Author: khamsarngor

ဟိုပုံး မိုင်းပွန်လမ်းကို စစ်ကောင်စီက ဆက်လက်ပိတ်ထားသည့်အတွက် သွားလာ၍မရသေးဟုဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး မိုင်းပွန်လမ်းကို စစ်ကောင်စီက ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး သွားလာ၍မရနိုင်သေးကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။ မိုင်းပွန်နှင့် ဟိုပုံးမြို့နယ်ကြားရှိတိုက်ပွဲများကြောင့် စစ်ကောင်စီက လမ်းများပိတ်ထား‌နေ ပြီးခရီးသွားလာသည့်ပြည်သူများကို သေနတ်ဖြင့်ပစ်ခတ်မှုများပြုလုပ်နေကြောင်းလည်းသိရှိရပါသည်။ “ဟိုပုံး မိုင်းပွန်လမ်းကို ပိတ်ထားတာ ၅ ရက် ၆ရက်ရှိပြီ ခရီးသွားတဲ့ကားတွေကို စစ်တပ်က ပစ်ခတ်တာမျိုးရှိတော့ ခရီးသွားပြည်သူတွေအနေနဲ့ လမ်းခရီးကိုသေချာစုံစမ်းပြီးမှသွားဖို့လိုတယ်”ဟု အမည်မဖော်လိုသူတစ်ဦးက…

ဟိုပုံးမြို့အရှေ့ဘက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဗိုလ်မှူးအဆင့် ၂ ဦး၊ ဗိုလ်ကြီးအဆင့် ၃ ဦးအပါ ၁၆ ဦးသေဆုံး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၆၊၂၀၂၄ ဟိုပုံးမြို့နယ် အရှေ့ဘက်တစ်နေရာ၌ စစ်ကောင်စီတပ် နှင့် PNLAမဟာမိတ်ပူးပေါင်းတပ်တို့အကြားတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ၏ ဗိုလ်မှူးအဆင့်ရှိသူ ၂ဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးအပါ ၁၆ ဦးသေဆုံးခဲ့ကြောင်း PNLA၏ထုတ်ပြန််ချက်အရသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် အရှေ့ဘက်တစ်နေရာတွင်ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်၁၀ နာရီမှ ညနေ ၃ နာရီမိနစ် ၄၀ အထိ…

ပအိုဝ်းဒေသက စာနဲ့ ရေးမထားတဲ့ စစ်မှုထမ်းအမိန့်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄ သတင်းဆောင်းပါး By- ppv005 “သားလွတ်အောင် သွားနော်။ သားအတွက် အကြွေးတွေ အမေ နည်းနည်းချင်း ဆပ်ပေးမယ်”ဆိုပြီး လွိုင်ကော် – အောင်ပန်း ကားလမ်းမကြီး ဘေးမှာ ခေါင်းပေါင်း ဖရိုဖရဲနဲ့ ပအိုဝ်းအမျိုးသမီးကြီး တစ်ဦးက သားဖြစ်သူကို စိတ်ဓာတ် ကြံ့ခိုင်အောင် အားပေးစကား ပြောနေတာဘဲ ဖြစ်ပါတယ်။ ထိုအမျိုးသမီးကြီးကတော့…

ပအိုဝ်းတိုင်းရင်းသားအပါ အရပ်သား၄၅ဦးကို SSPP/SSAကဖမ်းဆီးထားပြီးတပ်သားသစ်နှင့်လာလဲခိုင်းနေဟုဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၅၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပအိုဝ်းရွာနှင့် တအာင်းရွာ. အရပ်သား ၄၅ ဦးကို SSPP/SSA တပ်က ဖမ်းဆီးထားပြီး တပ်သားသစ်နှင့် လာရောက်လဲစေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တပ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးနှင့် ရပ်ရွာတာဝန်ရှိသောဥက္ကဋ္ဌများအပါ အရပ်သား ၄၅ဦးကို အစည်းအဝေးခဏလုပ်မည်ဆိုပြီး ခေါ်ယူထိန်းချုပ်ထားခဲ့ကြောင်းသိရသည်။ “သန်းခေါင်စာရင်းအရ တပ်သားသစ်မပေးနိုင်တော့…

