Category: နိုင်ငံရေး / တိုက်ပွဲ

တဘက်၊ ကုန်ဆွတ်နှင့် ပင်စုံကျေးရွာမှ နေအိမ်များကို ကရင်နီစစ်ဘေးရှောင်များအား အပိုင်ပေးအပ် ကြောင်း ထုတ်ပြန်စာသည် သတင်းအမှားသာဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၆၊ ၂၀၂၄ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA)မှ မဟာမိတ်တပ်ဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှု သဘောတူ အချက်များကို ဆောင်ရွက်ခွင့်ပေးလိုက်သည်ဟု ဇန်နဝါရီ ၂၆ ရက်နေ့ Page အတုကသတင်းမှား ထုတ်ပြန်ထားသည်။ ထိုထုတ်ပြန်ချက်တွင် PNLO/…

တိုက်ပွဲကြောင့် ဟိုပုံးမြို့နယ်ရှိ စာသင်ကျောင်းများ အကန့်အသတ်မရှိ ပိတ်ထား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၆၊၂၀၂၄ တိုက်ပွဲကြောင့် ဟိုပုံးမြို့နှင့် မဲနယ်တောင်ဒေသရှိ စာသင်ကျောင်းများအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နှင့် မဲနယ်တောင်ဒေသရှိ စာသင်ကျောင်းများအားလုံးကို ဆီဆိုတိုက်ပွဲအခြေအနေအရ ဇန်နဝါရီလ ၂၅ ရက်နေ့မှ စပြီး ရက်အကန့်အသတ်မရှိ…

ပင်လောင်းတွင် PNA စစ်သင်တန်းတက်ထားသူများအား ပြန်ခေါ် ပြီး ရှေ့တန်းတက်ခိုင်းမည် ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၆၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ပအိုဝ်း ဒေသခံများအား PNA ပြည်သူ့စစ်သင်တန်းတက်ထားသူများကို ပြန်ခေါ်ပြီး ယခုဖြစ်ပွားသည့်တိုက်ပွဲအတွင်း ရှေ့တန်းတက်ခိုင်းမည်ဟု ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။ ၂၀၂၂-၂၃ ခုနှစ်တွင် PNA ပြည်သူ့စစ်သည် ပအိုဝ်းဒေသရှိ ကျေးရွာများထံမှ…

ဆီဆိုင်တွင် တစ်ရက်အတွင်း စစ်ကောင်စီ လေယာဉ်တိုက်ခိုက်မှုအကြိမ်၂၀ ကျော်ရှိပြီး အကြိမ် ၁၀၀ ကျော်ဗုံးကြဲ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၆၊၂၀၂၄ ဆီဆိုင်မြို့တွင် တစ်ရက်အတွင်း စစ်ကောင်စီတပ်မှ လေယာဉ်တိုက်ခိုက်မှု အကြိမ်၂၀ ကျော်ရှိပြီး ပေါင် ၅၀၀ ဗုံးအပါအဝင် အကြိမ် ၁၀၀ ကျော် ဗုံးကြဲချခဲ့ကြောင်း PNLA က ထုတ်ပြန်ထားပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊…

တောင်ကြီးရောက် ဆီဆိုင်စစ်ရှောင်များကို ဝိုင်းဝန်းကူညီပေးရန် ဆီဆိုင်ဒေသခံများတောင်းဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တောင်ကြီးမြို့သို့ အရေးပေါ် တိမ်းရှောင်လာရသည့် စစ်ရှောင်များအတွက် လိုအပ်နေသည်များကို ဝိုင်းဝန်းကူညီပေးရန် ဆီဆိုင်ဒေသခံများမှ တောင်းဆိုပြောကြားလာသည်။ ဆီဆိုင်မြို့နယ်တွင် ဇန်နဝါရီလ ၂၄ ရက် ညနေ…

