တောထဲရှိ ဆီဆိုင်စစ်ရှောင် ကလေးငယ်များဝမ်းလျှောဝမ်းပျက်ဖြစ်ပွား
ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ တောတောင်ထဲရှိ ဆီဆိုင်စစ်ရှောင်များ ရေရှားပါးမှုနှင့်ကြုံနေရပြီး မသန့်သည့်ရေများ သောက်သုံးနေရသည့်အတွက် စစ်ရှောင်ကလေးငယ်များ ဝမ်းလျှောဝမ်းပျက်ဖြစ်ပွားနေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲပြင်းထန်းပြီးနောက် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်သည့် စစ်ရှောင်ကလေးငယ်များ ဝမ်းလျှောဝမ်းပျက်ဖြစ်ပွားနေပြီး ဆေးဝါးရရှိရန်လည်း အခက်ခဲရှိနေကြောင်း သိရသည်။ “ဝမ်းလျှောတာက ဆေးခန်းတွေပြကြပေမယ့် ဖြစ်တဲ့လူဦးရေကအရမ်းများတယ် အထူးသဖြင့်ကလေးတွေ အဖြစ်များတယ် ကလေး ၁၀ ယောက်မှာ…