Category: သတင်း

ခရမ်းချဉ်သီးစျေးကျသည့်အတွက် စိုက်ပျိုးတောင်သူများ အရှုံးပေါ်နေ

ခမ်းသားငေါဝ်း မတ် ၇၊ ၂၀၂၄ ခရမ်းချဉ်သီးများစျေးကျနေသည့်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသတွင်စိုက်ပျိုးတောင်သူများ အရှုံးပေါ်နေသည်ဟု မတ်လ(၇)ရက်နေ့တွင် သိရသည်။ ခရမ်းချဉ်သီးစျေးသည် ယခင်နှစ်ထက်စျေးကျနေပြီး ပြည်တွင်းစစ်ကြောင့် ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်း ပိတ်သည့်အတွက် တင်ပို့ရောင်းချရန်အခက်အခဲဖြစ်နေကြောင်းသိရ သည်။ “လုပ်အားခ၊ အပင်ကို ပြုစုရတဲ့ခ၊…

စစ်ကောင်စီက ပအိုဝ်းဝတ်စုံဝတ်ပြီး တိုက်ပွဲ​ဖြစ်သည့် ဟိုပုံးမှ လွယ်ဝိုးတုတ်ဘက်သို့ရှေ့တန်းတက်နေ

ခမ်းသားငေါဝ်း မတ်လ ၇၊ ၂၀၂၄ စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်တို့ ပအိုဝ်းအမျိုးသားဝတ်စုံဝတ်ဆင်ပြီး လက်နက်အပြည့်ဖြင့် ပြည်သူ့ကားများချောဆွဲကာ ယနေ့မနက် ဟိုပုံးမှလွယ်ဝိုးတုတ်ဘက်ကိုစစ်ကြောင်းထိုးနေကြောင်း သတင်းရင်းမြစ်ထံ သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်က ပအိုဝ်းအမျိုးသားဝတ်စုံဖြင့် တိုက်ပွဲဖြစ်ပွားနေသည့်ဟိုပုံးအရှေ့ဘက် လွယ်ပိုးတုတ်ဘက်သို့…

PNO ​ပြည်သူ့စစ်က ဆင့်ခေါ်တဲ့ ပြည်သူ့စစ်သင်တန်းကို လူငယ်အများစုက မတက်ချင်ကြဘူးလို့ဆို

တွေ့ဆုံမေးမြန်းခြင်း PNOပြည်သူ့စစ်သင်တန်းကို မိမိလုံခြုံရေးအတွက်သာဖြစ်တယ်လို့ပြောဆိုခဲ့ပေမယ့် သင်တန်းပြီးထားတဲ့လူငယ်အချို့ကို အခြားနေရာတွေမှာ သွားဖို့ စေခိုင်းခံရတဲ့အတွက် လူငယ်တွေက ဒီအပေါ်မလိုလားကြပါဘူး။ ပြည်သူ့စစ်သင်တန်းနဲ့ပတ်သက်ပြီး မတက်ချင်ပေမယ့် တက်ခဲ့ရတဲ့ပအိုဝ်းလူငယ်တစ်ယောက်နဲ့ ခမ်းသားငေါဝ်းက မေးမြန်းထားပါတယ်။ မေး။ ။မင်္ဂလာပါခင်ဗျ။ ဖြေ။ ။ဟုတ် မင်္ဂလာပါဗျ။ မေး…..။ပြည်သူ့စစ်မှုထမ်းရတာနဲ့ပတ်သက်ပြီးအမြင်ကိုအရင်ဆုံးပြောပြပေးပါဦးခင်ဗျ။…

စစ်အုပ်ချုပ်ရေးကြေညာခြင်းသည် အပစ်ခတ်ရပ်ဆဲရေး သဘောတူညီချက်ဖော်ဆောင်ရာ၌ အခက်အခဲဖြစ်စေသည်ဟု ညီနောင်မဟာမိတ်ဆို

ခမ်းသားငေါဝ်း မတ် ၆၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးဥပဒေ(Martial law)ကို ကြေညာလိုက်ခြင်းသည် အပစ်ရပ်ဆဲရေးဖြစ်သည့် ဟိုင်ဂင်သဘောတူညီချက်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရာတွင် အခက်အခဲဖြစ်စေသည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ဟိုင်ဂင်သဘောတူညီချက်အား အကောင်အထည်ဖော်…

