Category: သဘာဝဘေး

မိုးကြီးလေပြင်းတိုက်ခတ်မှုကြောင့် လွယ်ဆောင်ရွာ လူနေအိမ် ၅ လုံးထက်မနည်းပျက်စီး

ခမ်းသားငေါဝ်း မေလ ၁၇၊ ၂၀၂၄ မိုးကြီး လေပြင်းတိုက်ခတ်မှုကြောင့်လွယ်ဆောင်ရွာလူ နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊တောင်ရှေ့ကျေးရွာအုပ်စု၊လွယ်ဆောင်ရွာတွင် မေလ ၁၆ ရက်နေ့ညနေပိုင်းက မိုးကြီးလေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ်ပျက်စီးခဲ့ရကြောင်း သိရသည်။ “လုံးဝပျက်စီးတာက တစ်အိမ်၊အမိုးပျက်စီးတာ တစ်အိမ်၊ကျန်တာအသေးစားပျက်စီးတာ များတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။ လေပြင်းပြင်းထန်ထန် တိုက်ခတ်သဖြင့် သစ်ပင်ကြီးများ အိမ်ပေါ် ပြိုလဲ…

ဟိုပုံးမြို့နယ် ကုန်းညောင်ရွာတွင် မိုးကြီးလေပြင်းကြောင့် အိမ်နှစ်လုံးပြို၊လူတစ်ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း မေ ၁၅၊ ၂၀၂၄ ဟိုပုံးမြို့နယ် ကုန်းညောင်ရွာတွင် မိုးကြီး လေပြင်းတိုက်ခိုက်ခြင်းကြောင့် အိမ်နှစ်လုံး ပြိုကျပျက်စီးပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ဟိုပုံးမြို့နယ် ၊ လဲသက်ကျေးရွာအုပ်စု ကုန်းညောင်ရွာတွင် ယနေ့ည ၃ နာရီကျော်အချိန်တွင် မိုးကြီးလေပြင်းတိုက်ခိုင်ပြီး လူနေအိမ်ပျက်ဆီးခဲ့သည်။ “လူတစ်ဦးဒဏ်ရာရတယ်။အိမ်အပေါ်က သစ်သူ့ခေါင်းပေါ် ကျပြီး ဒဏ်ရာရသွားတယ်။ သွေးက များနေတော့ မိုင်းပျဥ်းဆေးရုံပြပြီး…

တောင်ကြီးမြို့ ရွှေရည်နု လက်ဖက်ရည်ဆိုင် မီးလောင်မှုဖြစ်ပွား

ခမ်းသားငေါဝ်း မေလ ၁၄၊ ၂၀၂၄ တောင်ကြီးမြို့၊ ဟော်ကုန်း ရပ်ကွက် ရွှေရည်နု လက်ဖက်ရည်ဆိုင်ကို မေလ ၁၄ ရက်ည ၇ နာရီအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊တောင်ကြီးမြို့ မြတ်လေးလမ်းရှိ ဆိုလာသောက် ရေသန့်စက်ရုံနံဘေး ရွှေရည်နု လက်ဖက်ရည်ဆိုင် မီးလောင်ခြင်းကြောင့် လူသူ ထိခိုက်မှု မရှိသော်လည်း၊ နေအိမ် တစ်လုံး မီးလောင်…

ယမ်းထောင်းရာမှယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပြီး နေအိမ်မီးလောင်၍ အမျိုးသား ၃ ဦးပြင်းထန်ဒဏ်ရာရ

ခမ်းသားငေါဝ်း မေ ၁၄၊ ၂၀၂၄ အောင်ပန်းမြို့တွင်၊ ရိုးရာမီးလုံးပွဲအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁ လုံးမီးလောင်သွားကာ အမျိုးသား ၃ ဦးဒဏ်ရာရသွားကြောင်း အောင်းပန်းနာရေးကူညီမှုအသင်းမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၌ မေလ ၁၃ ရက်နေ့ ည ၂ နာရီခန့်တွင် မီးလုံးပြုလုပ်ရန်ယမ်းထောင်းရာမှ မတော်တဆပေါက်ကွဲမှုဖြစ်ပွားကာ နေအိမ် ၁ လုံးမီးလောင်သွားပြီး အမျိုးသား…

အောင်ပန်းမြို့တွင် အမျိုးသားတစ်ဦးကျောက်တောင်ပေါ်မှ မတော်တဆပြုတ်ကျ သေဆုံး

ခမ်းသားငေါဝ်း မေ ၇၊ ၂၀၂၄ အောင်ပန်းမြို့အနီး၊ ကျောက်ဆင့်ကျေးရွာ၌ အသက် ၇၆ နှစ်အရွယ်အမျိုးသားတစ်ဦး နွားစာရှာရာမှ ကျောက်တောင်ပေါ်က မတော်တဆ ပြုတ်ကျပြီးသေဆုံးသွားကြောင်းအောင်ပန်းနာရေးကူညီမှုအသင်းထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်မှီကျေးရွာအုပ်စု ကျောက်ဆင့်ရွာနေအသက် ၇၆ နှစ်အရွယ် ဦးသန်းသည် မေလ ၅ ရက်ကရွာမြောက်ဖက်အနီး ၁၈ ပေခန့်အမြင့်ရှိသော ကျောက်တောင်ပေါ် သို့တက်၍ နွားစားရှာရင်း ဒန့်တကူး ပန်းခူးခဲ့ရာ သစ်ကိုင်းကြိုးကျသွားပြီး…

