Category: နိုင်ငံရေး / တိုက်ပွဲ

ချို့ꩻထီ၊ ဟမ်ႏဖြေင်း(ဆတ်သေ၊ မြေမဲ)ကျေးရွာတွင် SSPP/SSA မှ ဆန်အပုံး ၈၀၀ တောင်းလာ၍ ဒေသခံများ အခက်အခဲကြုံတွေ့နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊၂၀၂၃ ချို့ꩻထီ၊ ဟမ်ႏဖြေင်း(ဆတ်သေ၊ မြေမဲ)ကျေးရွာတွင် SSPP/SSA အဖွဲ့က ဆန်အပုံး ၈၀၀ တောင်းလာသဖြင့် ဒေသခံများအခက်အခဲကြုံရကြောင်း စုံစမ်းသိရှိရပါသည်။ ချို့ꩻထီ၊ ဟမ်ႏဖြေင်း(ဆတ်သေ၊ မြေမဲ)ကျေးရွာတွင် SSPP/SSA မှ ယမန်နေ့အောက်တိုဘာ ၂၀…

ယုံဗွေကွမ်းသီးခြံမှ ပြန်လာသည့်စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊၂၀၂၃ ယုံဗွေကွမ်းသီးခြံတွင် စခန်းချပြီး ပြန်လာသည့်စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ရွာငံမြို့နယ် တပင်ပျော်၊ ငှက်သောက်ကျေးရွာရှိ ယုံဗွေကွမ်းသီးခြံတွင် စစ်ကောင်စီတပ်သား ၂၀၀ခန့်သည် သွားရောက်စခန်းချပြီး…

နမ့်ဖက်ကာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါ၂ဦးသေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲပြင်းထန်ပြီး နမ့်ဖက်ကာတွင် လက်နက်ကြီးကျရောက်ပွဲကွဲမှုကြောင့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦး နှင့် ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။ ယနေ့အောက်တိုဘာ၂၇ ရက်နေ့ မနက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့ဖြစ်သော MNTJP/MNDAA…

ယုံဗွေကွမ်းသီးခြံတွင် စစ်ကောင်စီတပ်အင်အား၂၀၀ ခန့် လာရောက်တပ်စွဲထားသဖြင့် ဒေသခံများကြောက်လန့်နေရ

ခမ်းသားငေါဝ်း၊ အောက်တိုဘာ ၁၉၊၂၀၂၃ ရွာငံမြို့နယ် ယုံဗွေကွမ်းသီးခြံတောတွင် စစ်ကောင်စီတပ်သား အင်အား၂၀၀ ခန့်လာရောက်တပ်စွဲထားသဖြင့် အနီးတဝိုက်ရှိဒေသခံများက ကြောက်လန့်ပြီး ခြံမသွားရဲကြကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော် ကျေးရွာ၊ ငှက်သောက်ကျေးရွာအနီးရှိ ယုံ​ဗွေတော ကွမ်းသီးခြံတွင်…

ဖယ်ခုံမြို့အတွင်းရှိ ပြည်သူနေအိမ်အချို့ ဓားပြတိုက်ခံရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၉၊၂၀၂၃ ဖယ်ခုံမြို့အတွင်းရှိ ပြည်သူနေအိမ်များတွင် ဓားပြတိုက်မှု၊ လုယက်မှုများ ဖြစ်ပွားနေကြောင်း‌ ဖယ်ခုံဒေသခံတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့၊ မြို့ကုန်းနှင်ညောင်ပင်သာရပ်ကွက်ရှိ ဒေသခံပြည်သူများ နေအိမ်အချို့တွင် အမည်မသိလူနှစ်ဦးကအောက်တိုဘာလ ၁၈ ရက်နေ့၌ ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။…

စစ်ကောင်စီက ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း‌နေတာပါ ဟု PNFC ဥက္ကဋ္ဌပြော

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၃ စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးသဘောတူစာချုပ် NCA နှင့်ပတ်သက်ပြီး ဗန်းပြတလွဲအသုံးချနေကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောသည်။ စစ်ကောင်စီသည် NCA၏ (၈)နှစ်ပြည့်အခမ်းအနားကို မိမိသဘောဖြင့် နေပြည်တော်တွင် ပြီးခဲ့သည့်အောက်တိုဘာ (၁၅)ရက်နေ့က…

မိုးဗြဲတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဒေသခံနေအိမ်များ မီးရှို့ဖျက်ဆီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၃ ရှမ်း-ကယားနယ်စပ်ရှိ မိုးဗြဲမြို့ စည်ကား ၃ ရပ်ကွက်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ အောက်တိုဘာလ ၁၇ ရက် နေ့လယ်…

တလုပ်ချရေတံခွန်အနီးတွင် စစ်ကောင်စီတပ်လက်နက်ကြီးများ လာရောက်ပစ်ခတ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၇၊၂၀၂၃ တလုပ်ချရေတံခွန်အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရွာငံမြို့နယ် ကျောက်ဂူတိကျေးရွာနှင့် ထန်းလှပင်ကျေးရွာကြား တလုပ်ချရေတံခွန်ရှိရာဝန်းကျင်ကိုအောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများက အင်အားသုံးကာ…

တိုင်းရင်းသားအမည်များကို ပြောင်းလဲလုပ်ဆောင်ရာတွင် လဝကရုံးက ထည့်သွင်းခွင့်မပြု‌သဖြင့် တိုင်းရင်းသားများ အခွင့်အရေးဆုံးရှုံး ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၇၊၂၀၂၃ နိုင်ငံသား စိစစ်ရေးကတ် (မှတ်ပုံတင်)တွင် ဗာမာအမည်မှ တိုင်းရင်းသားအမည်များကို ပြောင်းလဲလုပ်ဆောင်ရာတွင် လဝကရုံးက ထည့်သွင်းခွင့်မပြု‌ကြောင်း တိုင်းရင်းသားလူငယ်တစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ လဝကရုံးများတွင် ပအိုဝ်းတိုင်းရင်းသားတို့၏ အမည်ဖြစ်သော ခွန်/နန်းကို နိုင်ငံသားစီစစ်ရေးကတ် မှတ်ပုံတင်တွင်…

တောင်မဲသင်းကျေးရွာတွင် စစ်ကောင်စီတပ်က အင်အား ၄၀၀ ခန့် လာရောက်တပ်စွဲသဖြင့် ဒေသခံများ လုံခြုံရေးစိုးရိမ်ရ ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၃ ပင်လောင်းမြို့နယ်တောင်ပိုင်း တောင်မဲသင်းကျေးရွာတွင် အောက်တိုဘာ ၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အား ၄၀၀ ဝန်းကျင်ဖြင့် လာရောက်တပ်စွဲနေထိုင်ခဲ့ကြောင်း ‌စုံစမ်းသိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ပိုင်း တောင်မဲသင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများက လာရောက်တပ်စွဲနေထိုင်သဖြင့် ဒေသခံပြည်သူများ…