တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော်လည်း အိမ်တွင်း ကျန်ရှိပစ္စည်းများမပါလာသဖြင့် စိုးရိမ်နေကြရ ဟုဆို
ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊၂၀၂၃ ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ ဒေါစောဘီးရွာခံများသည် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော်လည်း အိမ်တွင်းတန်ဖိုးရှိပစ္စည်းမပါလာသည့်အတွက် စိုးရိမ်နေရကြောင်း ဒေါစောဘီးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဒေါစောဘီးအပါ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိရပ်ကွက်များ ကျေးရွာများအတွင်း နေထိုင်သည့်ပြည်သူများသည် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်း၊ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် နိုဝင်ဘာ (၁၅)ရက်နေ့တွင်…