Category: နိုင်ငံရေး / တိုက်ပွဲ

စစ်ကောင်စီ တပ်စခန်း (၃)ခု သိမ်းယူခဲ့ပြီး သံချပ်ကာတင့်ကား(၁)စီးကိုလည်း MNDAA ထပ်မံသိမ်းဆည်းရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၈၊၂၀၂၃ ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ နှင့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခု အပါအဝင် တပ်စခန်း ၃ ခုကို MNDAA က နိုဝင်ဘာလ ၇ ရက်နေ့တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း…

စစ်ကိုင်းတိုင်း တမူးခရိုင်ရှိ ခမ်းပတ်မြို့ကို KIA၊ PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာလ ၇၊၂၀၂၃ စစ်ကိုင်းတိုင်းရှိ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့…

ရှမ်းမြောက်တိုက်ပွဲတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၂၄ ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊၂၀၂၃ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီမှလေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၂၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ…

ရှမ်းမြောက်တွင်တိုက်ပွဲကြောင့်ဒေသခံလူထုသောင်းချီထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၆၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တိုက်ပွဲဖြစ်ပွားခြင်းကြောင့် အိုးအိမ်​နေရပ်စွန့်ခွါပြီးစစ်ဘေးရှောင်ပြည်သူ သောင်းချီရှိလာခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ၂၇ ရက်နေ့မှစပြီး နိုဝင်ဘာလ ၆ ရက်နေ့အထိ နေ့စဉ်တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားလျက်ရှိကာ ပြည်သူများဘဝနေထိုင်မှု လုံခြုံမှုမရှိကြောင်းရှမ်းမြောက်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “ဒီစစ်ဆင်ရေးစတင်ကြေညာတဲ့ရက် တိုက်ပွဲစဖြစ်တဲ့ရက်ကစပြီး ပြည်သူတွေလုံခြုံမှုမရှိတော့ဘူးလေ။ အဲ့ရက်ကတည်းကတချို့ကရှောင်နေရပြီ။ခုထိရှောင်နေရသူ…

ကောလင်းခရိုင် ကောလင်းမြို့ကို PDF များ သိမ်းပိုက်ပြီး၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိဟုဆို

ခမ်းသားငေါဝ်း၊ နိုဝင်ဘာ ၆၊ ၂၀၂၃ အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင် ကွတ်ကဲရေး အစီစဥ်ဖြင့် ကောလင်းမြို့ကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများပြားသိမ်းဆည်းရမိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ထုတ်ပြန်ချက်အရသိရသည်။ စစ်ကိုင်းတိုင်း၊ ကောလင်း ခရိုင်၊…

မြောက်ပိုင်း ညီနောင်မဟာမိတ် အဖွဲ့က စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်သိမ်းပိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာလ ၅၊ ၂၀၂၃ ၁၀၂၇ စစ်ဆင်ရေး (၉) ရက်မြောက်နေ့တွင်လည်း ညီနောင်မဟာမိတ် (၃)ဖွဲ့ တို့စစ်ဆင်ရေးပစ်မှတ်ဖြစ်သည့် စစ်ကောင်စီတပ်စခန်း ၇ ခု ကိုထပ်မံသိမ်းပိုက် နိုင်ခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့၏ လက်ရှိ…

ဆောင်းပြောင်းတွင် လက်နက်ကြီးသံနှင့် ကောလဟာလသတင်းစကားကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ဖြစ်ရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာအနီးတွင် လက်နက်ကြီးသံနှင့် ကောလဟာလသတင်းစကားကြောင့် ဒေသခံများ မအိပ်နိုင်ဘဲ စိုးရိမ်ထိတ်လန့်ဖြစ်နေရကြောင်းဒေသခံများပြောပြချက်အရ သိရသည်။ ဆောင်းပြောင်း‌ကျေးရွာအနီး‌တွင် နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီအချိန်တွင် လက်နက်ကြီးပစ်ခတ်သံ ၃…

KNDF နှင့်မဟာမိတ်တပ်ပေါင်းစုများ အောက်တိုဘာလတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း(၃၀)ကျော်ဖြစ်ပွား ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၄၊၂၀၂၃ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် မဟာမိတ်တပ်ပေါင်းစုများသည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း(၃၀)ကျော် ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာလ စစ်ရေးအနှစ်ချုပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ကယား(ကရင်နီ)ပြည်နယ်တွင် အောက်တိုဘာလအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် မဟာမိတ်တပ်ပေါင်းစုများသည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း(၃၀)ကျော် ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားမျိုးသားကာကွယ်ရေးတပ်…

ဟံမြင့်မိုရ်- ရွာငံသွားလမ်းမကြီးရှိ ခရီးသွားပြည်သူများ အသွားအလာသတိပြုရန် မှော်ဘုရင်စစ်ကြောင်းမှ အသိပေး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ မှော်ဘုရင်စစ်ကြောင်းမှ ဟံမြင့်မိုရ်နှင့် ရွာငံသွားလမ်းမကြီးရှိ ခရီးသွားပြည်သူများအား သတိဖြင့်သွားလာပေးကြရန် မှော်ဘုရင်စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရွာငံဒေသအခြေစိုက် မှော်ဘုရင်စစ်ကြောင်း (P3-1003)က နိုဝင်ဘာလ ၂ ရက်နေ့မှစပြီး အဆိုပါလမ်းမကြီးအား ဖြတ်သန်းမောင်းနှင်မည့်ခရီးသွား‌ ဒေသခံကားများကို…

ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ်မြို့များကို အလုံးစုံထိန်းချုပ်နိုင် ဟု မဟာမိတ် ၃ ဖွဲ့ဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂ ၊၂၀၂၃ စစ်ဆင်ရေး ၇ ရက်တာတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ် ၃ ဖွဲ့ က ယနေ့တွင်…

You missed