Author: khamsarngor

နမ့်ဖတ်ကာတိုက်ပွဲဖြစ်ခဲ့စဉ် ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသခွင့်မရဘဲ တစ်ဦးသေဆုံးခဲ့ရဟုဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီနှင့်ကချင်တပ်မတော် (KIO/KIA)တို့အကြား ဖြစ်ပွားခဲ့သည့် (၁၂၃) တပ်စခန်း သိမ်းတိုက်ပွဲအတွင်း ဒေသခံနှစ်ဦးကို လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာရရှိကြောင်းသိရသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးလာကြဲသဖြင့် အောင်သပြေရပ်ကွက် နေဦးအိုက်လွန်ဗုံးစထိပြီး ဒဏ်ရာအနည်းငယ်သာရရှိခဲ့သော်လည်း ဆေးရုံ၊ ဆေးခန်း ပြခွင့်မရသောကြောင့် သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ကြောင်း…

ဆီဆိုင်တွင် ဦးခေါင်းဒဏ်ရာရ ကလေးအပါအဝင် ၂ ဦးပိတ်မိနေဆဲ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊၂၀၂၄ ဦးခေါင်းဒဏ်ရာရထားသည့်ကလေးအပါဝင် အရပ် သား၂ ဦးနှင့် ပြည်သူအချို့ ဆီဆိုင်မြို့သီရိရပ်ကွက် တွင် ပိတ်မိနေသေးကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ထိုဒဏ်ရာရထားသူသည်စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲမှု နှင့် ကြုံပြီး ဒဏ်ရာရကြသူဖြစ်ကြောင်း ယနေ့အထိသွားကယ်ထုတ်ရန် အခက်ခဲရှိနေသေး ကြောင်းသိရသည်။ “ကလေးက ခေါင်းထိထားတယ်။ နောက်အမျိုးသားတစ်ဦးပေါင်ထိဒဏ်ရာနဲ့၊ နောက်တစ်ယောက်လေဖြတ်ထားတဲ့လူနာရယ်ပါ။ အခြားလူ ၂၀ လောက်ပေါ့ သီရိရပ်ကွက်က။ အခုလောလော ဆယ်က ခေါ်ထုတ်မရသေးဘူး။…

မိုင်းပွန်အနီးတဝိုက်တိုက်ပွဲတွင် စစ်ကောင်စီနှင့် ပြည်သူ့ စစ် ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းသိမ်းဆည်းရမိ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄ ဟိုပုံးမြို့နယ်အရှေ့ဘက် မိုင်းပွန်အနီးတိုက်ပွဲတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ် ၄ ဦး သေဆုံးပြီးလက်နက်ခဲယမ်းသိမ်းဆည်းရမိ ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဖေဖော်ဝါရီ (၂၂)ရက်နေ့ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အရှေ့ဘက်မိုင်းပွန်မြို့အနီးတဝိုက်တွင် ဖေဖော်ဝါရီ ၂၁ ရက်ကပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)စစ် ကြောင်းအား စစ်ကောင်စီနှင့် လက်အောက် ခံပြည်သူ့စစ်အဖွဲ့တို့ လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဖော်ပြထားသည်။ “အဲ့ဒီတိုက်ပွဲဖြစ်ပွားမှုမှာတော့ စစ်ကောင်စီနဲ့ PNOပြည်သူ့စစ်အလောင်း…

နမ့်ဘော်ခမ်းရွာထဲ စစ်ကောင်စီလက်နက်ကြီးကျသဖြင့်အရပ်သား နေအိမ်သုံးလုံးပျက်စီး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄ လွိုင်လင်မြို့နယ်၊နားယမ်အုပ်စု နမ့်ဘော်ခမ်းရွာတွင်စစ်ကောင်စီလက်နက်ကြီးရမ်းသမ်းပစ်ခတ်လာပြီး ရွာထဲ ကျသဖြင့် အရပ်သားနေအိမ်သုံးလုံး ပျက်စီးခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံး-မိုင်းပွန် လမ်းပေါ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ်PNLAတို့ တိုက်ပွဲ ပွားပြီးနောက် တိုက်ပွဲမဖြစ်ပွားသည့်ကျေးရွာတွင် စစ်ကောင်စီက လက်နက်ကြီးအကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်လာခဲ့ပါသည်။ “အခုထိတော့ အိမ် ၃ လုံး ထိတယ်။ ဒီမနက် လက်နက် ကြီး ပစ်ခတ်မှုကတော့…

