Tag: ခမ်းသားငေါဝ်း

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) ဖွဲ့စည်းတည်ထောင်ကြောင်း အသိပေး

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၉၊၂၀၂၃ ဓနုလူငယ်များနှင့် ဒေသတွင်းရှိပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ​စုပေါင်း၍ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်ဒေသအခြေစိုက်တစ်နေရာတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)ကို ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း ဇူလိုင်လ၂၉ ရက်နေ့တွင် ထုတ်ပြန်အသိ‌ပေးပါသည်။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် ဘုံရန်သူစစ်ကောင်စီအုပ်စုကို အမြစ်ဖြတ်ချေမှုန်းရန် နှင့် ဘုံရည်မှန်းချက်တူညီသည့် မည်သည့်အဖွဲ့အစည်းမဆိုပူးပေါင်းတော်လှန်သွားမည်​ဖြစ်ကြောင်းဆိုပါသည်။ ”…

ဆိုက်ခေါင် စံပြကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှု တရားခွင်တွင်စတင်စစ်ဆေး

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြိုနယ် ဆိုက်ခေါင်စံပြကျေးရွာအတွင်း ပြီးခဲ့သည် ဇွန်လ ၂၉ရက်နေ့တွင် သက်ငယ်မုဒိန်းမှုဖြစ်ပွားခဲ့ပြီး ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထိုအမူကို ဟိုပုံးခရိုင်တရားရုံးမှ ရုံးချိန်းဆင့်ခေါ်ပြီး အမှုစတင်စစ်ဆေးပြီဖြစ်ကြောင်း သိရသည်။ ဆိုက်ခေါင်စံပြကျေးရွာ…

ပင်လောင်းတောင်ပိုင်းတွင် ဒေသခံပြည်သူ့စစ်အဖွဲ့က စစ်သားစုဆောင်းမှုများရှိနေ

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၇၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ပိုင်း‌ဒေသရှိ ကျေးရွာများတွင် ဒေသခံများကို ဒေသခံပြည်သူ့စစ်အဖွဲ့က စစ်သားအတင်းအဓမ္မစုဆောင်းမှုများရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ဒေသခံပြည်သူ့စစ်အဖွဲ့သည် ကျေးရွာတစ်ရွာတွင်လူ ၄ ယောက် ပေးရမည်ဖြစ်ပြီး မပေးသည့်ကျေးရွာများကို ကျေးရွာထဲရှိအိမ်များအား…

အင်းလေးဒေသတွင် စစ်ဆေးရေးတင်းကြပ်ပြီး အချိန်ကန့်သတ်မှုများကြောင့် စျေးပတ်လိုက်သူများအခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၇၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ အနောက်ဘက်ကမ်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်ပြီး အချိန်ကန့်သတ်ထားသောကြောင့် စျေးပတ်လိုက်သူများအတွက် အခက်အခဲဖြစ်ရကြောင်း စုံစမ်းသိရှိရသည်၊၊ စျေးပတ်လိုက်သူများသည် နံနက်အစောပိုင်းတွင် သွားလာရပြီး ယခုရက်ပိုင်း စစ်ကောင်စီတပ်က နံနက်…

ခမ်းသားငေါဝ်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းတောင် ရွာငံမြို့နယ်ရှိ နေ့စားအလုပ်လုပ်ကိုင်သူအများစုသည် အလုပ်အကိုင်ရှားပါးလာပြီး တဖက်တွင်လည်း ကုန်စျေးနှုန်းများမြင့်တက်လာမှုကြောင့် စားဝတ်နေရေးခက်ခဲလာကြောင်း သိရသည်။ အာဏာသိမ်းပြီး ၃ နှစ်နီးပါးရှိလာချိန်တွင် ပြည်တွင်းကုန်စျေးနှုန်းမတည်ငြိမ်မှု‌ကြောင့် နေ့စားအလုပ်သမားများသည် လုပ်အားခနှင့် အသုံးစရိတ် ဖူလုံမှုမရှိတော့ဘဲ အခက်အခဲကြုံတွေ့ရကြောင်း ဇူလိုင်…

