Category: လူငယ်/ပညာရေး

ဒေသမတည်ငြိမ်မှုကြောင့် စံကားဒေသဖက်တွင် ကျောင်းသားများနေ့တစ်ပိုင်းသာ ကျောင်းတက်ရ

ခမ်းသားငေါဝ်း ဇွန် ၁၁၊ ၂၀၂၄ စံကားအင်းဒေသ ဘုရားတောင်ရေဆိပ်ကျောင်းတွင် ဒေသတွင်း မတည်ငြိမ်မှုကြောင့် ကျောင်းတက်နေသည့် ကျောင်းသားများ နေ့တစ်ပိုင်းသာ ကျောင်းတက်နေရသည်ဟု ဇွန်လ(၁၁)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသ ထီရီးကျေးရွာတွင် လက်နက်ကြီးအထိုင်ချပြီး ဘုရားတောင်ကျောင်းအနီးနားဖက် ဦးတည်ကာ မကြာခနလက်နက်ကြီး ပစ်ခတ်လာခြင်းတို့ကြောင့် ကျောင်းသားများစိုးရိမ်နေကြရသည်။ “ဒီဘက်မှာအခုအခြေအနေကအရမ်းကြီးလည်းမဆိုးသေးပေမဲ့ လက်နက်ကြီးသံတွေကတော့ နေ့တိုင်းနီးပါးကြားနေရတယ်၊ ကျောင်းကဖွင့်ပေမဲ့ ကျောင်းသားတွေကနေ့တစ်ပိုင်းပဲကျောင်းတက်ရတာ၊ ပြီးတော့စာသင်ကျောင်းမှာလည်းစာမသင်ရဘူး…

PNCF၏ ကြားကာလအခြေခံပညာ အခဲ့မဲ့အွန်လိုင်းစာသင်ကျောင်း အပတ်စဉ်(၃) ကျောင်းဖွင့်ပွဲနှင့် ကျောင်းသားသစ် ကြိုဆိုပွဲကျင်းပ

ခမ်းသားငေါဝ်း ဇွန်လ ၈၊ ၂၀၂၄ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ၏ ကြားကာလ အခြေခံပညာ အခမဲ့ Online စာသင်ကျောင်း တတိယ အကြိမ် ကျောင်းဖွင့်ပွဲနှင့် ကျောင်းသားသစ် ကြိုဆိုပွဲ ကို ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့သည်။ တတိယအကြိမ် PNFC အခမဲ့ အွန်လိုင်းကျောင်းဖွင့်လှစ်ရာတွင် အတန်းစုံနှင့် ကျောင်းသားဦးရေ ပိုမိုလက်ခံ နိုင်ခဲ့ကြောင်းသိရသည်။…

ပင်လောင်းတောင်ဖက် စစ်သင်တန်းပေးရာတွင်ကျောင်းသားများလည်းပါဝင်နေရ

ခမ်းသားငေါဝ်း မေ ၂၆၊ ၂၀၂၄ ပင်လောင်းတောင်ဖက်တွင် ကျောင်းသားများကိုလည်း စစ်သင်တန်း အတင်းအဓမ္မတက်ခိုင်းနေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊လိန်းညာကျေးအုပ်စုတွင် ဟိုပုံးကိုရင်လေးစစ်သားနှင့်PNO ပြည်သူ့စစ်တို့က ပူးပေါင်းပြီး စစ်သင်တန်းပေးရာတွင် ကျောင်းသားများကိုလည်း အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းနေသည်။ “အသက် ၁၈ နှစ်နဲ့ ၄၀ ကြားအမျိုးသားအကုန် သွားတက်ရတယ်။ နောက်ပြီးဆယ်တန်းနဲ့ Grade11,12 ကျောင်း သားလည်း အများကြီးပါဝင်တယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။…

SSPP/ SSA နယ်မြေတွင်မိခင်ဘာသာစကားကို အသုံးပြုသည့် သင်ရိုးညွန်းတန်းအသစ် အသုံးပြုတော့မည်ဟုဆို

ခမ်းသားငေါဝ်း မေ ၂၁၊ ၂၀၂၄ SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းနေထိုင်သည့် တိုင်း ရင်းသားလူငယ်များ၏ပညာရေးတိုး တက်ဖို့အတွက်မိခင်ဘာသာစကားကို အခြေခံသည့် (MTB-Mother Tongue-Based) သင်ရိုးညွန်းတန်းအသစ်ကို ဒီနှစ်တွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်၊၊ မိခင်ဘာသာစကားကို အသုံးပြုသော သင်ရိုးဖြစ်သောကြောင့် သင်ကြားရေးတွင် ပိုမိုလွယ်ကူ ထိရောက်ကြောင်း၊ ကလေးတွေရဲ့ နားလည်းမူစွမ်းရည်နဲ့တွေးခေါ်နိုင်မှုစွမ်းရည်ပါ မြင့်မား တိုးတက်လာမည် ဖြစ် ကြောင်း SSPP/SSA ပညာရေး…