လွိုင်ကော်မြို့ပေါ်ရပ်ကွက်ကို စစ်ကောင်စီကမီးလောင်ဗုံးကြဲပြီး နေအိမ်များမီးလောင်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊၂၀၂၄ လွိုင်ကော်မြို့ပေါ် ရှိ ရပ်ကွက်အတွင်းကို စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်ရာ ရပ်ကွက်အတွင်း လူနေအိမ်မီးလောင်ပျက်စီးခဲ့ရကြောင်းKNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ကရင်နီပြည် လွိုင်ကော်မြို့ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်၌တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က ဒရုန်းဖြင့် မီးလောင်ဗုံးများ၊ အဝေးပစ် မီးလောင်ဗုံးများ လိုက်လံကြဲချခဲ့ပြီး ရွှေတောင်၊ မင်္ဂလာ၊ ပိုးဇာခြံ စသည့်ရပ်ကွက် ၅…

ဆီဆိုင်- လွိုင်ကော်လမ်းမကြီးအရှေ့ဘက်ဒေသခံများထံPNLA ဆက်ကြေးကောက်သည်ဆိုသည့်သတင်းမဟုတ်မှန်ကြောင်းPNLA ငြင်းဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄ ဆီဆိုင်-လွိုင်ကော်လမ်းမကြီးအရှေ့ဘက်ကျေးရွာကို PNLA က ပိုက်ဆံကောက်နေသည် ဟူသောသတင်းသည် မဟုတ်မမှန်ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တာဝန်ရှိသူတစ်ဦးက ​ငြင်းဆိုပြောကြားလိုက် သည်။ အွန်လိုင်းပေါ်၌ ပျံ့နှံ့နေသောသတင်းသည် PNOအကောင့်တုသမားများနှင့် ပြည်သူကိုသတင်းအမှားပေးနေသည့် လော်ဘီသတင်းများသာဖြစ်ကြောင်းပြောဆိုသည်။ “ပြည်သူလူထုကို ၇ သိန်း၊ ၅ သိန်း၊ တစ်အိမ်ဘယ်လောက် သေနတ်ဖိုးတစ်အိမ်ဘယ်နှစ်သိန်းကောက်တယ်တွေက ကျွန်တော်တို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ PNLAက လုံးဝမလုပ်ဘူး။…

မိုင်းပွန်မြို့အဝင် စစ်ကောင်စီက ပိတ်ထားဆဲဖြစ်ပြီး သွားလာ၍မရသေးဘဲ ကားများပိတ်မိနေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄ မိုင်းပွန်မြို့အဝင်ဂိတ်ကို စစ်ကောင်စီက ပိတ်ထားဆဲဖြစ်ပြီး ခရီးသည်ကား၊ကုန်တင်ကား ရာနှင့်ချီ ပိတ်မိနေကြောင်း မြို့ခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံး-မိုင်းပွန်လမ်းပေါ်တွင် ဖေဖော်ဝါရီ၂၁ ရက်နေ့က PNLA နှင့် စစ်ကောင်စီ ၊ လက်အောက်ခံပြည်သူ့စစ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက မိုင်းပွန်မြို့အဝင်ဂိတ်တံတားကို ပိတ်လိုက်ကြောင်း သိရသည်။ “ဒီမနက်ထိ လမ်းက ပြန်မဖွင့်သေးဘူး။မနေ့က ခနပြန်ဖွင့်သေးတယ်။ကားကအရမ်းများတော့ ရုတ်ရုတ်သဲသဲဖြစ်ပြီး ခနဘဲပြန်ပိတ်သွားတယ်။ဒီမနက်လည်း…

