Category: သတင်း

ကျောက္ကဆျားရွာအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံး လာကြဲသဖြင့် နေအိမ်များပျက်စီးပြီးပြည်သူ တစ်ဦးသေဆုံး

ခမ်းသားငေါဝ်း မတ် ၈၊ ၂၀၂၄ ဟိုပုံးမြို့နယ် ကျောက္ကဆျား ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခြင်းကြောင့် ရွာခံတစ်ဦးသေဆုံးပြီး နေအိမ် ၆ လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေး တပ်မတော် PNLA ထုတ်ပြန်ချက်အရ…

တောမီးမှတစ်ဆင့် မီးလောင်မှုကြောင့် လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာ နေအိမ်၂၉ လုံးမီးထဲပါသွား

ခမ်းသားငေါဝ်း မတ် ၈ ၊ ၂၀၂၄ တောမီးမှ တစ်ဆင့် မီးလောင်မှုကြောင့် လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာ နေအိမ်၂၇လုံးမီးထဲပါသွား ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။ ကယား(ကရင်နီ)ပြည် ၊လွိုင်ကော်မြို့နယ် ၊ပါလောင်းကျေးရွာတွင် မတ်လ ၃ ရက်နေ့က…

ဆီဆိုင်မြို့အတွင်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးဖြင့် အသုံးပြု တိုက်ခိုက်

ခမ်းသားငေါဝ်း မတ် ၈၊ ၂၀၂၄ ဆီဆိုင်မြို့အတွင်း စစ်ကောင်စီက ဓာတု အဆိပ်ငွေ့ဗုံးဖြင့် အသုံးပြုတိုက်ခိုက်နေကြောင်း ပအိုဝ်း အမျိုးသား လွှတ်မြှောက်ရေးတပ်မတော်PNLAက ယနေ့တွင် ထုတ်ပြန်ထားသည်။ ယင်းအဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခြင်းကြောင့် PNLA မှ ရဲဘော်များ အရေပြားယားယံခြင်း…

ဗန်းမောက်ရွာတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်များ လာရောက်တပ်စွဲသဖြင့် ဒေသခံနှင့်စစ်ဘေးရှောင်များ ထွက်ပြေးရ

ခမ်းသားငေါဝ်း မတ် ၇၊ ၂၀၂၄ ဗန်းမောက်ရွာတွင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များ လာရောက်တပ်စွဲသဖြင့် ဒေသခံနှင့် စစ်ဘေးရှောင်လာသူများ ရွာထဲ မနေရဲပဲ ထွက်ပြေးနေရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ၊ ဗန်းမောက်ကျေးရွာတွင်…

ပင်လောင်းတွင် မိမိရပ်ရွာအပြင် အခြားတင်းထက်ကျေးရွာသို့လည်း အလှည့်ကျဂိတ်စောင့်နေရ

ခမ်းသားငေါဝ်း မတ် ၇၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းတောင်ဖက်ကျေးရွာတချို့ရှိ လူငယ်များအား PNO ပြည်သူ့စစ်က တခြားကျေးရွာရှိဂိတ်တွင် စောင့်ခိုင်းနေကြောင်း ဒေသခံကခမ်းသားငေါဝ်း သို့ပြောသည်။ မိမိတို့ကျေးရွာမဟုတ်သည့် တင်းထက်ဘက်ရှိဂိတ်တွင် နေ့စဉ် နှစ်ယောက်တစ်ဖွဲ့အနေဖြင့် အလှည့်ကျ ကင်းသွားစောင့်ခိုင်းနေပြီး လူငယ်အများစုက…

ပြည်သူများ ပြည်သူ့စစ် ထဲမဝင်ချင်သော်လည်း အတင်းအဓမ္မ ဆင့်ခေါ်နေ

ခမ်းသားငေါဝ်း မတ် ၇၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မြောက်ဘက်ရှိ လွယ်မွန်၊ ခုတ်နမ်း၊ ကျောင်းချယ်ရွာခံများကို PNO ပြည်သူ့စစ်ထဲဝင်ရန်အတင်းဆင့်ခေါ်နေကြောင်းဒေသခံတစ်ဦးထံက သိရသည်။ PNO ပြည်သူ့စစ် လက်အောက်ခံလူကြီးအချို့က လွယ်မွန်ရွာတွင် အယောက် ၅၀၊ ကျောင်းချယ်နှင့် ခုတ်နမ်းရွာတွင် ၁၀…

တောင်ကြီးဘက်မှ ဟိုပုံးဘက်သို့ စစ်ကောင်စီ အလုံးအရင်း အင်အားဖြည့်နေ

ခမ်းသားငေါဝ်း မတ် ၇၊ ၂၀၂၄ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး ယနေ့တွင် ဟိုပုံးဘက်သို့ စစ်ကောင်စီက အင်အားအလုံးအရင်းနှင့် ဖြည့်တင်းနေကြောင်း မျက်မြင်တွေ့သူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊…

စစ်ကောင်စီမှ ဆီဆိုင်မြို့ကို လက်နက်ကြီးအပြင် ဒရုန်းဖြင့်အကြိမ်ရေ ရာချီပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ့ဆေးရုံကိုထိမှန်

ခမ်းသားငေါဝ်း မတ်လ ၇၊၂၀၂၄ စီကောင်စီက ဆီဆိုင်မြို့ကို လက်နက်ကြီးအပြင် ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်ပြည်သူ့ဆေးရုံ အဆောက်အဦးအားထိမှန်ပြီး ပျက်စီးမှုရှိကြောင်း PNLA ထုတ်ပြန်ချက်အရ သိရသည်။ မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ တစ်နေကုန်နီးပါး လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲခြင်းကို…

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် နန်းတုတ်ရွာ ဒေသခံများနှင့် စစ်ရှောင်များထပ်မံရှောင်တိမ်းနေရ

ခမ်းသားငေါဝ်း မတ် ၇၊ ၂၀၂၄ နန်းတုတ်ကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးမကြာခနပစ်ခတ်နေခြင်းကြောင့် ဒေသခံများနှင့် စစ်ရှောင်များထပ်မံရှောင်တိမ်းနေရကြောင်း မတ်လ(၇)ရက်နေ့ ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဖက်ခုံရှိစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်မကြာခဏပစ်ခတ်လာခြင်းကြောင့် ဒေသခံပြည်သူများနှင့် ကရင်နီဘက်စစ်ဘေးရှောင်များ…

တောင်ကြီး ၄ မိုင်စစ်ဆေးရေးဂိတ်အနီး ကားတစ်စီး တိမ်းမှောက်ပြီး လူ ၃ ဦးသေဆုံး

ခမ်းသားငေါဝ်း မတ် ၇ ၊ ၂၀၂၄ တောင်ကြီးမြို့ တောင်ဖက် ၄ မိုင် စစ်ဆေးရေးဂိတ်တွင် ကားတစ်စီး တိမ်းမှောက်သဖြင့် လူ ၃ ဦးသေဆုံးသွားခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊…