Category: စီးပွားရေး/စိုက်ပျိုးရေး

မြေသြဇာစျေးကြီးသောကြောင့် ဖယ်ခုံအနောက်ဘက်ခြမ်းရှိတောင်သူများသီးနှံ စိုက်ပျိုးရန်အခက်တွေ့

ခမ်းသားငေါဝ်း သြဂုတ် ၃၁၊ ၂၀၂၄ မြေသြဇာများစျေးကြီးသောကြောင့် ဖယ်ခုံအနောက်ဘက်ခြမ်းရှိတောင်သူများ စိုက်ပျိုးရေး အတွက်အခက်အခဲ ဖြစ်နေကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကိုယ်သာ ပြုလုပ်ကြပြီး သွင်းအားစုစျေးမြင့်မားလာခြင်းကြောင့်အခက်တွေ့နေကြသည်။ ” မြေသြဇာစျေးကအရမ်းတက်တယ်ရော၊ မြေသြဇာဖိုးနဲ့ ပြန်မကာမိမှာစိုးတယ်၊မသုံးပြန်တော့လည်း အပင်မသန်ဘူးလေ၊ ပျက်သွားမှာလေ၊ ဟိုအရင်တည်း နှစ်တိုင်းသုံးပေးတော့ မြေက မြေသြဇာပါမှကိုရတော့တာ၊ အခုဆိုလည်း မြေသြဇာမဝယ်နိုင်လို့ ဧက…

အာလူးစျေးကောင်းရနေသော်လည်း မိုးများခြင်းကြောင့်ပျက်စီးမှုရှိနေပြီး စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ အာလူးများ ယခင်ထက်စျေးကောင်းရနေသော်လည်း အရင်းနှီးများခြင်းနှင့် မိုးများခြင်းများကြောင့် အပင်တချို့ပျက်စီးခြင်းများရှိနေပြီး စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်နေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသထွက် အာလူးများသည် ပြီးခဲ့သည့် ဧပြီလခန့်က တစ်ပိဿာလျှင် ၂၀၀၀၊၂၅၀၀ ကျပ်အထိသာ ရရှိနေခဲ့ပြီး ယခုတွင် တစ်ပိဿာ ၃၅၀၀ နှင့် ၄၀၀၀ အထက် ရရှိနေသော်လည်း မိုးများပြီးအပင်ပျက်စီးခြင်းနှင့် ရင်းနှီးရသည့်ကုန်ကျစရိတ်လည်းများသည့်အတွက်စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်ဖြစ်နေသည်။…

ခရမ်းချဥ်သီး တပိဿာ ၃၀၀ ကျပ်ထိဈေးထိုးကျသဖြင့် တောင်သူများအရှုံးဖြင့်ရင်ဆိုင်နေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊ ၂၀၂၄ ခရမ်းချဥ်သီး တပိဿာကို ၃၀၀ ကျပ်ထိထိုးကျသွားသဖြင့် တောင်သူများအရှုံးများဖြင့်ရင်ဆိုင်နေရကြောင်း ခရမ်းချဥ်သီးစိုက်တောင်သူများထံမှ သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊နောင်တရား၊တီကျစ်ဒေသထွက်ခရမ်းချဥ်သီးများသည် ဇူလိုင်လ လလယ်လောက်တွင် တစ်ပိဿာအများဆုံး ၂၅၀၀ ကျပ်အထိရရှိသေးသော်လည်း ယခုတွင် တစ်ပိဿာ ၃၀၀ နှင့် ၄၀၀ ကြားသာ ရရှိနေသည့်အတွက် တောင်သူများအရှုံးဖြင့်ရင်ဆိုင်နေကြရကြောင်းသိရသည်။ “ခုဆို တစ်ပိဿာ၃၀၀၊၄၀၀ဘဲကျန်တယ်။ ဝယ်မယ့်သူတောင်မရှိဘူး။ ကုန်စည်အမျိုးမျိုးစျေးတက်နေတာ…

တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်ကြီးများတွင် တန်းစီစရာမလိုတော့ပဲ ဆီပုံမှန်အတိုင်းပြန်လှည်ရရှိနေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၈၊ ၂၀၂၄ တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်ကြီးများတွင် တန်းစီစရာမလိုတော့ပဲ ဆီများပုံမှန်အတိုင်းပြည်လှည်ရရှိနေပြီး ရပ်ကွက်တွင်ရှိ ဆီဆိုင်သေးနှင့် အိမ်ဆိုင်များသည် ဆီစျေးများကြီးနေသေးကြောင့်ကို ဩဂုတ်လ ၂၈ ရက်နေ့ ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်ကြီးများဖြင့်သည့် BOC ဆိုင်များ၌ ဆီကိုအချိန်ကြာမြင့်စွာ ဆီတန်းစီစရာမလိုတော့ဘဲ ပုံမှန်အတိုင်းပြန်လည် ရရှိနေပြီး ရပ်ကွက် ဆိုင််များရှိ ဆီစျေးသည် ဆီဆိုင်ကြီးထက် နှစ်ဆ…

ဒီမောဆို အနောက်ဖက်ခြမ်းတွင် mobile banking ဝန်ဆောင်ခများ ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းထိပြန်လည်ကျဆင်းလာ

ခမ်းသားငေါဝ်း သြဂုတ် ၂၄၊ ၂၀၂၄ ဒီမောဆို အနောက်ဖက်ခြမ်းတွင် mobile banking ဝန်ဆောင်ခများ ၁၀ ရာခိုင်းနှုန်းမှ ၂ ရာခိုင်နှုန်းအထိပြန်လည်ကျဆင်းပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ကရင်နီ(ကယား) ပြည်နယ်၊ ဒီမောဆို အနောက်ဖက်ခြမ်းတွင် mobile banking များဖြစ်သည့် Kpay၊ Wave Pay ထုတ်ယူမှုဝန်ဆောင်ခများ ဇူလိုင်လတွင် ၁၀ ရာနှုန်းကျော်ရှိခဲ့ရာ ယခု ၂…

တခြားကုန်ဈေးနုန်းမြှင့်တက်သော်လည်း သနပ်ဖက်ဈေးကျဆင်းသည့်အတွက် တောင်သူများအခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်လာသော်လည်း သနပ်ဖက်ဈေးကျဆင်းသည့်အတွက်တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရပြီး အခက်အခဲများဖြစ်နေရသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ ဩဂုတ်လ(၂၂)နေ့တွင် သိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်းမှထွက်ရှိသည် သနပ်ဖက်ဈေးသည် ပြီးခဲ့သည့် ဇွန်လ၌အကြီးတစ်ပိဿာ ၁ သောင်း ၅ ထောင်ကျပ် အငယ်တစ်ပိဿာ ၈ ထောင်ကျပ်ရှိနေပြီး လက်ရှိတွင်တခြားကုန်ဈေးနုန်းမြှင့်တက်သော်လည်း သနပ်ဖက်ဈေးသည် အကြီးတစ်ပိဿာ ၁ သောင်းကျပ်၊ အသေးတစ်ပိဿာ ၅ ထောင်ကျပ်ကျဆင်းသည့်အတွက်…

တောင်ကြီးမြို့တွင် စက်သုံးဆီမှောင်ခိုရောင်းချနေသူများကို စစ်ကောင်စီက အသွင်ယူဖမ်းဆီးမှုပြုနေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ တောင်ကြီးမြို့တွင် စက်သုံးဆီမှောင်ခိုရောင်းချနေသူများကို စစ်ကောင်စီအသွင်ယူဖမ်းဆီးမှု ပြုလုပ်နေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်တောင်ပိုင်း ရှိတောင်ကြီး-အေးသာယာ-ညောင်ရွှေ လမ်းမကြီးတစ်လျှောက်တွင်ရှိသည့် လမ်းဘေးတွင် ခုံချပြီးပုလင်းများဖြင့်ဆီမှောင်ခိုရောင်းချနေသူများအား စစ်ကောင်စီလက်အောက်ခံများက ဖမ်းဆီးမှုပြုလုပ်နေသည်။ “တစ်ချိူ့ကတော့ဆီပန့်တွေမှာ တန်းစီတိုးပြီးရလာသလောက်ကို အပြင်မှာဈေးတင်ပြီးပြန်ရောင်းကြတယ်လေ၊ အဲတော့ဆီပန့်မှာတန်းမစီချင်တဲ့သူတွေအချိန်သိပ်မရတဲ့သူတွေကတော့ ဈေးများမှန်းသိလည်း ဝယ်ကြတာပဲ၊အဓိကဆီရဖို့တွက်ပဲလေ ၊ဆီဆိုင်တွေမှာ တစ်ရက်တစ်ရက်လူတွေကနည်းတာမှမဟုတ်တာ” ဟုဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီလက်အောက်ခံများ လိုက်လံဖမ်းဆီးမှုရှိနေခြင်းကြောင့် တစ်ချိူ့မှောင်ခိုသမားများက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်…

