Category: နိုင်ငံရေး / တိုက်ပွဲ

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့်လက်ပါးစေကြောင့် သေဆုံးသူ လေးထောင်ရှစ်ရာကျော်ထိရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ အာဏာသိမ်းဖြစ်စဥ် စတင်ချိန်ကစပြီး စစ်ကောင်စီနှင့် လက်ပါးစေကြောင့် သေဆုံးသူစုစုပေါင်းမှာ (၄၈၃၀) ဦးရှိခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဧပြီ ၃ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲသတ်ဖြတ်ခံရသူ (၁၇၀၀)…

လွိုင်ကော်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား ၁၃ ဦးအပါအဝင် အကျဥ်းသား/သူ ၃၈ ဦးလွတ်မြောက်လာ

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ လွိုင်ကော်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား ၁၃ ဦးအပါအဝင် အကျဥ်းသား/သူ စုစုပေါင်း ၃၈ ဦးလွတ်မြောက်လာကြောင်း KPPA ထံကသိရသည်။ ကရင်နီပြည်နယ် လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းသား ၃၈ ဦးကို ပြီးခဲ့သည့်…

ညောင်ရွှေမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့ တာဝန်များမှ နှုတ်ထွက်ရပ်ဆိုင်း

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ ညောင်ရွှေမြို့ နှင့် အင်းလေးဒေသ အတွင်းရှိ အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှုးအချို့ တာဝန်မှ နှုတ်ထွက် ရပ်ဆိုင်းလိုက်ကြောင်း JMC – Innlay ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊…

ဒေသခံများ တိုင်တန်း၍ ဖမ်းမိသည့်သူခိုးများအား PNLA စစ်ဆေးနေဆဲဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ ဆီဆိုင်တွင် သူခိုးများ အိမ်ဖောက်ခိုးယူနေချိန်တွင် အိမ်ရှင်များကမြင်ပြီး PNLA ကိုတိုင်းတန်းလာသဖြင့် ဖမ်းမိထားသည့် သူခိုးများအား ယခုတွင် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ တိုက်ပွဲဖြစ်ပွားသည့် နှစ်လအတွင်းတွင် ပစ္စည်းလိုက်ခိုးနေသည့် သူခိုးများအား…

ဆီဆိုင်မြို့သို့တစ်ပတ်ပစ္စည်းပြန်သယ်ယူခွင့်စစ်ကောင်စီခွင့်ပြုသည့်အတွက် ပြန်သူများနေ

ခမ်းသားငေါဝ်း ဧပြီ ၃၊၂၀၂၄ ဆီဆိုင်မြို့အတွင်း ပြည်သူများအနေဖြင့် ပစ္စည်းပြန်သယ်ရန် အချိန်တစ်ပတ်ခွင့်ပြုမည်ဟုစစ်ကောင်စီကပြောဆိုသည့်အတွက် ပြန်ကြသူများနေကြောင်း သိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့အတွင်းသို့ပြန်ရန် စစ်ကောင်စီကခွင့်ပြုသည့်အတွက် ပြည်သူများ မိမိအိမ်ရှိပစ္စည်းပြန်သယ်ကြရာတွင် မြေမြုပ်မိုင်းများနင်းမိပြီး ထိခိုက်ဒဏ်ရာရမှုရှိသော်လည်း ပြန်ယူရန်လိုအပ်သည့်ပစ္စည်းအား အရဲစွန်းပြီးပြန်ကြသူများရှိနေသည်။ “လိုင်းပေါ်မှာ သူများပြန်တာလည်းတွေ့တော့…

စစ်ကောင်စီလေယာဉ်နှင့် ဗုံးလာကြဲသဖြင့် ပင်ပုံဘုန်းကြီးကျောင်း ပျက်စီး

ခမ်းသားငေါဝ်း ဧပြီ ၃၊ ၂၀၂၄ စစ်ကောင်စီလေယာဉ်ဖြင့် ဗုံးလာကြဲခြင်းကြောင့် ပင်ပုံဘုန်ကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်ပုံကျေးရွာဘုန်ကြီးကျောင်းကို ဧပြီလ ၂ ရက်နေ့တွင် စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးခဲ့ရသည်။ “ခုတိုက်ပွဲ…

