Category: နိုင်ငံရေး / တိုက်ပွဲ

လွိုင်ကော်မြို့ပေါ် ရပ်ကွက်အချို့တွင် သန်းခေါင် စာရင်းကောက်ယူမှုရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၆၊ ၂၀၂၃ လွိုင်ကော်မြိုပေါ်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှုများရှိနေခြင်းကြောင့် ပြည်သူများစိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ကယား(ကရင်နီ)ပြည် လွိုင်ကော်မြို့​ပေါ်ရှိ ထေးသမရပ်ကွက် နှင့် ဒေါဆော်ဘီးကျေးရွာတွင် အောက်တိုဘာလ ၃ ရက်နှင့် ၄ ရက်နေ့၌…

စစ်ရေးလှုပ်ရှားမှုရှိလာနိုင်ဆိုတဲ့ မှော်ဘုရင်စစ်ကြောင်း ထုတ်ပြန်ချက်အပေါ် ဒေသခံတွေစိုးရိမ်မှုရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၅၊၂၀၂၃ ရွာငံမြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေရှိလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ညနေ ၅ နာရီ နောက်ပိုင်း အပြင်မထွက်ဖို့ မှော်ဘုရင်စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အပေါ် ပြည်သူတွေစိုးရိမ်မှု့ရှိနေတယ် လို့ ရွာငံဒေသခံများထံမှ သိရပါတယ်။ ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေ…

စံကားဒေသရှိကျေးရွာများတွင် စစ်ကောင်စီလက်အောက်ခံများ သန်းခေါင်စာရင်းကောက်ယူ

ခမ်းသားငေါဝ်း အောက်တိုဘာ ၄၊၂၀၂၃ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ကျေးရွာများတွင် စက်တင်ဘာလကစပြီး စစ်ကောင်စီလက်အောက်ခံများက သန်းခေါင်စာရင်းကောက်ယူမှုများရှိနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ “ဒီဘက်မှာတော့ ရွာတိုင်းကောက်တယ်။ ကျွန်တော်သိသလောက် ဒီအနီးနားရွာက ဟိုနားရွာ၊ လှီမှီးရွာ၊ လွယ်ဗောင်၊ နောင်ဗို၊ ကုန်းပြား၊…

ထိုင်းနိုင်ငံရောက် ပအိုဝ်းရဟန်သံဃာများဦးဆောင်ပြီး ၄၈ နှစ်ပြည့် ပအိုဝ်းအာဇာနည်နေ့ကျင်းပ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၃ ထိုင်းနိုင်ငံရောက် ပအိုဝ်းရဟန်သံဃာများဦးဆောင်ပြီး ထိုင်းရောက်ပအိုဝ်းမောင်မယ်များက ၄၈ နှစ်ပြည့် ပအိုဝ်းအာဇာနည်နေ့အထိန်းအမှတ်ကို အောက်တိုဘာ (၂)ရက်ကကျင်းပခဲ့ကြောင်းထိုင်းရောက်လူငယ်တစ်ဦးထံမှသိရသည်။ ပအိုဝ်းအာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြုလေးစား အမှတ်ရနေစေရန် ပအိုဝ်းအာဇာနည်နေ့ ကို ထိုင်းနိုင်ငံရှိ မဟာစူလာကွန်တက္ကသိုလ်ကျောင်းတွင်ကျင်းပကြကြောင်းသိရသည်။ “ပြောချင်တာတော့ထိုင်းနိုင်ငံမှာရှိတဲ့…

ယောကျ်ားဖြစ်သူကိုဖမ်းဆီး၍မရခြင်းကြောင့် ဇနီးကို စစ်ကောင်စီဖမ်းဆီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၊ ၂၀၂၃ ရွာငံမြို့နယ် ပဲယင်းတောင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသည့် ကိုဝင်းကျော်ကို စစ်ကောင်စီကလိုက်လံဖမ်းဆီးရာမမိလိုက်သောကြောင့် ဇနီးဖြစ်သူကိုဖမ်းဆီးသွားကြောင်း ရပ်ကွက်အတူနေထိုင်သောဒေသခံထံမှစုံစမ်းသိရပါသည်။ ပင်းတယမြို့နယ်၊ ပုန်းတကန်အနောက်ဘက်၊ဆင်ခေါင်းရပ်ကွက်သို့ စစ်ဘေးရှောင်ပြောင်းရွေ့နေထိုင်လာသည့် ကိုဝင်းကျော်နှင့် ဇနီးမပိုးဥနေအိမ်ကို စစ်ကောင်စီက စက်တင်ဘာလ ၂၉ ရက်နေ့တွင်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါသည်။…

ဖက်ဒရယ်မူများနှင့် လိုက်လျောညီထွေမှုရှိစေရန် ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ကြိုတင်ပြင်ဆင်လျက်ရှိ

