စက်သုံးဆီ အခက်အခဲကြောင့်တောင်ကြီး- လွိုင်ကော် ယာဥ်လိုင်း ကားခစျေးတက်မည်ဟုဆို
ခမ်းသားငေါဝ်း သြဂုတ် ၁၇၊ ၂၀၂၄ တောင်ကြီးမြို့ပေါ်တွင် စက်သုံးဆီရရှိမှု အခက်အခဲကြောင့်တောင်ကြီး-လွိုင်ကော် ပြေးဆွဲသည့် လိုင်းကားများကားခစျေးတက်မည်ဟု ယဥ်လိုင်းပြေးဆွဲသူ ကားသမားတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီရရှိမှုပိုမိုဆိုးရွားလာပြီး ဆီပြတ်လပ်မှု ကြောင့်ပြေးဆွဲနေသည့်လိုင်းကားအချို့ရပ်နားခဲ့ရသည်။ ” ဆီကတန်းစီရတာမလွယ်ဘူးလေ၊ ဆီမရတဲ့နေ့ဆိုလည်း မှောင်ခိုစျေးနဲ့ဝယ်ရတော့အရမ်းစျေးကြီးတယ်၊ အဲ့ကြောင့် ကားခတိုးယူဖို့ ဖြစ်လာတာ၊ မဟုတ်ရင် ဆီစျေးနဲ့ လိုင်းဆွဲတာနဲ့က မကိုက်တော့ဘူး ” ဟု တောင်ကြီး_လွိုင်ကော်…