ဆီဆိုင်မြို့တိုက်ပွဲတွင် ဇဝနာရာမကျောင်းတိုက်အပါ လူနေအိမ် များစွာထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း မတ် ၃၁၊၂၀၂၄ ဆီဆိုင်မြို့တိုက်ပွဲတွင် ဆီဆိုင်မြို့ပေါ်ရှိ ဇဝနာရာမ ပရိယတ္တိစာသင်တိုက်အပါ လူနေအိမ်အဆောက်အဦးများစွာ ပျက်စီး ဆုံးရှုံးနေရကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နှင့်မြို့နယ်အတွင်း တိုက်ပွဲ ၂ လကျော်ဖြစ်ပွားရစစ်ကောင်စီဘက်မှလက်နက်ကြီးများ လေယာဥ်ဖြင့်ဗုံးကြဲမှု ဒရုန်းဖြင့်ဗုံးကြဲမှုများတို့ကြောင့် ပျက်စီးရခြင်းဖြစ်သည်။ “ကျောင်းတော်က ပျက်စီးတာအတော်လေးရှု့မြင်ဖွယ်မကောင်းပါဘူး…

စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်နောင်ဝိုးတောင်ပေါ် တံတား ပျက်စီး

ခမ်းသားငေါဝ်း မတ်လ ၃၀၊ ၂၀၂၄ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် ပင်​လောင်း- လွိုင်ကော်လမ်းမကြီး နောင်ဝိုးတောင်ပေါ် တံတားပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့ ပင်လောင်း လွိုင်ကော် ပြည်ထောင်စုလမ်းမပေါ် နောင်ဝိုးနှင့်ဆောင်းပြောင်းရွာကြားရှိ လမ်းတံတားကို ယနေ့…

ဆီဆိုင်မြို့သည် စစ်ဇုန်ဖြစ်နေခြင်းကြောင့် ဝင်ရောက်ပါက လူသားဒိုင်းအဖြစ်ခံရနိုင်ဟု PNLA ပြောဆို

ခမ်းသားငေါဝ်း မတ် ၃၀ ၊ ၂၀၂၄ ယခုဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားသည့် အခြေ အနေဖြစ်ပြီး ပြည်သူများအနေဖြင့် ဝင်ရောက်ပါက စစ်ကောင်စီ၏လူသားဒိုင်းအဖြစ်အသုံးပြုခြင်းကို ခံရနိုင်ကြောင်း PNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့သည် တိုက်ပွဲဇုန်ဖြစ်နေပြီး စစ်ကောင်စီအနေဖြင့် ပြည်သူများအား…

တောတောင်ထဲ ဒုက္ခပေါင်းစုံအပြင် တိုက်လေယာဉ်၊ လက်နက်ကြီးရန်ကိုအမြဲကြောက်နေခဲ့ရတဲ့ စစ်ရှောင်ဘဝ

ခမ်းသားငေါဝ်း မတ်လ ၃၀၊ ၂၀၂၄ ရေးသားသူ- ခွန်ပေ “ကျွန်တော် ကြက်သွန်ဖြူ ရေဖြန်းနေချိန် လေယာဉ်လာတော့ အကာကွယ်ယူဖို့ သစ်ပင်ကြီးကြီးအောက်မှာ ပြေး ပုန်းခဲ့ပါတယ်။လေယာဉ်က ကျွန်တော်နဲ့ မလှမ်းမကမ်းမှာ ဗုံးကြဲချလိုက်တယ်။ မြေတောင်တုန်တယ်။ မီးတောက်ပွင့်လာတာကိုလည်း ကျွန်တော်သေသေချာချာမြင်နေရတယ်”လို့…