အခက်ခဲအမျိုးမျိုးအကြားမှ ပအိုဝ်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့-ခမ်းကောင်(PNDF-KK) စစ်အခြေခံသင်တန်း ဆင်းပွဲပြုလုပ်

ခမ်းသားငေါဝ်း မေ ၂၄ ၊ ၂၀၂၄ အခက်ခဲအမျိုးမျိုးအကြားမှ ပအိုဝ်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့-ခမ်းကောင်(PNDF-KK)၏ စစ်အခြေခံသင်တန်းအမှတ်စဉ်-၃ ကို မေလ ၁၃ ရက်နေ့တွင်သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း PNDF-KK ကဆိုသည်။ ၎င်းသင်တန်းဆင်းပွဲကို ရှမ်း-ကရင်နီနယ်စပ်တစ်နေရာတွင်ပြုလုပ်ခဲ့ပြီး သင်တန်းသားများကိုဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း ၊ဖိတ်ကြားထားသည့်မဟာမိတ်များတက်ရောက်ချီးမြင့်ပေးခြင်း၊အ လံ‌တော် အလေးပြုခြင်းနှင့် သင်တန်းသားနှင့်ဧည့်သည်တော်များအတွက် ပျော်ပွဲရွှင်‌ပွဲတချို့များပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ “၁၃ ရက်နေ့သင်တန်းဆင်းပွဲပြုလုပ်ပြီး ၁၄ ရက်နေ့ရောက်တော့ သင်တန်းသားတွေကိုစုပြီးတော့တပ်ရင်းအပ်နှံပွဲတွေလုပ်တယ် တပ်ရင်းအပ်နှံပွဲမှာသစ္စာရေတွေသောက်ကြတယ်…

ဆီဆိုင်မြို့နယ်အတွင်း စာသင်ကျောင်းအများစုပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေး၍ ကလေးများ၏ ပညာသင်ယူခွင့်ဆုံးရှုံးနေရ

ခမ်းသားငေါဝ်း မေ ၉၊၂၀၂၄ ဆီဆိုင်မြို့နယ်အတွင်း စာသင်ကျောင်းအများစုပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေး၍ ကလေးများ၏ ပညာရေးသင်ယူခွင့်ဆုံးရှုံး နေရကြောင်း ဒေသခံတစ်ဦးကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ယခုနှစ် ၂၀၂၄-၂၀၂၅ ခုပညာသင်နှစ်တွင် အ.မ.ကကျောင်း၊ မူလွန်ကျောင်း၊ အလယ်တန်းကျောင်းနှင့်အထက်တန်း ကျောင်းများအပါအဝင် ကျောင်းပေါင်း ၃၄ ကျောင်း သည် အခြေနေတည်ငြိမ်မှုမရှိသည့်အတွက် မဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ “စာသင်ကျောင်းတွေပိတ်လိုက်ရတာ ဆီဆိုင်နယ်တစ်မြို့ထဲတင်မဟုတ်ဘူးပေါ့နော် ခုလိုကျောင်းပိတ်တော့ အဓိကကလေးတွေအနာဂတ်ပျောက်ဆုံးရတယ် စစ်တပ်အာဏာသိမ်းပြီးကတည်းက…

နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် TNLA ၏ ဌာနဆိုင်ရာကဏ္ဍများတွင် ဦးဆောင်နိုင်သူပိုမိုထွက်လာစေရန် PSLF/TNLA ၏ အပတ်စဉ် (၂) နိုင်ငံရေးသိပ္ပံ ကျောင်းဖွင့်လှစ်

ဧပြီ ၂၁၊ ၂၀၂၄ ခမ်းသားငေါဝ်း နိုင်ငံရေး၊ အုပ်ချုပ်ရေးကဏ္ဍနှင့် PSFL/TNLA ၏ ဌာနဆိုင်ရာကဏ္ဍများတွင် ဦးဆောင်နိုင်သူများ ပိုမိုထွက်လာစေရန် PSLF/TNLA ၏ အပတ်စဉ် (၂) နိုင်ငံရေးသိပ္ပံ ကျောင်းကို ဧပြီလ ၂၀ ရက်ကဖွင့်လှစ်လိုက်ကြောင်းသိရသည်။ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၂)ကို ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် တစ်နေရာတွင် PSLF/TNLA က ဖွင့်လှစ်ပေးခဲ့…