ဆိုက်ခေါင်တွင်ပေါ်တာ ဖမ်းသည်ဟုသတင်းထွက်ခြင်းကြောင့် လူငယ်အချို့ထွက်ပြေးနေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊၂၀၂၄ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြဒေသအတွင်း စစ်ကောင်စီကပေါ်တာဆွဲခေါ် ဖမ်းဆီးသည်ဟု ကောလာဟလသတင်းပြန့်ပြီးနောက် ဒေသတွင်းရှိ လူငယ်လူရွယ်အချို့ထွက်ပြေးနေရကြောင်းဒေသခံအချို့ထံသိရသည်။ ယနေ့ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်က ပေါ်တာဆွဲ ဖမ်းသည် ဟူသောသတင်းများ အွန်လိုင်းပေါ်၌…

ဆီဆိုင်မြို့နယ်ရောက် ကရင်နီစစ်ရှောင်များ ထပ်မံတိမ်းရှောင်ရန် အခက်ခဲရှိနေဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှာ ရောက်လာသည့် ကရင်နီပြည်စစ်ဘေးရှောင်များသည် ယခုမှထပ်မံတိမ်းရှောင်ရန်အခက်ခဲရှိနေကြောင်း ဆီဆိုင်ရောက် စစ်ရှောင်အမျိုးသမီးတစ်ဦးထံမှသိရသည်။ ဆီဆိုင်မြို့သည် လက်ရှိမှာ စစ်ကောင်စီ၊PNO ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် PNLA၊KNDF၊PDFနှင့်တော်လှန်ရေးအင်အားစုအပါ SSPP/SSAတို့အပါပူးပေါင်းပြီး တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဆီဆိုင်မြို့ခံများနှင့်…

ပအိုဝ်းဒေသ စစ်ရေးမငြိမ်မသက်ဖြစ်ချိန် Facebook ပေါ်ဝါဒဖြန့် page၊သတင်းအမှား တင် သော page များ ပိုများလာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊၂၀၂၄ ပအိုဝ်းဒေသတွင် စစ်ရေးမငြိမ်မသက် ဖြစ်ချိန်ကာလအတွင်း Facebook လူမှုကွန်ယက်ပေါ်တွင် ဝါဒဖြန့် page၊ သတင်းတုသတင်းအမှား တင်သော page ပိုများ လာကြောင်း တွေ့နေရပါသည်။ ထို page အများစုသည် ပအိုဝ်းစာ၊…

PNOပြည်သူ့စစ်ရှိသည့် ကျေးရွာများတွင် ရွာသားများအား ဘုန်းကြီးကျောင်း၌ စုနေခိုင်းပြီး အပြင်ပေးမထွက်ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅ ၊ ၂၀၂၄ ဆီဆိုင်မှတောင်ကြီးတက်သည့် ကားလမ်းတလျှောက်ရှိ ကျေးရွာများနှင့် PNO ပြည်သူ့စစ်ရောက်ရှိသည့် ကျေးရွာများတွင် ရွာသားများအား ဘုန်းကြီး ကျောင်း၌စုနေခိုင်းပြီး ထွက်ခွင့်မပေးခြင်းများပြုလုပ်နေကြောင်း သိရသည်။ လက်ရှိတွင် ဆီဆိုင်မြို့နယ် နမ်းဩနှင့်ထီတမောင်ကြားတွင် သေနတ်သံများကြားနေရပြီး…

Page အတုအယောင်များကို သတိပြုကြရန် PNLAက သတိပေး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊ ၂၀၂၄ ဆီဆိုင်မြို့မရဲစခန်း ကို PNLA နှင့်မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းကြောင့် PNLA လူမှုကွန်ယက် Facebook page အတုဖြန့်ဝေမှုပေါ်ပေါက်လာခဲ့ကြောင်းသိရသည်။ ပအိုဝ်းဘာသာစကားဖြင့် ထို page သည် မိမိတို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို…

You missed