အောင်ပန်းတွင် လက်ဖက်ရည်ဆိုင်မီးလောင်ရာမှ ဘေးရှိနှစ်ထပ်အိမ်နှင့် လေးထပ်အိမ်ပါမီးလောင်မှုဖြစ်ပွား

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၁၊၂၀၂၄ အောင်ပန်းမြို့အတွင်း လက်ဖက်ရည်ဆိုင်မီးလောင်မှုဖြစ်ပွားရာမှ ဘေးရှိ နှစ်ထပ်အိမ်နှင့် လေးထပ်အိမ်ကိုမီးကူးလောင်ကျွမ်းခဲ့ကြောင်းအောင်ပန်းနာရေးကူညီမှုအသင်းထံမှသိရသည်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၁၁ နာရီ ၄၅မိနစ်အချိန်၌ အောင်ပန်းမြို့ အမှတ်(၁)ရပ်ကွက် ယူနန်ဘေး လက်ဖက်ရည်ဆိုင်ကို မီးလောင်ပြီး ဘေးအိမ် ၂ ထပ်အိမ် ၄ ထပ်တိုက်အိမ်ကိုမီးကူးလောင်ကျွမ်းခဲ့သည်။ “အဲ့လက်ဖက်ရည်ဆိုင်ကနေမီးအရင်စလောင်တာဗျာ့။ အဲ့ဒီလက်ဖက်ရည်ဆိုင်လည်း လူကမအိပ်ဘူးပေါ့နော်။ သူတို့ည ၇…

ဟိုပုံးမှ​ပြန်လာသည့်ပုံးအယ်ရွာသားနှစ်ဦး စစ်ကောင်စီ ပစ်ခတ်၍ ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ ဟိုပုံးမှပြန်လာသည့်ပုံးအယ်ရွာသားနှစ်ဦး ထမ်းဆန်းဂူအနီးတွင် စစ်ကောင်စီပစ်ခတ်၍ ဒဏ်ရာရရှိ ခဲ့ကြောင်း ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ဒေသခံတစ်ဦးပြောဆိုချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ ပုံးအယ်ရွာသားနှစ်ယောက်သည် ယနေ့မွန်းလွဲပိုင်းအချိန် ဟိုပုံးအပြန်လမ်း ထမ်းဆန်းဂူအနီးတွင် ကားရပ်ခိုင်းသည်ကိုကြောက်ပြီး မရပ်ဘဲ ဆက်မောင်း၍ စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့ကြောင်းသိရသည်။ “နေ့လယ်(၁၂)နာရီကျော်(၁)နာရီဝန်းကျင်လောက်ဖြစ်မယ် သူတို့နှစ်ယောက်၊ ဟိုပုံးကအပြန် ထမ်းဆန်းဂူနားရောက်တော့ ကားရပ်ခိုင်းတာကိုမရပ်လို့ စစ်ကောင်စီက သေနတ်နဲ့ပစ်လိုက်တာ၊ တစ်ယောက်ကလက်မောင်းထိတယ် တစ်ယောက်ကခေါင်းထိလို့…

ညောင်ရွှေမြို့တွင်ပြည်သူ့စစ်မှုထမ်းရန် လူစာရင်းစတင်ကောက်ခံ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ ညောင်ရွှေမြို့တွင် ပြည်သူ့စစ်မှုထမ်းရန်အတွက် လူစာရင်း စတင်ကောက်ခံလျက်ရှိကြောင်း မြို့ခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ ပေါ်တွင်ပြည်သူ့ စစ်မှုထမ်းရန်အတွက် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး လူစာရင်းများ ကောက်ခံနေကြောင်းသိရသည်။ “အိမ်ထောင်စုဇယား အရင်လာကောက်တယ်။ ခုတစ်ခေါက် ပြန်လာကောက်ပြီး ဘယ်သူဝင်ရမယ် ဘယ်သူမဝင်ရဆိုတာ ကောက်တယ်။ တစ်အိမ်တစ်ယောက်ကောက်တယ် အသက် ၁၈ ကနေ ၄၅…