စစ်ဘေးရှောင်လာသည့် ကိုရင် ၃ ပါး ကျောင်းကနေ ခိုးပြီးထွက်ပြေးသွားကြသောကြောင့် ပျောက်ဆုံးနေ

ခမ်းသားငေါဝ်း မတ် ၁၃၊၂၀၂၄ ဆီဆိုင်မြို့နယ် မဲဟဲကျောင်းမှ တောင်ကြီးမြို့နယ် နားဘောင်ကျောင်းတွင် စစ်ဘေးရှောင်လာသည့် ကိုရင်လေးသုံးပါး စာသင်နေရာမှ ခိုးပြန်ပြီး ပျောက်ဆုံးနေကြောင်း အုပ်ထိန်းသူဆရာတော်ထံမှ သိရသည်။ ယင်းကိုရင်လေးသုံးပါးသည် ယနေ့မတ်လ ၁၃ ရက် နံနက်အစောပိုင်း ၃ နာရီအချိန်တွင် စတင်၍ ထွက်ပြေးခဲ့ပြီး ပျောက်ဆုံးသည့်အတွက် စိုးရိမ်နေကြောင်းဆရာတော်က မိန့်ဆိုသည်။ “အဖော်တွေကအရင်ပြေးတာရှိတယ် ငါတို့ကအဖော်ကောင်းတွေဆိုတော့ သူတို့ပြေးရင်ငါတို့လည်းပြေးမယ် အဲ့လိုနဲ့မနက်…

ပညာသင်ကြားခွင့်ဆုံးရှုံးသည့် လူငယ်များတက်ရောက်သည့် PNFC Online school ကျောင်းဆင်းပွဲ ကျင်းပပြုလုပ်

ခမ်းသားငေါဝ်း မတ် ၈၊ ၂၀၂၄ ပညာသင်ကြားခွင့်ဆုံးရှုံးနေသည့် လူငယ်များအတွက် ပညာဆက်လက်ဆည်းပူးနိုင်ရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ဖွင့်လှစ်သည့် အွန်လိုင်းကျောင်းကို ယနေမနက်ပိုင်းက ကျောင်း ဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း ကျောင်းတာဝန်ရှိသူထံသိရသည်။ PNFC၏ အွန်လိုင်းကျောင်းဖွင့်လှစ်ရသည်မှာ ပညာသင်ကြားခွင့်ဆုံးရှုံးနေသည့် လူငယ်များအတွက် ပညာဆက်လက်ဆည်းပူးနိုင်ရန်ဖွင့်လှစ်ထားခဲ့သော်လည်း နိုင်ငံရေးအခြေအနေအရ အခက်ခဲရှိခဲ့ကြောင်းဆိုသည်။ “လက်ရှိသင်ကြားတဲ့အခြေအနေအရဆိုရင်တော့ ကျောင်းသူကျောင်းသားနဲ့ဆရာဆရာမတွေက အရင်ကထက်အခက်ခဲပိုရှိတာပေါ့ ဘာလို့လဲဆိုတော့ နိုင်ငံရေးအခြေနေတွေက အရင်ကထက်ဆိုးရွာတယ် အင်တာနက်ကလည်း အရင်ကထက်ဆိုးရွားလာတယ်”ဟု PNFC…

ပင်လောင်းမြို့နယ် ကျေးရွာတစ်ချို့တွင် လက်ပံပင်အခေါက်ကို ပွဲစားများ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ၊ ၂၀၊ ၂၀၂၄ ပင်လောင်းမြို့နယ် ကျေးရွာတစ်ချို့တွင် လက်ပံပင်အခေါက်ကို ပွဲစားများက စျေးကောင်းပေးပြီးဝယ်ယူနေသောကြောင့် ဒေသခံများ လောလောဆယ် စားဝတ်နေရေးအတွက်ဖြေရှင်းရန် အဆင်ပြေစေကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် သိရသည်။ လက်ပံအခေါက်ကို အစိုကိုလည်းဝယ်ယူပေးနေပြီး တစ်ပိဿာကို ခြောက်ရာကျပ်ပေးပြီးဝယ်ယူလျှက်ရှိရာ အခေါက်ခုတ်ရောင်းသူအနေနှင့် တစ်ရက်လျှင် ဝင်ငွေ နှစ်သောင်းကျပ်ခန့်ရရှိနေကြောင်း လက်ပံခေါက်ရောင်းသူထံမှ သိရသည်။ “ခုလိုသူများလာဝယ်တဲ့ချိန် တခဏတာအတွက် စားဝတ်နေရေးတွက်အဆင်ပြေစေတယ်”ဟု…