တောင်နီဈေးဟောင်း ဖျက်သိမ်းခံရမှုအပေါ် ဈေးသည်ဟောင်းများမကျေနပ်ကြသလို အခက်ခဲဖြစ်နေရဟုဆို

ခမ်းသားငေါဝ်း မတ် ၆၊၂၀၂၄ တောင်နီဈေးဟောင်းအား စစ်ကောင်စီလက် အောက်ခံဒေသတွင်း အာဏာပိုင်များက ဖျက်သိမ်းခံရမှုတွင် ဈေးသည်ဟောင်းများ မကျေနပ်ကြသလို အခက်ခဲများဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် တောင်နီဈေးဟောင်းသည် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့၌…

ရွာငံ-မန္တလေးလမ်း မြို့ကြီးရွာအနီးတွင် Probox ကားတစ်စီး တိမ်မှောက်ပြီး ၆ ဦးသေဆုံး

ခမ်းသားငေါဝ်း မတ် ၆၊ ၂၀၂၄ ရွာငံ -မန္တလေး လမ်း မြို့ကြီးရွာအနီးတွင် Probox ကားတစ်စီး အရှိန် မထိန်းနိုင်ပဲ တိမ်မှောက်ပြီး ၆ ဦး သေဆုံးပြီး ၁ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။…

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ စစ်မှုမထမ်းမနေရမူကိုကာကွယ်ရန် PNLA တပ်က ​ပြည်သူကိုစစ်မှုထမ်းခေါ်ယူနေ

ခမ်းသားငေါဝ်း မတ်လ ၅၊ ၂၀၂၄ ပအိုဝ်းဒေသတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်သည့်သူ စစ်မှုမထမ်းမနေရမူကိုကာကွယ်ရန် PNLA တပ်မှ ဆီဆိုင်မြို့တောင်ဘက် ကျေးရွာများရှိဒေသခံများကို PNLA တပ်ထဲစစ်မှုထမ်းရန် ခေါ်ယူနေကြောင်း PNLO/PNLA တာဝန်ရှိသူ တစ်ဦးထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း…

ဆီဆိုင်မြို့တွင် စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲပြင်းထန်

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ဆီဆိုင်မြို့သို့ စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းကြောင့် ဖေဖော်ဝါရီ(၄)ရက်နေ့တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ (၅)ရက်နေ့က PNLA ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့သို့ စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းကြောင့် PNLA ကခုခံတိုက်ခိုက်ရာ ဆီဆိုင်မြို့မြောက်ဘက်တွင်…

ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့ ဆွေးနွေးပွဲရလဒ်နှင့်ပတ်သက်ပြီး ထုတ်ဖော်မပြောရန် သဘောတူထားကြောင်း စစ်ကောင်စီဘက်ကပြော

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့ ဆွေးနွေးပွဲရလဒ်နှင့်ပတ်သက်ပြီး ထုတ်ဖော်မပြောရန် နှစ်ဖက်သဘောတူညီထားကြောင်း စစ်ကောင်စီ၏ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် မတ်လ(၁)ရက်နေ့မှ(၃)ရက်နေ့ထိ တရုတ်နိုင်ငံကူမင်းမြို့တွင် မြောက်ပိုင်းညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပခဲ့ပြီး ဆွေးနွေးပွဲရလဒ်ကို…

မိုင်းပန်တွင် ဗာမာလူမျိုးကလွဲပြီး အခြားတိုင်းရင်းသားများကို RCSS/SSA မှ စစ်မှုထမ်းရန်ခေါ်နေဟုဆို

ခမ်းသားငေါဝ်း မတ် ၅၊၂၀၂၄ မိုင်းပန်မြို့နယ်ရှိ အသက် ၁၈ နှစ်အထက်လူငယ်များအား ဗာမာလူမျိုးကလွဲပြီး အခြားတိုင်းရင်း သားများကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSAမှ စစ်မှုထမ်းရန်ခေါ်ယူနေကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်ရှိ ကျေးရွာများတွင် ဗာမာကလွဲ၍…