ဒီမောဆိုဘက်ခြမ်းတွင် စိုက်ပျိုးရေးကို အနည်းငယ်သာလုပ်ကိုင်နေရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ မတည်ငြိမ်သောအခြေအနေများကြောင့် ဒီမောဆိုဘက်ခြမ်းတွင် စိုက်ပျိုးရေးကိုအနည်းငယ်သာလုပ်ကိုင်နေရကြောင်း ဒေသံခံတောင်သူတစ်ဦးထံမှသိရသည်။ ကရင်နီ(ကယား) ပြည်နယ်၊ ဒီမောဆိုဘက်ခြမ်းတွင် အချိန်မရွေးတိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်ခြင်း နှင့် လေကြောင်းရန်များကြောင့် တောင်သူများ စိုက်ပျိုးရေးကို အနည်းငယ်သာ လုပ်ကိုင်နေရသည်။ ”အခြေအနေက ခန့်မှန်းလို့မရဘူးလေ၊ တိုက်ပွဲအချိန်မရွေးပြန်ဖြစ်နိုင်တယ်၊ ပြီးတော့လေယာဥ်တွေပေါ့၊ မကြာခဏ ဝဲ နေတော့ကြောက်နေရတယ်လေ၊ ဦးလေးတို့တော့ အများကြီးမစိုက်ရဲကြသေးဘူး ၊တိုက်ပွဲ ဖြစ်ရင်အကုန်ထားခဲ့ပြီး ပြန်ပြေးရမှာလေ”…

ပင်လောင်းတွင် စက်သုံးဆီအပြင် စားသုံးဆီဈေးမြှင့်တက်မှုကြောင့် ပြည်သူများအခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၀၊ ၂၀၂၄ ပင်လောင်းဒေသတွင် စက်သုံးဆီအပြင်စားသုံးဆီ စျေးမြှင့်တက်လာမှုကြောင့် ဒေသခံပြည်သူများအခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသတွင် စားသုံဆီ တပိဿာလျှင် နှစ်သောင်းနှင့်အထက်ရှိနေပြီး စက်သုံးဆီ တစ်လီတာလျှင် ၄၇၀၀ ကျပ်နှင့်အထက်စျေးရှိနေသည့်အတွက် ဒေသခံပြည်သူများ အခက်အခဲဖြစ်နေကြောင်းသိရှိရပါသည်။ “စားသုံးဆီ တစ်လီတာ ကို တစ်သောင်းရှိပြီပေါ့နော် စျေးတအားကြီး‌တယ် ဒါတောင်အညံ့ဆုံး ဓာတ်ဆီဆိုရင်လည်း ဆိုင်ကြီးမှာ ဟို‌နေ့က…

စက်သုံးဆီဝယ်ရာတွင် ဆီရရှိရန် တန်းစီရာမှ ဆီမရဘဲ ပါလာသည့် ဆီပါကုန်သည့်သူရှိနေ

ခမ်းသားငေါဝ်း ဩဂုတ် ၁၈၊ ၂၀၂၄ တောင်ကြီးတွင် စက်သုံးဆီဝယ်ရာတွင် ဆီရရှိရန်တန်းစီသော်လည်း ဆီမရဘဲပါလာသည့်ဆီပါကုန်သည့်သူများ ရှိနေကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် စက်သုံးဆီဝယ်ယူရာတွင် ညလေးနာရီကတည်း အိပ်စောင့်ပြီး တန်စီသည့်သူများလည်းရှိသည့်အတွက် နောက်မှတန်းစီသည့်သူများ ဆီမရဘဲ ပါလာသည့်ဆီပါကုန်သည့်သူရှိနေသည်၊၊ “ဆီရမလားလို့ မနက်ကတည်းတန်းစီတာ ကိုယ့်အလှည့်တောင်မရောက်သေးဘူး ဆီကကုန်သွားတော့ ရှိတဲ့ဆီပါ ကုန်တာပဲအဖက်တင်တယ်”ဟုတောင်ကြီး ဒေသခံတစ်ဦးကပြောသည်၊၊ အပြင်လမ်းဘေးဆိုင်တွင် ဓာတ်ဆီတလီတာ ၈ ထောင်ထိရှိနေပြီး…