ဖယ်ခုံမြို့နယ်တွင် မိုးကြီးပြီး လေပြင်းတိုက်သဖြင့် စစ်ဘေးရှောင်တဲများပျက်စီး၊ မိုးကာအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း မေ ၄ ၊ ၂၀၂၄ ဖယ်ခုံမြို့နယ်တွင် မိုးကြီးလေပြင်းတိုက်သဖြင့် စစ်ဘေးရှောင်တဲများပျက်စီးသွားပြီး မိုးကာ အရေးပေါ်လိုအပ် လျက်ရှိကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် မေလ ၂ ရက်နေ့ညက မိုးကြီးပြီး လေပြင်းပါတိုက်ခြင်းကြောင့် စစ်ဘေးရှောင်တဲများပျက်စီးခဲ့ရပြီး ပြန်လည်တည်ဆောက်ရန် မိုးကာအရေးပေါ်လိုအပ်နေသည်၊၊ “တဲထဲပစ္စည်းတွေလည်းစိုကုန်တယ်။ မိုးကာဆို တစ်နှစ်တစ်ခါ လဲရတယ်။ ခုမိုးကာတွေကလည်း ဆွေးပြီဆိုတော့ မိုးရွာ လေပြင်းတိုက်တော့…

မိုးကောင်းတောင်ရွာ မိုးကြီးပြီးလေပြင်းတိုက်ခြင်းကြောင့် လူနေအိမ် ၁၀ လုံးထက်မနည်းပျက်စီး

ခမ်းသားငေါဝ်း မေ ၃ ၊ ၂၀၂၄ မိုးကောင်းတောင်ရွာတွင် မိုးကြီးပြီးလေပြင်းတိုက်သဖြင့် လူနေအိမ် ၁၀ လုံးထက်မနည်း အမိုးလန် ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကျောက်ထပ်ကျေးရွာအုပ်စု၊ မိုးကောင်းတောင်ရွာတွင် မေလ ၂ ရက်နေ့ည ၅ နာရီအချိန်တွင် မိုးကြီး လေပြင်းတိုက်ခြင်းကြောင့် နေအိမ် ၁၀ လုံးထက်မနည်းပျက်စီးခဲ့သည်၊၊ “လေအရင်တိုက်ပြီး၊ မိုးကြီးတာ ၊…

ဆီဆိုင်မြို့ပြန်နေသူများ လျှပ်စစ်မီး၊ ရေ အခက်ခဲရှိနေသေး ဟုဆို

ခမ်းသားငေါဝ်း မေ ၂ ၊ ၂၀၂၄ ဆီဆိုင်မြို့သို့ပြန်နေသူများ လျှပ်စစ်မီး၊ ရေများ မရသဖြင့် အခက်အခဲများဖြစ်နေရသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲငြိမ်သက်နေပြီဖြစ်သောကြောင့် နေအိမ်သို့ပြန်နေသူအချို့ရှိနေပြီဟုသိရသည်၊၊ “ခုမြို့ထဲမှာက လျှပ်စစ်မီးလည်းမရဘူး၊ ရေအခက် အခဲလည်းရှိတယ်၊ ဖုန်းလိုင်းလည်းတစ်ချို့နေရာဆို မရသေးဘူး၊ ရိက္ခာဝယ်ယူဖို့ လည်းအလွယ်တကူမရတော့ဘူး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုလည်းမရှိ ပြီးတော့ စက်သုံးဆီတွေလည်းမရှိတော့ အဆင်မပြေနေဘူး ပြန်နေရတာ” ဟုဒေသခံအမျိုးသားတစ်ဦးက…

အချိန်အခါမဟုတ် မိုးထင်ချုန်းရွာသွန်းနိုင်သည့်အတွက် ပြည်သူများသတိပြုရန် မိုးဇလ သတိပေး

ခမ်းသားငေါဝ်း မေ ၁ ၊ ၂၀၂၄ အနောက်ဘက်မှ ရွှေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်း၊မေ လ ၃ ရက်နေ့မှ ၅ ရက်နေ့အတွင်း မိုးရွာသွန်းနိုင်ပြီး ပြည်သူများကြိုတင်သတိပြုနိုင်ရန် စစ်ကောင်စီ မိုးလေဝသနှင့် ဇလဗေလ ညွန်ကြားမှူးဦးစီးငှာနက သတိပေးထားသည်။ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း လျှပ်စီးလျက်ခြင်း၊ မိုးသီးကြွေခြင်း တို့ဖြစ်ပေါ်နိုင်ပြီး…

အောင်ပန်းမြို့တွင် လူစောင့်မရှိဘဲ ထမင်းအိုးတည်ထားခဲ့ရာမှမီးလောင်ပြီး နေအိမ် (၃) လုံးကူးစက်လောက်ကျွမ်း

ခမ်းသားငေါဝ်း ဧပြီ ၆ ၊ ၂၀၂၄ အောင်ပန်းမြို့ တွင် လူစောင့်မရှိဘဲ ထမင်းအိုးတည်ထားခဲ့ရာမှမီးလောင်ပြီး နေအိမ်(၃) လုံးမီးကူးစက်လောင်ကျွမ်းသွားကြောင်း အောင်ပန်းနားရေးကူညီမှုအသင်းထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ပြည်ကျော်ရပ်ကွက် view point (2) အောက်ဘက် သံလမ်းအနီး ဧပြီ ၅ ရက်နေ့တွင် လူစောင့်မရှိဘဲ ထမင်းအိုးတည်ထားခဲ့ရာ အနီးရှိသုံးထပ်သားပြားသို့ မီးကူးစက်သွားပြီး သွပ်မိုး၊ ပျဥ်ကာ…