံပါမီးလောင်သွားခဲ့ပြီး လက်ဖက်ပင်ပေါင်း ၃၀၀၀မနည်း မီးလောင်ပျက်စီးခဲ့ရသည်။…

ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လောင်းတွင် စစ်ဘေးရှောင်လာသူ သက်ကြီးရွယ်အိုဖျားနာသူ ပိုများလာ

ခမ်းသားငေါဝ်း၊ ဧပြီလ -၆၊ ၂၀၂၃ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းတွင် ရာသီဥတုပြောင်းလဲမှုကြောင့် စစ်ဘေးရှောင်လာသူ သက်ကြီးရွယ်အို ဖျားနာသူပိုများလာကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် စစ်ဘေးရှောင်သူထဲမှ အသက်အရွယ်ကြီးသည့် ဘိုးဘွားများက ဖျားနာမှု ၊နှာစေးချောင်းဆိုးမှုဖြစ်ပွားသူများလာကြောင်း သိရသည်။ “အခု…

ပအိုဝ်းအမျိုးသားအလံကို PNO ပါတီအလံအဖြစ်အသုံးပြုခြင်းအား ကန့်ကွက်သူရှိသောကြောင့် ပြန်လည်ပြင်ဆင်ရ

ခမ်းသားငေါဝ်း၊ ဧပြီ ၆၊ ၂၀၂၃ ပအိုဝ်းအမျိုးသားအလံကို PNO ပါတီအလံအဖြစ်အသုံးပြုခြင်းအား ကန့်ကွက်သူရှိသည့်အတွက် ပြန်လည်ပြင်ဆင်ပေးပို့ရန် စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အကြောင်းခဲ့ကြောင်း သိရသည်။ PNO ပါတီအလံ၊ ပါတီအမည်၊ တံဆိတ်တို့အားကန့်ကွက်လိုပါက ၇ ရက်အတွင်းကန့်ကွက်နိုင်ကြောင်းနေ့စဉ်ထုတ်…

ကဒူးကြီးဒေသ PNLAနှင့်RCSS/SSA တိုက်ပွဲ ဖြစ်ပွားပြီး စစ်ရေးတင်းမာနေဆဲ

ခမ်းသားငေါဝ်း၊ ဧပြီလ ၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ထိန်းချုပ်နယ်မြေ ကဒူးကြီးဒေသအတွင်း ဧပြီလ(၃)ရက်နေ့တွင် PNLA နှင့် RCSS တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကနေ့ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်းသိရသည်။ “ခုလက်ရှိကတော့ တင်းမာနေဆဲပါ၊လက်နက်ကိုင်အဖွဲ့အစည်းဆိုတော့လည်းကိုယ်စီပြင်ဆင်နေကြပါတယ်၊ကျွန်တော်တို့အဖွဲ့ရော သူတို့အဖွဲ့ရောပေါ့နော်၊အဓိက…