Author: khamsarngor

ပအိုဝ်းအမျိုးသားဝတ်စုံကို စစ်ယူနီဖောင်းအဖြစ် အသုံးပြုမှုကို ပအိုဝ်းလူငယ်အချို့ ကန့်ကွက်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၇၊၂၀၂၄ PNO ပြည်သူ့စစ်သည် စစ်ရေးလေ့ကျင့်ခြင်းနှင့်စစ်သင်တန်းပေး ပြုလုပ်ရာတွင် ပအိုဝ်းအမျိုးသားဝတ်စုံကို စစ်ယူနီဖောင်းအဖြစ် အသုံးပြုမှုအပေါ် ပအိုဝ်းလူငယ်များအချို့က ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြကြောင်း သိရသည်။ ပအိုဝ်းဒေသတွင်း လူငယ်လူရွယ်များကို ပြည်သူ့စစ် အဖြစ်ခေါ်ယူစုဆောင်းပြီး ပအိုဝ်းရိုးရာဝတ်စုံဖြစ်သည် အပေါ်အကျီ အဖြူနှင့် ဘောင်းဘီ အနက်ပြာရောင်ကိုဝတ်ဆင်စေကာ သေနတ်ထမ်း၊ စစ်ရေးပြ၊ ဘယ်ညာလျှောက်သည်ကို အွန်လိုင်းပေါ်ပြန့်နှံ့ခြင်းနှင့်ပတ်သက်ပြီး ပအိုဝ်းလူငယ်တစ်ချို့က ကန့်ကွက်ကြောင်း သိရသည်။…

မိုင်းပွန်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ဟိုပုံးနှင့် မိုင်းပွန်မြို့ကြားက တိုက်ပွဲများကြောင့် မိုင်းပွန်မြို့တွင် Mytle ၊Atom နှင့် Ooredoo လိုင်းများ ပြတ်တောက်နေပြီး MPTလိုင်းသာ ရနေကြောင်း သိရသည်။ “MPT တောင် လိုင်းမကောင်းဘူး…

ယာဥ်မတော်တဆအဖြစ်များသောကြောင့် ကျောက်တန်း ပင်လုံလမ်းယာယီပိတ်ထားဟုသိရ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၇၊၂၀၂၄ ဟိုပုံးမြို့နယ်အရှေ့ဘက်ရှိ ထမ်းစန်းဂူမှ ပင်လုံသို့ဆက်သွယ်ထားသော ကျောက်တန်းလမ်းပိုင်းတွင် ယာဥ်မတော်တဆ ဖြစ်ပွားမှုများနေသည့်အတွက် ယာယီပိတ်ထားကြောင်း ပင်လုံဒေသခံထံမှသိရသည်။ ယင်းကျောက်တန်းလမ်းတွင် ယာဉ်အသွားအလာများပြီး ဖေဖော်ဝါရီ ၂၃၊ ၂၄ ရက်တို့တွင် ယာဉ်မတော်တဆ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေများနေသည့်အတွက် ယနေ့ဖေဖော်ဝါရီ ၂၇ ရက်နေ့မှစပြီး ခေတ္တခဏပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။ “ကားမတော်တဆမှုရယ် နောက်တိုက်ပွဲအခြေအနေကြောင့်ရယ်နဲ့ ခေတ္တယာယီပိတ်လိုက်တာ ပင်လုံဘက်ကနေလည်းမလွတ်တော့ဘူး ဘယ်လောက်ထိပိတ်ထားမယ်ဆိုတာလည်းမသိရသေးဘူး…

စငေါကျေးရွာအုပ်စု တဖူကဲင်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄ စငေါကျေးရွာအုပ်စု တဖူကဲင်းရွာတွင်ဖေဖော်ဝါရီလ (၂၆)ရက်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စုတဖူကဲင်း ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က တိုက်လေ ယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ “မနေ့ည ၇ နာနီလောက်ကဖြစ်မယ်၊ စစ်ကောင်စီတိုက်လေယာဉ်နဲ့ ဗုံးလာကြဲတော့ ရွာထဲကအိမ်တလုံးထိသွားတယ်၊ ရွာထဲမှာတော့…

စစ်ကောင်စီအကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ပျက်စီး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄ အင်းလေးဒေသတွင် စစ်ကောင်စီကအကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းတစ်ခုနှင့် အရပ်သားနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း အင်လေးဒေသ ဟိုပန်ကျေးရွာနှင့် တောင်ပို့ကွဲကျေးရွာတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “တိုက်ပွဲဖြစ်တာလည်း မရှိဘူး အကြောင်းမဲ့သက်သက်ရွာထဲပစ်ထည့်တာ ထီရီးဂိတ်မှာ လက်နက်ကြီး…

လွိုင်လင်နှင့် နမ့်စန်မြို့အတွင်းရှိ ဆီပန့်ဆိုင်ကြီးအချို့ စက်သုံးဆီ ပြတ်လပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၆၊၂၀၂၄ လွိုင်လင်မြို့နှင့် နမ့်စန်မြို့အတွင်းရှိ ဆီပန့်ဆိုင်ကြီးအချို့တို့တွင် စက်သုံးဆီဝယ်ယူ၍မရ တော့ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့ရှိ BOCနှင့် နမ့်စန်ရှိ BOC၊ DENKO ဆိုင်တို့တွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဆီဝယ်ယူလို့မရဘဲပြတ်လပ်နေ ကြောင်း သိရသည်။ “မနေ့ကနမ့်စန်မှာ BOC နဲ့ DENKO ၂…

