Category: ဒေသသတင်း/ ရိုးရာ

ယခုနှစ် တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော် လုံခြုံရေး တိုးမြှင့်ချထား

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၂၊ ၂၀၂၄ ယခုနှစ်တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကျင်းပနိုင်ရေး အတွက် လုံခြုံရေးတိုးမြှင့်ချထားကြောင်း နိုဝင်ဘာလ ၁၁ ရက် ဖွင့်ပွဲရက်တွင် မြင်တွေ့ရသည်။ တောင်ကြီး အဝေရာ မီးပုံးပျံကွင်းအတွင်း လုံခြုံရေးများ ပွဲစျေးတန်း အဝင်မှ စ၍ ကွင်းအဝင် ၊ ကွင်းအတွင်း တို့တွင် ယခင်နှစ်ထက် လုံခြုံရေးတိုးမြှင့် ချထားဆောင်ရွက်နေပြီး ၊ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း…

ခေတ်ကာလမကောင်း၍ ကျေးသီးမြို့နယ်ရှိ ရွာများကောက်သစ်စားပွဲကို အကျဥ်းချုံးကျင်းပ

ခမ်းသားငေါဝ်း ကျေးသီးမြို့နယ်ရှိ ရွာများတွင် ခရစ်ယာန် ဘာသာဝင်များ၏ ရိုးရာဓလေ့ ကောက်သစ်စားပွဲများကို အကျဥ်းချုံးကျင်းပကြ ကြောင်း နိုဝင်ဘာ (၁)ရက်နေ့တွင် စုံစမ်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်ခွဲရှိ ရွာတိုင်းလိုလိုတွင် တစ်နှစ်တစ်ခေါက် ကောက်သစ်စား ကျေးဇူးတော် ချီးမွမ်းပွဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလထဲတွင် တစ်ရွာပြီး တစ်ရွာကျင်းပကြောင်း သိရသည်။ “ဒါက ခရစ်ယာန်ဘာသာဝင်ရဲ့ ဓလေ့တစ်ခုဖြစ်တယ်။ ခရစ်ယာန်ဘာသာဝင်မှ မဟုတ်ဘူး…

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပနိုင်ရန်အတွက် အလှူငွေများ ကောက်ခံနေကြောင်းသိရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၀၊ ၂၀၂၄ ယခုနှစ် စစ်ကောင်စီ ပြုလုပ်မည့် တောင်ကြီးတန် ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်မြောက်ရေး အတွက် စျေးဆိုင်ခန်းထံ အလှူငွေလိုက်လံကောက်ခံနေကြောင်း ဒေသခံ ထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးတန်ဆောင် တိုင် မီးပုံးပျံပွဲတော် ကျင်းပနိုင်ရန် အတွက် တောင်ကြီးမြို့မစျေး ဆိုင်ခန်းများထံ အလူငွေလိုက်လံကောက်ခံနေခြင်းဖြစ်သည်။ “အလှူငွေ ကောက်ခံခြင်းဟာ မဖြစ်သင့်ဘူး ၊ မလုပ်သင့်ဘူး ”ဟု…

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲကို စစ်ကောင်စီက စည်ကားသိုက်မြိုက်စွာကျင်းပမည်ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၉၊ ၂၀၂၄ ယခုနှစ် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီ(၇) ရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဟုဆိုကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ ၏ အထင်ကရ ပွဲတစ်ခုဖြစ်သော တန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲ ပွဲတော်ကို နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟုဆိုသည်။ ” အရင်နှစ်ကထက် ပိုစည်ကားအောင်လုပ်သွားမယ်လို့ပြောတယ်၊ ပြီးတော့ လူလည်းအရမ်းများလာတာလေတောင်ကြီးမှာ၊ ဘယ်လိုဖြစ်ဖြစ်အရင်နှစ်ကထက်တော့ပိုစည်မှာပဲ၊…

အောင်ပန်းတွင် ရိုးရာမီးလုံးပွဲ ပြုလုပ်ရာမှ ပေါက်ကွဲမှု ဖြစ်ပြီး တစ်ဦးသေဆုံး

ခမ်းသားငေါဝ်း မေ ၂၇ ၊ ၂၀၂၄ အောင်ပန်းတွင် ရိုးရာမီးလုံးပွဲ ပြုလုပ်ရာမှ ပေါက်ကွဲမှု ဖြစ်ပြီး တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အောင်ပန်းမြို့ခံများထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ အမှတ် ၃ နယ်မြေ ၉ တွင်မေလ၂၅ ရက်နေ့က ရိုးရာမီးလုံးပွဲအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ဦးဒဏ်ရာရကာ ဆေးရုံတွင်ဆေးကုသမှုခံယူနေစဥ်မေလ ၂၆ ရက်တွင် တစ်ဦးသေဆုံးခဲ့သည်။…