ဓာတ်ဆီဝယ်ယူသယ်လာသည့် ပြည်သူ ၄ ဦးကို PNO ပြည်သူ့စစ်က ရိုက်နှက်စစ်ဆေးပြီး တောထဲရှိ ကြယ်တွင်း(ဆုံ)ထဲတွန်းချ အလောင်းဖျောက်ရန်ကြံစည်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄ တောင်ကြီးမြို့ မှ ဖယ်ခုံသို့ ဓာတ်ဆီဝယ်ပြန်သည့် ပြည်သူ ၄ ဦးကို PNO ပြည်သူ့စစ်ကဖမ်းဆီး ရိုက်နှက်စစ်ဆေးပြီးနောက် ကျောက်တလုံးမြို့ အမိုက်ကြွင်းအနီးတောထဲသို့ခေါ်သွားခဲ့ပြီး ကြယ်တွင်း (ပအိုဝ်းအခေါ် ဆုံ )Sink hole ထဲတွန်းချလိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် တောင်ကြီးမှအပြန် ဆိုက်ခေါင်အနောက်တောင်ဘက် နမ်းစဲစ် ရွာအနီးတွင်…

ပင်လုံအပြန် ကျောက်တန်းလမ်းမကြီးဘက်၌ ၂ ရက်ဆက်တိုက် ကားမတော်တဆဖြစ်ပွား

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၅၊၂၀၂၄ ပင်လုံပြန်သည့် ကျောက်တန်းလမ်းမပေါ်၌ ၂ ရက်ဆက်တိုက် ကားမတော်တဆမှုဖြစ်ပွားခဲ့ပြီး ကားပေါ်ပါလာသူများ ထိခိုက်ဒဏ်ရာရခဲ့ကြောင်းဒေသခံများထံမှသိရသည်။ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၂၃ရက်နေ့၌ ကျောက်တန်းလမ်းမပေါ် ကျူးနေင်းကျေးရွာအနီးမှာဖြစ်ပွားပြီး အမျိုးသမီး ၁ဦးဒဏ်ရာရသလို ဖေဖော်ဝါရီ ၂၄ရက်နေ့တွင်လည်း ဆာဟောင်းကျေးရွာအနီး၌ဖြစ်ပွားပြီး ခေါင်းထိဒဏ်ရာပြင်းထန် ၂ ဦးနှင့် အခြားပါလာသူဒဏ်ရာရခဲ့ကြသည်။ “ဒီလမ်းပိုင်းကအတက်အဆင်းကြီးတော့ ဘရိတ်ကလစ် လစ်သွားပြီးပူတာ မနေ့ကဖြစ်တာလည်း ချောင်းထဲ ချောက်ထဲကျသွားတာမျိုးမဟုတ်ပဲ…

ပြည်သူ့စစ်သင်တန်းတက်ပြီး လူငယ်အချို့ကိုမိမိ ကျေးရွာအတွင်းမဟုတ်ပဲ အခြားနေရာတွင်ကင်းစောင့်သွားခိုင်းနေဟုဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၅၊၂၀၂၄ PNOပြည်သူ့စစ်သင်တန်း တက်ပြီးသော လူငယ်အချို့ကို မိမိကျေးရွာအတွင်းမဟုတ်ဘဲ အခြားနေရာ အခြားကျေးရွာသို့ ကင်းစောင့်ခြင်းသွားရန်စေခိုင်းခံနေရကြောင်း ပြည်သူ့စစ်သင်တန်းတက်ခဲ့သည့် လူငယ်တစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတို့တွင် အသက် ၁၈ နှစ်အထက် ၃၅ နှစ်အောက်လူငယ်လူရွယ်များကို PNOပြည်သူ့စစ်က စစ်သင်တန်းများတက်ခိုင်းပြီး ယင်းလူငယ်များအချို့ကို အခြားနေရာသို့ လုံခြုံရေးဟုဆိုကာ ကင်းစောင့်ရန် သွားခိုင်းနေကြောင်းဆိုသည်။ “အရင်ပထမသုတ်က လူတွေကို အလှည့်ကျနဲ့…

စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် လွယ်ဝိုးတုတ်ကျေးရွာ နေအိမ် ၈ လုံး မီးလောင်ပြာကျ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၄ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် လွယ်ဝိုးတုတ်ကျေးရွာတွင် ပြည်သူနေအိမ် ၈ လုံး မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်နေ့၌ လေယာဥ် ဖြင့် ၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်၍ နေအိမ်မီးလောင်ပျက်စီးခဲ့သည်။ လွယ်ဝိုးတုတ်ကျေးရွာနှင့် ၁…

ပအိုဝ်ႏခမ်းထီစဲ့ꩻPAF အခြေခံ စစ်သင်တန်းအတွက် တပ်သားသစ်ခေါ်ယူ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄ ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင်လှုပ်ရှားသည့် ပအိုဝ်ႏခမ်းထီစဲ့ꩻPAF ၏အခြေခံ စစ်သင်တန်းအတွက် တပ်သားသစ်ခေါ်ယူနေကြောင်းသိရသည်။ တပ်သားသစ်ခေါ်ယူရခြင်းရည်ရွယ်ချက်သည် ပအိုဝ်းခမ်းထီ(ပြည်နယ်)ထူထောင်ရေး၊ ပအိုဝ်း ကံကြမ္မာကို ပအိုဝ်းကိုယ်တိုင်ဖန်တီးနိုင်သော အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ အကြမ်ဖက် ဖက်ဆစ်စစ်အာဏာရှင်မင်းအောင်လှိုင်အုပ်စု အပြီးသတ်ချေမှုန်းရေး၊ လူမျိုးရေးအရ အဖိနှိပ်ခံဘဝမှထာဝရအမျိုးသားလွတ်မြောက်ရေး ဟုပြောဆိုထားသည်။ ပအိုဝ်ႏခမ်းထီစဲ့ꩻPAFသည် မဟာမိတ်များနှင့် နှစ်ရှည်လများ လက်တွဲတိုက်ပွဲဝင်လာသော ပအိုဝ်းတပ်တော် ဖြစ်ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲဝင်နေသော…

စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးလာကြဲမှုကြောင့် လွယ်ဝိုးတုတ်ရွာ နေအိမ်နှစ်လုံးမီးလောင်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ စစ်ကောင်စီကလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် လွယ်ဝိုးတုတ်ကျေးရွာတွင် အရပ်သားပြည်သူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာကို ဖေဖော်ဝါရီ ၂၄ ရက်က စစ်ကောင်စီတပ် လေယာဉ်ဖြင့်လာရောက်ဗုံးကြဲမှုပြုလုပ်ခဲ့ကြောင်းသိရသည်။ “အဲဖက်မှာ PNLAတပ်လည်းမရှိဘူး တပ်စွဲထားတာလည်းမရှိဘူး မနေ့တိုက်ပွဲဖြစ်တဲ့နေရာ သူတို့စခန်းသိမ်းတဲ့နေရာကလည်း လွယ်ဝိုးတုတ်ရွာနဲ့တစ်မိုင်ဝေးတယ်ပေါ့နော် လွယ်ဝိုးတုတ်ကဘာမှ မဆိုင်ဘူး စစ်ကောင်စီက တမင်သက်သက်ဖျက်လိုဖျက်ဆီးလုပ်နေတာ”ဟု PNLA ဖက်ပြောရေးဆိုခွင့်ရှိသူ…