Author: khamsarngor

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဟုပြောဆိုပြီး ဟိုပုံးမြို့လုပ်ငန်းရှင်များထံ ငွေတောင်းခံမှုရှိနေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ ဟိုပုံးမြို့တွင် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဟုဆိုပြီး မသမာသူက လုပ်ငန်းရှင်များထံ ငွေတောင်းခံမှုပြုလုပ် နေကြောင်း ဒေသခံများထံ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် ဖေဖော်ဝါရီ (၂၂)ရက်နေ့မှစပြီး လူတစ်စုက ရှမ်းတိုင်းရင်းလက်နက်ကိုင်တပ်ဖွဲ့ ဟုဆိုပြီး လုပ်ငန်းရှင်များထံ ဖုန်းဆက်ပြီးရှမ်းဘာသာစကားနှင့်မေးမြန်းပြီး ငွေများခြိမ်းခြောက်တောင်းခံနေကြောင်း သိရသည်။ “အစက ကားဘီးပေါက်သွားလို့ အကူအညီလိုနေတယ်ဆိုပြီးပြောလာတာ၊ ကားပေါ်မှာလက်နက်တွေပါလို့ မြို့ထဲကိုဝင်လို့အဆင်မပြေဘူး၊ ဘယ်လိုလုပ်ပေးမလဲတဲ့…

မိုင်းပွန်တွင် ခြံမှပြန်လာသည့်ပြည်သူနှစ်ဦးထံ PNO အဖွဲ့ဝင်ကဒ်တွေ့ရှိ၍ SSPP တပ်ကပစ်သတ်လိုက်ကြောင်းသိရ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ မိုင်းပွန်မြို့နယ် ပွန်ချောင်းအပေါ်ဘက် ၁၂ မိုင်ခန့်အကွာတွင် ခြံမှပြန်လာသည့်ပြည်သူနှစ်ဦးထံ PNO ပြည်သူစစ်အဖွဲ့ဝင်ကဒ်တွေ့ရှိသည်ဟုဆိုကာ SSPP/SSA တပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပွန်မြို့နယ် လေမော်ရွာအရှေ့ဘက် ပွန်ချောင်းအပေါ်ဘက် ၁၂ မိုင်ခန့်အကွာသို့ ခြံသွားလုပ်သည့် ခွန်မောင်ငယ်နှင့် အဖော်ဖြစ်သူတစ်ဉီး ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေပိုင်း ခြံမှအပြန်သစ်ပင်အောက်တွင်…

စစ်ကောင်စီက လက်နက်ကြီးနှင့်ရမ်းသမ်းပစ်ခတ်ခြင်းကြောင့်နန်းတုတ်ကျေးရွာတွင် နေအိမ်ထိခိုက်မှုရှိနေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လာခြင်းကြောင့် နန်းတုတ်ကျေးရွာတွင် လူနေအိမ်ထိခိုက်မှုရှိနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအတွင်းသို့ ဖေဖော်ဝါရီ ၂၃ ရက် ည ၈ နာရီကျော်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်လာခဲ့ခြင်းကြောင့် ဒေသခံများကြောက်လန့်နေ​ကြသည်။ “၆ ကြိမ်ပစ်လာတယ် တစ်ကြိမ်ပေါက်ကွဲစတော့ ရွာသား နေအိမ်ကိုထိပြီး…

စစ်ကောင်စီတပ်က ကျေးရွာတွင်းတပ်စွဲထားပြီး စစ်ရှောင်သည့်ရွာသားများ နေအိမ်ဖောက်ထွင်းခံရမည်ကိုစိုးရိမ်နေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ ဟိုပုံမြို့နယ် အရှေ့ဘက်ခြမ်း မိုင်းပွန်အနီးကျေးရွာများတွင် ကျေးရွာတွင်းစစ်ကောင်စီ တပ်စွဲနေရာယူထားပြီး စစ်ရှောင်နေသည့် ရွာသားများ နေအိမ်ဖောက်ထွင်းခံရမည်ကိုစိုးရိမ်နေရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အရှေ့ဘက်ခြမ်း မိုင်းပွန်အနီးတွင် PNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက် ကြီး နှင့်လေယာဥ်ဗုံးကြဲပစ်ခတ်ခြင်းကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသူရှိသလို စစ်ကောင်စီ တပ်လာစွဲ၍ထွက်ပြေးတိမ်းရှောင်ရသူလည်းရှိသည်။ “မနေ့ နေ့လယ်ကသူတို့(စစ်ကောင်စီ)ရွာထဲ ရုတ်တ…

ရှမ်းတောင် တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၃၃ ဦးထိရှိလာ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၃၃ ဦးရှိပြီး၊ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၉ သောင်းကျော်ထိ ရှိလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်ဒေသတွင် သေဆုံးသူ ၃၃ ဦးထဲက အမျိုးသား၂၈ ဦး၊အမျိုးသမီး ၄ ဦးနှင့် ကျားမ အတည်မပြုနိုင်သေးသူ ၁…

