Category: သဘာဝပတ်ဝန်းကျင်/ခရီးသွား

(၆)နှစ်ကြာရပ်နားထားသည့် အမှတ်(၂)ပင်းပက်သံမဏိစက်ရုံ စစ်ကောင်စီမှ ပြန်လည်လည်ပတ်မည်ကို ‌ဒေသခံလူထုများ အလိုမရှိ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၊၂၀၂၃ (၆)နှစ်ကျော်ကြာရပ်နားထားသည့် အမှတ်(၂)ပင်းပက်သံမဏိစီမံကိန်းအား စစ်ကောင်စီမှပြန်လည် လည်ပတ်မည်ကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO)နှင့် ‌ဒေသခံလူထုများက အလိုမရှိကြောင်း ပြောဆိုထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ်းဆီးကျေးရွာအုပ်စုအတွင်းရှိ အမှတ်(၂)ပင်းပက်သံမဏိစက်ရုံသည် (၆)နှစ်ကျော်ကြာ ရပ်နားထားရာမှ စစ်ကောင်စီက ပြန်လည်လည်ပတ်မည်ကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO)နှင့် ‌ဒေသခံလူထုများက အလိုမရှိကြောင်း ယနေ့နိုဝင်ဘာလ (၁)ရက်နေ့တွင်သိရသည်။ ယခုချိန်တွင် သံရည်ကြိုသည့်အလုပ်ရုံ(၂၂)ရုံရှိသည့်အနက် (၁၉)ရုံသည် စမ်းသပ်လည်ပတ်နေပြီဖြစ်ပြီး…

မြေစာပုံများနှင့် ဗြွက်ထပျက်စီးနေသည့် ကျောက်မီး သွေးမိုင်းတွင်းလမ်း သွားလာရေးအခက်အခဲကြုံတွေ့‌နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊၂၀၂၃ မြေစာပုံများနှင့် ဗြွက်ထပျက်စီးနေသည့် ကျောက်မီးသွေးမိုင်းတွင်းလမ်းကို ဖြတ်သန်းသွားလာနေရသည့် ဒေသခံများ သွားလာရေး လမ်းအခက်အခဲကြုံတွေ့‌နေရကြောင်း ဒေသခံများထံမှသိရသည်။ ပင်လောင်းမြို့နယ် တီကျစ်မြို့ အရှေ့ဘက်ရှိကျေးရွာများမှ ဒေသခံများသည် မြေစာများနှင့် ဗြွက်ထပျက်စီးနေသည့် ကျောက်မီးသွေးမိုင်းတွင်းလမ်းကို ဖြတ်သန်းသွားလာရသဖြင့် သွားလာရေး လမ်းအခက်အခဲ ကြုံတွေ့‌နေရခြင်း ဖြစ်သည်။ တောင်ပို့လရွာ၊ ပင်မှီကုန်းရွာမှ ဒေသခံများသည် တီကျစ်မြို့သို့သွားလာရာတွင် မိုင်းတွင်းကို ဖြတ်သွားရပြီး မိုးရာသီတွင်…

မူဆယ်မြို့နယ်၊ စယ်လန့်ရှိ သမိုင်းဝင်ရှေးဟောင်းမြို့ရိုးဖြိုချဖျက်ဆီးမှုအပေါ် ထိရောက်စွာအရေး ယူပေးရန် အရပ်ဖက်အဖွဲ့အစည်း (၄၀)တောင်းဆို

ခမ်းသားငေါဝ်း ဩဂုတ် ၁၇၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊စယ် လန့်ရှိ သမိုင်းဝင်ရှေးဟောင်းမြို့ရိုးအား ဘူဒိုဇာဖြင့်ဖြိုချဖျက်ဆီးမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း နှင့်ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန် ပြည်တွင်း/ပ ရှိ ရဟန်းသံဃာများနှင့်အရပ်ဖက် အဖွဲ့အစည်း ၄၀ က တောင်းဆိုလိုက်သည်။ သမိုင်းဝင်ရှေးဟောင်းမြို့ရိုးအား ဩဂုတ်လ ၇ ရက်နေ့ ညနေပိုင်းတွင် PSLF/TNLAတပ်ဖွဲ့ဝင်များမှ ဖြိုချဖျက်စီးခဲ့ခြင်းဖြစ်ပြီး ဌာနေတိုင်း ရင်းသားများနှင့် ဒေသခံများတားမြစ်သည်ကို အလေးထားခြင်းးမရှိဘဲ ဖျက်စီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ”…

