ကုန်ဈေးနူန်းအဆမတန်မြင့်တက်လာမှုကြောင့် ပြည်သူများအခက်ခဲမျိုးစုံကြုံတွေ့လာ
ခမ်သားငေါင်း ဩဂုတ် ၁၈၊ ၂၀၂၃ ကျပ်နှစ်သောင်းတန်ထုတ်ပြီးနောက် မြန်မာနိုင်ငံ တွင် ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာပြီး ပြည်သူများစားဝတ်နေရေးအခက်ခဲမျိုးစုံကြုံတွေ့လာရကြောင်းသိရသည်။ ထိုင်းနိုင်ငံတွင်အလုပ်သွားလုပ်ပြီရသည့်လုပ်အားခနှင့် မြန်မာနိုင်ငံရှိ မိသားစုစားဝတ်နေရေး ဖြေရှင်းရာတွင် ဖူလုံမှုမရှိတော့ပဲအခက်ကြုံနေကြရသည်။ “အရင်နှစ်တွေကသမီးငွေတစ်သိန်းလွဲလာရင်တစ်လစာ လုံလောက်တယ် ။ ဆန်ကတစ်အိတ် ခြောက်သောင်းဆို…