ဆီဆိုင်မြို့နယ် တောတွင်းတစ်နေရာ စစ်ဘေးရှောင်အမျိုးသမီး ကလေးမီးဖွားပြီး အရေးပေါ်အကူအညီလိုအပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ ဆီဆိုင်မြို့နယ် တောတွင်း တစ်နေရာတွင် စစ်ဘေးရှောင်အမျိုးသမီး တစ်ဦး ကလေးမီးဖွားခဲ့ပြီး အရေးပေါ်အကူအညီ လိုအပ်လျက်ရှိကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် တောတွင်းတစ်နေရာရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကလေးမီးဖွားခဲ့ပြီး ကလေးအနှီး၊ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။ “ဆေးဝါးလည်းမရှိပါဘူး အဟာရရှိတဲ့ အစားအစာလည်း မရှိပါဘူး တောထဲဟင်းသီး ဟင်းရွက်ဘဲရှာစား…

လွယ်ဝိုးတုတ်ကျေးရွာအနီး စစ်ကောင်စီနှင့် ပြည်သူ့စစ် တပ်စခန်းကို PNLA က သိမ်းပိုက်ရရှိ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာအနီးရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့ ပူးတွဲတပ်စွဲထားသော တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေးအဖွဲ့ချုပ် PNLA က ယနေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာတွင် တိုက်ပွဲ ဖြစ်ပွားပြီး လွယ်ဝိုးတုတ်ကျေးရွာအနီးစစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးတွဲတပ်စွဲရာ တပ်စခန်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ်…

ဇရပ်ကြီးမြို့ ဈေးနှင့်လူနေအိမ် မီးလောင်မှုဖြစ်ပွား

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄ ပဲခူးတိုင်းဒေသကြီး ထန်းတစ်ပင်မြို့နယ် ဇရပ်ကြီးမြို့တွင် ယနေ့ ၂ နာရီခန့်က ဇရပ်ကြီး ဈေးနှင့် လူနေအိမ်များ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဈေးနှင့် လူနေအိမ်များ မီးလောင်ခြင်းဖြစ်ပွားရသည့်အကြောင်းအရင်းကို မသိရသေးကြောင်း ဒေသခံကဆိုသည်။ “ဈေးကိုမီးလောင်ပြီး အိမ်ကိုကူးသွားတာပဲသိရတယ် တခြားဘာကြောင့်ဖြစ်တာတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငဝ်းကိုပြောသည်။ ပအိုဝ်းလူမျိုးအများစုနေထိုင်သည့် ဇရပ်ကြီးဒေသတွင် ဖေဖော်ဝါရီ ၈…

ကျေးရွာတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီကလေယာဉ်နဲ့ ဗုံးလာကျဲ၊ လက်နက်ကြီးနဲ့အဆက်မပြတ်ပစ်ခတ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီကမိုင်းပွန်မြို့နယ် နမ့်ဘော်ခမ်းရွာ၊ ခီနန်းရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများတွင် လေယာဉ်ဖြင့်ဗုံးလာကျဲခြင်း၊ လက်နက်ကြီးဖြင့်အဆင်မပြတ် ပစ်ခတ်တိုက်ခိုက်ခြင်းများရှိနေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်မြို့နယ်မြို့နယ် နားယမ်းကျေးရွာအုပ်စုထဲ့ရှိ ကျေးရွာများတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပုံးအယ်ရွာထဲနှင့်မိုင်းပွန်မြို့တို့မှ လက်နက်ကြီးတပ်အထိုင်ချပြီး ပစ်ခတ်တိုက်ခိုက်လာသည်မှာ ၄ ရက်ရှိပြီဖြစ်ကြောင်းသိရသည်။ “အခြေအနေ မကောင်းဘူး မနက်စောစောစီးစီး လှမ်းထုနေပြီ မနေ့ညလည်း လေယာဉ်နဲ့လာကျဲတယ်”ဟု ဒေသခံတစ်ဦးက…

နမ့်ဖတ်ကာစခန်းသိမ်းတိုက်ပွဲတွင် အဆောက်အဦး ၃၀၀ ကျော်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄ နမ့်ဖတ်ကာ စစ်ကောင်စီ ခလရ (၁၂၃)တပ်စခန်းသိမ်းတိုက်ပွဲအတွင်း အဆောက်အဦးပေါင်း(၃၀၀) ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု တအာင်းအမျိုးသမီး အဖွဲ့(TWO)က ဖေဖော်ဝါရီ(၂၂)ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့က စစ်ကောင်စီတပ်နှင့် ကချင်တပ်မတော်(KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နမ့်ဖတ်ကာအခြေစိုက် ခလရ(၁၂၃) တပ်စခန်းသိမ်းတိုက်ပွဲကြောင့် အဆောက်အဦးပေါင်း(၃၀၀)ကျော်ထိခိုက်ပျက်စီးခဲ့ရကြောင်း…