ပြည်သူ့စစ်ကားဝယ်ရန် PNO က ဆက်ကြေးကောက်ခံသလို ​ပြည်သူ့စစ်မှုမထမ်းပါက ကျပ်သိန်း ၅၀ ပေးဆောင်ရ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၆၊၂၀၂၄ ဆတ်သေ၊မြေမဲရွာဘက်တွင် PNO ပြည်သူ့စစ်များအတွက် ကားဝယ်ရန်ဟုဆိုပြီး ဆက်ကြေးကောက်သလို ​ပြည်သူ့စစ်ထဲမဝင်လျှင်တစ်ဦးကို ငွေကျပ်သိန်း ၅၀ ဒေသခံများထံ PNOပြည်သူ့စစ်ကကောက်ခံနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရပ်စောက်မြို့နယ် ဆတ်သေ မြေမဲကျေးရွာနှင့် တောင်ကြီးမြို့မြောက်ဘက် ဇလဲကျေးရွာဘက်တွင် ပြည်သူ့စစ်များအတွက် ကားဝယ်ပေးရန်ဆိုပြီး တစ်အိမ် ၂ သောင်းကျပ်ကောက်ခံနေပြီး စစ်မှုမထမ်းပါကသိန်း ၅၀ ပေးဆောင်ရကြောင်း သိရသည်။ “အရင်ကသေနတ်ဖိုးကောက်တယ် အခုလည်းစစ်သားအတွက်ကားဝယ်ပေးဖို့တဲ့ PNO…

ပင်လောင်းလဝကရုံးတွင် မှတ်ပုံတင်၊ အိမ်ထောင်စုဇယားလုပ်ရာ၌ ဝန်ထမ်းကငွေကြေးမတရားတောင်းခံမှုရှိနေ

ခမ်းသားငေါဝ်း ဖေဖော်ဝွရီ ၂၆၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ရှိ လဝက (လူဝင်မှုကြီးကြပ်ရေး)ရုံးတွင် မှတ်ပုံတင်၊ အိမ်ထောင်စုဇယား လာလုပ်သည့် ပြည်သူများထံ ငွေကြေးမတရားတောင်းခံနေကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် သိရသည်။ ယခင်က မှတ်ပုံတင်ပြုလုပ်လိုလျှင် ၁ သောင်းခွဲကျပ်ပေးနေရပြီး ယခုလက်ရှိတွင် ၅ သောင်းနှင့် ၁ သိန်းအထက် လဝကရုံးကို ပေးနေရကြောင်း ဒေသခံကခမ်းသားငေါဝ်းသို့ပြောသည်။ “သူတို့ကပိုက်ဆံတောင်းတာတင်မဟုတ်ဘူး…

လွိုင်လင် ပင်လုံဘက်သို့ စစ်မီးကူးလာမည်ကို ဒေသခံများစိုးရိမ်နေကြ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၆၊၂၀၂၄ လွိုင်လင်မြို့နယ် မိုင်းပွန်အနီးကျေးရွာများတွင် တိုက်ပွန်းဖြစ်ပွားနေပြီး လွိုင်လင်နှင့် ပင်လုံ မြို့ ဘက်သို့ စစ်မီးကူးလာမည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် နှင့်မိုင်းပွန်မြို့အကြား ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစပြီး ယနေ့ချိန်ထိ တိုက်ပွဲဖြစ်ပွား နေကြောင်းသိရသည်။ ” ဒီဖက်ကူးလာရင် ဆန်ဝယ်ထားလည်းပြေးရရင်ထားခဲ့ရမှာပေါ့ ဆီခါကျ မဝယ်လည်း ဖြစ်လာရင် လားရှိုးဘက်လိုမျိုးကားတွေ…

ဟိုပုံးမြို့ရှိ 99 ဖုန်းဆိုင် ဓားပြတိုက်ခံရပြီး ဖုန်းနှစ်လုံးနှင့် ငွေသားအချို့ပါသွား

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄ ဟိုပုံးမြို့ပေါ်ရှိ 99ဖုန်းဆိုင် ဓားပြတိုက်ခံရပြီး ဖုန်းနှစ်လုံးနှင့် ငွေသားအချို့ ပါသွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့ ၊တောင်ရပ်ကွက်ရှိ99ဖုန်းဆိုင်ကို ဖေဖော်ဝါရီ ၂၅ ရက်ညနေပိုင်းက ပျောက်ကျားအိင်္ကျီဝတ် သေနတ်အရှည်ကိုင်ဆောင်ထားသူနှစ်ဦးက ဓားပြတိုက်သွားခဲ့ကြောင်းသိရသည်။ “နေ့ခင်းဖက်တောင် ပေါ်ပေါ်ထင်ထင် ဓားပြတိုက်ရဲကြတယ်။အရမ်းကြောက်ဖို့ကောင်းတယ်။ဘယ်သူဘယ်ဝါဆိုတာတော့ခုထိ ဖမ်းမမိသေးဘူး။PNAနဲ့ ရဲတွေက စုံစမ်းမှုပြုလုပ်နေဆဲလို့ကြားတယ်။ဓားပြတိုက်သူက လက်နက်အပြည့်အစုံနဲ့ ဗုံးလည်းပါတယ်။”ဟု ဟိုပုံးမြို့ဒေသခံတစ်ဦးက ပြောသည်။…