Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

ရှမ်းတောင်တိုက်ပွဲတွင် သုံးလကျော်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှု ၉၈ ဦးအထိတိုးလာ

ခမ်းသားငေါဝ်း မေ ၂၁ ၊ ၂၀၂၄ ရှမ်းတောင်တိုက်ပွဲတွင် သုံးလကျော်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှု ၉၈ ဦး အထိတိုးလာသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO)မှ မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ပင်လောင်းတိုက်ပွဲ ရက်ပေါင်း(၁၁၉)ရက်အတွင်းတွင် အရပ်သားထိခိုက်ဒဏ်ရာရသူ ၉၈ ဦးအထိရှိနေပြီး ယင်းအထဲမှ အမျိုးသား ၄၈ ဦး၊ အမျိုးသမီး၂၂…

နောင်ချိုမြို့တွင်စစ်ဘေးရှောင်များ စားနပ်ရိက္ခာအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း မေ ၂၁ ၊ ၂၀၂၄ နောင်ချိုမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထံက သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်သော ကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။ “ဒေသခံတွေကတော့ အများကြီးပဲစစ်ရှောင်နေရတယ်၊ သူတို့အတွက်အဓိကတော့ စားနပ်ရိက္ခာတွေပေါ့နော်၊ အလှူရှင်တွေလည်းလိုအပ်နေတယ်၊ အခုကမိုးတွင်းလည်းရောက်လာပြီဆိုတော့ ခြင်တွေပေါလာတော့မှာ ခြင်ထောင်တွေလည်းလိုအပ်တာပေါ့၊…

ဝင်ငွေမရှိဘဲ စစ်ရှောင်နေရချိန် ဆက်ကြေးမကြာခနကောက်ခံလာခြင်းကြောင့် ဒေသခံများအခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း မေ ၂၁၊ ၂၀၂၄ ဝင်ငွေမရှိဘဲ စစ်ရှောင်နေရချိန် ဟိုပုံးမြို့နယ် မဲနယ်တောင်‌ဒေသတွင် PNO ပြည်သူ့စစ်က ဆက်ကြေးမကြာခနကောက်ခံလာခြင်းကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ‌သည်ဟု ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်တကြောရှိ ရွာများတွင် PNO ပြည်သူ့စစ်က လုံခြုံရေး အတွက်ဟုဆိုကာ ဆက်ကြေးများမကြာခနကောက်ခံနေပြီး တိုက်ပွဲကြောင့်စစ်ရှောင်နေခဲ့ရ၍ ပြန်လည်ထူထောင်မှုများပြုလုပ်နေရသည့် အခြေအနေကြောင့် ဝင်ငွေမရှိသည့်အတွက် ဒေသခံများအခက်အခဲဖြစ်နေကြောင်း သိရသည်။…

လက်နက်ကိုင်အဖွဲ့မှ ရိုက်နှက်​ခြင်း ခံခဲ့ရသည့်အမျိုးသမီး ဆေးကုသရန် အခက်ခဲဖြစ်နေ

ခမ်းသားငေါဝ်း မေ ၂၁ ၊ ၂၀၂၄ နေအိမ်ပြန်စဉ် လက်နက်ကိုင်အဖွဲနှင့်တိုး၍ရိုက်နက်စစ်ဆေးခံခဲ့ရသည့်ဆီဆိုင်မြို့ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ဆေးကုသရန် အခက်ခဲရှိနေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နေ ဒေသခံအမျိုးသမီးတစ်ဦးသည် မတ်လအတွင်းက အိမ်ပြန်လာစဉ် PNO ပြည်သူ့စစ်နှင့် ကရင်နီ တော်လှန်ရေးအဖွဲ့များတို့နှင့်တွေ့ဆုံခဲ့၍ နှစ်ဖက်လက်နက်ကိုင်အဖွဲ၏ ရိုက်နှက်ခြင်းခံရပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “အိမ်ပြန်လာတာ PNO နဲ့တွေ့တယ်…

စစ်ကောင်စီလက်နက်ကြီးထိမှန်၍ နန်းတုတ်ရွာ ဘုန်းကြီးကျောင်းပျက်စီး

ခမ်းသားငေါဝ်း မေလ ၁၈၊ ၂၀၂၄ စစ်ကောင်စီလက်နက်ကြီး ထိမှန်၍ နန်းတုတ်ရွာထဲရှိ ဘုန်းကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊နန်းတုတ်ကျေးရွာတွင် မေလ ၁၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ကျေးရွာထဲရှိ ဘုန်းကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ” လူတွေကမရှိတော့ဒီနေ့မှ ရှင်းလင်းရေးလုပ်မှတွေ့တာ။ပြတင်းပေါက်တွေ တံခါးတွေလက်နက်ကြီး ထိတယ်။အမိုးတော့ နဲနဲပဲထိတယ်”ဟု ရွာခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