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၄၊ ၂၀၂၃ ဖက်ဒရယ်မူများနှင့် လိုက်လျောညီထွေမှုရှိစေရန် ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ကြိုတင် ပြင်ဆင်လျက်ရှိကြောင်း ယနေ့ကျရောက်သည့် (၄၈)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့တွင် PNFC မှအသိပေးထုတ်ပြန်လိုက်သည်။ ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကြိုတင် ပြင်ဆင်ရာတွင် ပအိုဝ်းပြည်သူတစ်ရပ်လုံး တူညီသောအမျိုးသားရေးစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ပေးကြရန်…

ပြည်သူ့ကာကွယ်ရေးတပ်များထောက်ပံ့မှုမပြုလုပ်နိုင်ရန် စစ်ကောင်စီက ဒေသခံများသွားလာခွင့်ထိန်းချုပ်

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၄၊ ၂၀၂၃ တောထဲရှိပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ကိုသွားရောက်ထောက်ပံ့မှုမပြုလုပ်နိုင်ရန် စစ်ကောင်စီက ဒေသခံများ သွားလာခွင့်ကို ထိန်းချုပ်ထားသည်။ ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာဒေသခံများကို တောခြံသွားလာခွင့်နှင့် ရွာအပြင်ထွက်ခွင့်များကို စစ်ကောင်စီတပ်သားများထံလက်မှတ်ရေးထိုး​ပြီး သွားလာရကြောင်းစုံစမ်းသိရှိရပါသည်။ ”သွားလာခွင့်လက်မှတ်တွေနဲ့အကြပ်ကိုင်ထားတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ လုံးဝမပတ်သက်​​​တော့ဘူးလို့ မိသားစုအလိုက်လက်မှတ်ထိုးသူတွေရှိတယ်”…

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး စည်းရုံးရေးဆင်းပြီးနောက် စစ်ကောင်စီက ထိုရွာအတွင်း​လျှပ်စစ်မီးလိုင်းဖြတ်တောက်ထား

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၃၊ ၂၀၂၄ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF က ရပ်စောက်မြို့ရှိ ကျေးရွာအချို့ကိုစည်းရုံးရေးဆင်းခဲ့ပြီးနောက် အဆိုပါကျေးရွာများသို့ စစ်ကောင်စီတပ်သားများရောက်လာပြီး လျှပ်စစ်မီးများဖြတ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ကောင်းဘို့ကျေးရွာအုပ်စုတွင်းရှိ ကျေးရွာအချို့ကို DPLF ကစက်တင်ဘာ ၁၉ ရက်က…

စစ်ဘေးရှောင်ခဲ့ရသည့်တောင်မဲသင်းဒေသခံများ ပြန်လည်ထူထောင်ရေးအတွက်အခက်ခဲရှိနေ

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊၂၀၂၃ တိုက်ပွဲကြောင့်စစ်ဘေးတိမ်းရှောင်ခဲ့ရသည့်ရှမ်းပြည် နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်မဲသင်း ဒေသခံများ ပြန်လည်ထူထောင်ရေးအတွက်အခက်ခဲရှိနေကြောင်းသိရသည်။ စစ်​ဘေးရှောင်ခဲ့ရသည့် တောင်မဲသင်းဒေသခံများသည် ဇူလိုင်လလယ်ကတည်းက နေရပ် ပြန်လာကြသော်လည်း စားဝတ်နေရေးအတွက်အခက်ခဲကြုံတွေ့နေရကြောင်းသိရ သည်။ “ရွာကိုစပြန်တဲ့ရက်ကဆိုခုထိမေ့လို့မရသေးဘူး။ခြောက်ကပ်ပြီးအိမ်တွေဆိုတော်တော်များများပျက်စီးနေတာမြင်ရတယ် အိမ်ပေါ်တက်တော့လည်းတစ်အိမ်လုံးကိုမွှေထားတာ ဘာမှရစရာမရှိဘူး။ ဆန်၊ ဆီ၊…

နောင်တရားဒေသတွင် PNO/PNA က ၎င်း၏တပ်ထဲဝင်ရာက်ရန် ဟောပြောစည်းရုံးသည့်ပွဲကို ဒေသခံများအား မတက်မနေရ တက်ခိုင်း

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့အရှေ့ဖက်ခြမ်းရှိကျေးရွာများတွင် PNO/PNA အဖွဲ့က ၎င်းတို့၏တပ်ထဲ ဝင်ရောက်ကြရန်‌ ဒေသခံများခေါ်စုပြီး လိုက်ဟောပြောစည်းရုံးနေ ကြောင်း သိရသည်။ စက်တင်ဘာလ၂ ရက်နေ့က ဟောပြောစည်းရုံးပွဲ ပြုလုပ်ခဲ့သည့် နောင်တရားမြို့အရှ့ဖက်ခြမ်း‌ ကျေးရွာတွင်…

You missed