စစ်ကောင်စီထုတ်‌မည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို အမျိုးသားညီညွတ်ရေးအစိုးရက တရားမဝင်ငွေစက္ကူများအဖြစ် ထုတ်ပြန်

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၇၊၂၀၂၃ စစ်ကောင်စီထုတ်‌မည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ဇူလိုင်လ(၂၃)ရက်နေ့တွင် စစ်ကောင်စီက လာမည့်ဇူလိုင်လ(၃၁)ရက်နေ့ကစပြီး နှစ်သောင်းကျပ်တန်ငွေစက္ကူကို ထုတ်ဝေမည် ဟု ကြေညာထားပြီး ထိုငွေနှစ်သောင်းကျပ်တန်ကို…

ဇွန်လအတွင်း စစ်ကောင်စီတပ်သား ၄၁၇ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရမိဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ဆို

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၆၊၂၀၂၃ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ(၁)လအတွင်း စစ်ကောင်စီတပ်သား ၄၁၇ဦးသေဆုံးပြီး လက်နက်အများအပြားသိမ်းဆည်းရမိကြောင်း ဇူလိုင် ၂၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။ စစ်ဒေသ(၁)နယ်မြေများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊မန္တလေးတိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် တိုက်ပွဲပေါင်း ၃၇၄ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်သား…

PDFအပါအဝင် တော်လှန်ရေးပြုလုပ်နေသူများ တွေ့ရှိပါက အကြောင်းကြားသတင်းပေးရန် ဒေသခံများအားခေါ်ပြော

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၅၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ၊ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုရှိ အင်းကြီးကျေးရွဘုန်းကြီးကျောင်း တွင် PDF အပါအဝင် တော်လှန်ရေးပြုလုပ်နေသူများကို တွေ့ရှိပါက အကြောင်းကြားသတင်းပေးကြရန် စစ်ကောင်စီနှင့် လက်အောက်ခံများက အစည်းအဝေးခေါ်ပြောခဲ့ကြောင်း သိရှိရပါသည်။ အစည်းအဝေးပွဲကို ဇွန်လိုင်လ ၂၄…

စစ်တပ်သိမ်းမြေယာထဲရှိ လက်ဖက်ပင်များ တစ်ပင်ကို၂၀၀ ကျပ် အခွန်ပေးဆောင်ရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၅၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ရင်းမှီးကျေးရွာ အနောက်ဖက် နှင့် အရှေ့ဖက်ရှိ စစ်တပ်သိမ်းဆည်းမြေယာများအတွင်း ရှိနေသည့်လက်ဖက်ပင်များကို တစ်ပင်လျှင်ငွေ ၂၀၀ ကျပ် အခွန်ပေးဆောင်မှသာ လက်ဖက်ညွှန့်များခူးယူခွင့်ရှိမည်ဖြစ်ကြောင်း ဇူလိူင်လ၂၅ရက်‌‌နေ့က သိရသည်။ “လက်ဖက်တွေကတော့ အရင်ဘိုးဘွားလက်ထက်ကတည်းကစိုက်ထားတာ…

နှစ်သောင်းတန် ထုတ်မည်ဟုစစ်ကောင်စီကြေငြာပြီးနောက် ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာမည်ကို ပြည်သူစိုးရိမ်

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၄၊ ၂၀၂၃ စစ်ကောင်စီ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေကျပ် ၂၀၀၀၀တန်အသစ်ကို ဇူလိုင်လ ၃၁ ရက်တွင်စတင်ထုတ်ဝေမည်ဟု ကြေညာပြီးနောက်ပိုင်း ကုန်စျေးနှုန်းများထပ်မံမြင့်တက်လာမည်ကို ​ပြည်သူ များစိုးရိမ်လျက်ရှိနေပါသည်။ ” အရင်ကဆို မိသားစုအတွက်စျေးရောင်းပြီး ဖူဖူလုံလုံလေးရှာကျွေးနိုင်တယ်၊အခုကုန်စျေးနှုန်းကလည်းတက်၊ ဆန်စျေးဆီစျေးလည်းတက်…

You missed