မပေါက်ကွဲသေးသည့် ဗုံးကိုင်မိရာမှပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မေလ ၁၇၊ ၂၀၂၄ ဆီဆိုင်မြို့တွင် မပေါက်ကွဲသေးသည့် ဗုံးကို ကိုင်မိရာမှပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊သိရိရပ်ကွက် ၊နယ်မြေ ၆ တွင် မေလ ၁၆ ရက်နေ့က မပေါက်ကွဲသေးသည့် ဗုံး ကိုင်မိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီးထိခိုက်ဒဏ်ရာရကြသည်။ “ကလေးက ဒဏ်ရာပြင်းထန်တယ်။နောက်နှစ်ဦးတော့ ဒဏ်ရာမပြင်းဘူး။ခုက တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံမှာ ဆေးကုသနေတယ်”ဟု မြို့ခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီကလေကြောင်းဖြင့် ဗုံးကြဲရာ လူ ၂၀ ဦးထက်မနည်းဒဏ်ရာရပြီး သေဆုံးမှုအချို့ရှိ

ခမ်းသားငေါဝ်း မေ ၁၆ ၊ ၂၀၂၄ ဝဲကြီးထောင့်ကျေး​ရွာရှိ တိုက်နယ်ဆေးရုံအား စစ်ကောင်စီက ဗုံးကြဲခဲ့ရာ ဆေးရုံဝန်ထမ်း၊ လူနာနှင့် လူနာစောင့်အပါအဝင် ၂၀ ဦးထက်မနည်းဒဏ်ရာရရှိသွားပြီး သေဆုံးမှုအချို့ရှိနေကြောင်း ရခိုင်တပ်တော် AA ကထုတ်ပြန်ထားပါသည်။ ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ဝဲကြီးထောင့်ကျေး ​ရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီက မေလ ၁၅ ရက်နေ့တွင် ဗုံးကြဲခဲ့ပြီး ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးသွားသည်၊၊ ရခိုင်ဒေသအတွင်း စစ်ရှုံးနေသည့်…

နောင်ဗိုကန်တော်လေးရွာသူကြီးကို PNOပြည်သူ့စစ်ဖမ်းဆီးသွားပြီး အဆက်သွယ်မရသဖြင့်မိသားစုများစိုးရိမ်

ခမ်းသားငေါဝ်း မေ ၁၆၊ ၂၀၂၄ နောင်ဗိုကန်တော်လေး ရွာသူကြီးကို PNO ပြည်သူ့ စစ်က ဖမ်းဆီးသွားပြီး ၁၀ ရက်ကျော်ကြာသည့်အထိ အဆက်သွယ်မရသေးသဖြင့် မိသားစုများ စိုးရိမ်နေကြကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA က ယနေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊နောင်ကျောကျေးရွာအုပ်စု နောင်ဗ်ိုကန်တော်လေးရွာ ရွာသူကြီးဖြားခွန်လျောကို မေလ၂ ရက်နေ့တွင် ကားတစ်စီးနှင့်လူပါ ဖမ်းသွားခဲ့ပြီး ယနေ့ထိ သတင်းအစအန မရဘဲ…

TNLA ထိန်းချုပ်နယ်မြေ အတွင်း Non-CDM ဝန်ထမ်းများ လုပ်ငန်းတာဝန်မှရပ်ဆိုင်း

ခမ်းသားငေါဝ်း မေလ ၁၅၊ ၂၀၂၄ တအာင်းတပ်မ‌တော်(PSLF/ TNLA )ထိန်းချုပ်နယ်မြေအတွင်း Non-CDM ဝန်ထမ်းများအား လုပ်ငန်းတာဝန်မှရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း PSLF/ TNLA မေလ(၁၅) ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်‌ ရေး”ကာလ၌ တအာင်းတပ်မတော်(PSLF/ TNLA)မှ သိမ်းပိုက်ရရှိထားသည့်နယ်မြေများအတွင်းတွင်ရှိသည့် Non-CDMဝန်ထမ်းများ လက်ရှိအချိန်ကာလတွင် ၎င်းတို့၏လုပ်ငန်းတာဝန်မှရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း PSLF/ TNLAက အသိပေးကြေညာထားသည်။ သတ်မှတ်ချက်အရ ပြစ်မှုကျူးလွန်သည်ဟု…

အကျဉ်းထောင်များတွင် မသန့်သည့် ရေများသုံးစွဲနေရသဖြင့် အကျဉ်းသားများ ရောဂါမျိုးစုံခံစားနေရ

ခမ်းသားငေါဝ်း မေ ၁၅၊ ၂၀၂၄ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် မသန့်သည့်ရေ သောက်သုံး၊သုံးစွဲ နေရသဖြင့် အကျဉ်းသားများ ရောဂါမျိုးစုံခံစားနေရကြောင်း မြန်မာနိုင်ငံအကျဉ်း သားများကွန်ရက် PPNM မှ မေလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ အကျဥ်းထောင်များတွင် ထုံးဓာတ်ပါသည့် ရေများကို သောက်ရခြင်း၊ ရေဝဝလင်လင် မသောက်ရခြင်းတို့ကြောင့် ဗီတာမင်ဓာတ်ချို့တဲ့ပြီး၊ အောက်ပိုင်းချည့်နဲ့ လေဖြန်းရောဂါများသာမက အရေပြား…