မိုးရာသီတွင်းဖြစ်နေသော်လည်း ဒီမော့ဆိုအနောက်ဘက်ခြမ်းတွင် သောက်သုံးရေရှားပါးနေဆဲ

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၃၊၂၀၂၃ ကရင်နီ(ကယား)ပြည်နယ် ဒီမော့ဆိုအနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ဒေသခံများနှင့် စစ်ဘေးရှောင်လာသည့် စစ်ရှောင် ၄၀၀၀ ကျော်တို့အပါ မိုးရာသီဖြစ်နေသော်လည်း သောက်သုံးရေရှားပါး‌နေဆဲကြောင့် အခက်ခဲများကြုံ‌တွေ့နေရကြောင်း သိရသည်။ လက်ရှိတွင် တိုက်ပွဲများကြောင့် ၎င်းဒေသရှိစစ်ရှောင်စခန်း၌ လာရောက်တိမ်းရှောင်နေရသည့် လူဦးရေများလာသည်အလျှောက် သောက်သုံးရေရှားပါးပြီး အခြေခံစားသောက်ကုန် ဆန် ဆီ ဆားများလည်း ပြတ်လပ်နေကြောင်း သိရသည်။ “ ဒီစခန်းထဲမှာ စစ်ရှောင်လာကြတာ…

အလှဓာတ်ပုံရိုက်သူများနှင့် အပန်းဖြေလာရောက်သူများပြည့်ကြပ်စည်ကားနေသည့် ဂဏန်းကျရေတံခွန်

ခမ်းသားငေါဝ်း၊ မေလ၂၉၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ် မြိုင်စံပြကျေးရွာအနီးရှိ ဂဏန်းကျသဘာဝရေတံခွန်ကို ပြည်တွင်းခရီးသွားအပန်းဖြေလာရောက်သူများနှင့်အလှ ဓာတ်ပုံရိုက်သူ များဖြင့် စည်ကားနေကြောင်း သိရသည်။ မေလ အတွင်းတွင် ဂဏန်းကျရေတံခွန် ၌လာရောက်လည်ပတ်သူ အလွန်များပြားပြီး စည်ကားနေကြောင်းသိရသည်။ ” ရေတံခွန်က ရှိနေတာကြာနေပြီ အခုမှ အွန်လိုင်းပေါ်ကတစ်ဆင့်လူသိများပြီး လာရောက်လည်ပတ်ကြသူတွေများပြားလာခဲ့တယ် ဒီတစ်ပတ်အတွင်း လူအလွန်စုပြုံရောက်လာတယ် ခြေလျှင်ခလျောက် သွားရတာနဲ့ သွားလမ်းကျဥ်းတာတွေတော့ ရှိတယ်”…

ဆီဆိုင်တွင် နွေရာသီ ရေရှားပါးမှုကြောင့် ဒေသခံများ ရေအခက်အခဲကြုံတွေ့ရ

ခမ်းသားငေါဝ်း၊ ဧပြီ ၂၇၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် နွေရာသီရေရှားပါးမှုပြဿနာကြောင့် ဒေသခံများ ရေအခက်အခဲကြုံတွေ့နေရကြောင်း ဧပြီလ ၂၇ ရက်နေ့က သိရသည်၊၊ ဒေသခံများအတွက် သောက်သုံးရေကို ချွေတာသုံး၍ လုံလောက်သော ပမာဏတွင်ရှိသော်လည်း တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အခက်အခဲများရှိကြောင်း ဆီဆိုင်ဒေသခံတစ်ဦးထံမှ သိရသည်၊၊ စစ်ရှောင်များလည်း ရေရှားပါးမှုပြဿာနာကို ရင်ဆိုင်နေရသော်လည်း အလှူရှင်အနည်းငယ်လာရောက်လှူဒါန်းမှုရှိနေကြောင်း သိရသည်၊၊ ” ဆီဆိုင်ဘက်ရွာတွေ တော်တော်များများ…

ပင်လောင်းမြို့နယ်မှာရှိတဲ့ စစ်ရှောင်တွေ ရေရှားပါးမှုကြုံနေရလို့ ရေဝယ်သုံးနေရ

ခမ်းသားငေါဝ်း၊ ဧပြီ ၂၁၊ ၂၀၂၃ ပင်လောင်းမြို့နယ်မှာရှိတဲ့ စစ်ရှောင်တွေ ရေရှားပါးမှုကြုံနေရလို့ ချက်ပြုတ်ရေးနဲ့ ကိုယ်လက်သန့်စင်ဖို့အတွက် ရေဝယ်သုံးနေရတယ်လို့ ဧပြီ ၂၁ရက်နေ့မှာ သိရပါတယ်။ စစ်ရှောင်အများစုရောက်ရှိနေတဲ့ ပင်လောင်းမြို့နယ်ဟာ နွေရာသီရောက်တိုင်းရေရှားပါးမှုဒဏ်ကို နှစ်စဉ်ကြုံတွေ့ရတာပါ။ စစ်ရှောင်စခန်း ၁၄ခုလုံးမှာ ရေရှားပါးတဲ့အတွက် ကလေးငယ်တွေဆိုရင် ဝမ်းပျက်ဝမ်းလျှောတွေဖြစ်နေပြီး အရေပြားရောဂါနဲ့ ရေယုန် ရေကျောက် ရောဂါ ဖြစ်ပွားတဲ့သူတွေလည်း ရှိနေပါတယ်။ ရေကားတစ်စီးကိုငါးသောင်းကျပ်၊ ရေတစ်ပေပါ(အသေး)ကို…