ယမ်းထောင်းရင်းမတော်တဆပေါက်ကွဲမှုတွင် ဒဏ်ရာခဲ့သူ ၃ ဦးထဲမှ ၁ ဦးသေဆုံး

ခမ်းသားငေါဝ်း မေလ ၁၇၊ ၂၀၂၄ အောင်ပန်းတွင် ရိုးရာမီးလုံးပွဲအတွက် ယမ်းထောင်းရာမှမတော်တဆပေါက်ကွဲ၍ ဒဏ်ရာရခဲ့သောအမျိုးသား ၃ ဦးအနက် ၁ ဦးသေဆုံးသွားကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၌ မေလ ၁၄ ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးလုံးပြုလုပ်ရာမှ ယမ်းပေါက်ကွဲမှုဖြစ်စဥ်တွင် ဒဏ်ရာရခဲ့သူ ၃ ဦးအနက် ၁ ဦးမှာ ယနေ့မနက် ၂ နာရီဝန်းကျင်ခန့် တွင်သေဆုံးသွားကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှသိရသည်။…

တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ မှတ်တမ်းစာအုပ်ပြုလုပ်ရာတွင် ပအိုဝ်းတိုင်းရင်း သား၏ ဂီတအနုပညာလက္ခဏာများပါဝင်နိုင်ရန် ဆွေးနွေးပွဲပြုလုပ်

ခမ်းသားငေါဝ်း မေ ၁၆ ၊ ၂၀၂၄ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနမှ တိုင်းရင်းသားများ၏ဂီတအနုပညာလက္ခဏာများ မှတ်တမ်းစာအုပ်ပြုလုပ်ရာတွင် ပအိုဝ်းတိုင်းရင်း သား၏ ဂီတအနုပညာလက္ခဏာများပါဝင်နိုင်ရန် ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှု(ဗဟို)အဖွဲ့ကမေလ(၁၅) ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ တိုင်းရင်းသားများ၏ ခေတ်ဟောင်းတေးသီချင်း၊ ဂီတသံစဥ်၊ ရိုးရာအကနှင့် ရိုးရာတူရိယာပစ္စည်းများနှင့် စပ်လျဥ်း၍ ကဏ္ဍအလိုက်မှတ်တမ်းစာအုပ်များ ထုတ်ဝေနိုင်ရေးအတွက် အထောက်အထားအပြည့်အစုံဖြင့် အချက်အလက်များပြုစုပေးပို့နိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ၂၀၂၄ခုနှစ် မေလ(၇)ရက်နေ့ ရက်စွဲဖြင့်အကြောင်းကြားစာ…

ယမ်းထောင်းရာမှယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပြီး နေအိမ်မီးလောင်၍ အမျိုးသား ၃ ဦးပြင်းထန်ဒဏ်ရာရ

ခမ်းသားငေါဝ်း မေ ၁၄၊ ၂၀၂၄ အောင်ပန်းမြို့တွင်၊ ရိုးရာမီးလုံးပွဲအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁ လုံးမီးလောင်သွားကာ အမျိုးသား ၃ ဦးဒဏ်ရာရသွားကြောင်း အောင်းပန်းနာရေးကူညီမှုအသင်းမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၌ မေလ ၁၃ ရက်နေ့ ည ၂ နာရီခန့်တွင် မီးလုံးပြုလုပ်ရန်ယမ်းထောင်းရာမှ မတော်တဆပေါက်ကွဲမှုဖြစ်ပွားကာ နေအိမ် ၁ လုံးမီးလောင်သွားပြီး အမျိုးသား…

အင်းလေးတွင် စစ်ကောင်စီဦးစီးပြီး ကျင်းပမည့် ရေပေါ် သင်္ကြန်ကို ဒေသခံအချို့မလိုလားကြ ဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ အင်းလေးဒေသတွင် စစ်ကောင်စီဦးစီးပြီး ကျင်းပမည့် ရေပေါ်သင်္ကြန်ပွဲကို ဒေသခံအချို့မလိုလားကြကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ ဒေသခံတချို့မလိုလားသည့် အင်းလေးရေပေါ်သင်္ကြန်ကို စစ်ကောင်စီကဦးစီးပြီး ကျင်းပသွားမည်ဖြစ်သည်၊၊ “စစ်မှုထမ်းဉပဒေကြောင့် ပြည်သူ၊ လူငယ်တွေနေ့နေ့ညည ပူဆွေးသောကရောက်နေတဲ့အချိန်မှာ အဲဒီအပူတွေကို မငဲ့ညာ၊…

လွိုင်ကော်တွင် အစဥ်အလာမပျက် သင်္ကြန်ကျင်းပမည်ဆိုခြင်းသည် သက်သက်မဲ့ဝါဒဖြန့်ခြင်းသာဖြစ်ဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၁၁၊၂၀၂၄ ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အတွင်း စစ်ကောင်စီက အစဥ်အလာမပျက် မဟာသင်္ကြန်ပွဲကျင်းပနိုင်ရန် လုပ်ဆောင်ခြင်းသည် သက်သက်မဲ့ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း KNDF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ လွိုင်ကော်မြို့တွင်သုံးပုံ နှစ်ပုံကျော်သည် စစ်သလင်းစစ်မြေပြင်ဖြစ်နေသော်လည်း ယခုနှစ် သင်္ကြန်ကျင်းပရန် စစ်ကောင်စီက ရာထူးကြီးဝန်ထမ်းများကိုခေါ်ယူနေခြင်းသည် ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း ၄င်းကဆိုသည်။ “လွိုင်ကော်က ၉၀ ရာခိုင်နှုန်းလောက်က စစ်မြေပြင်ဖြစ်နေတာ ကျန် ၁၀ ရာခိုင်နှုန်းလောက်မှာက မြို့အစွန်တွေမှာပြည်သူအချို့တော့ရှိတယ်…