Author: khamsarngor

PNOပြည်သူ့စစ်က စစ်ဝတ်စုံနှင့် ဒရုန်းဝယ်ရန်အတွက် နောင်ကားကျေးရွာအုပ်စုအတွင်း တစ်အိမ်ငါးသောင်းကောက်နေ

ခမ်းသားငေါဝ်း မတ် ၂၊ ၂၀၂၄ နောင်ကားကျေးရွာအုပ်စုရှိ ကျေးရွာများတွင် PNO ပြည်သူ့စစ်က စစ်ဝတ်စုံနှင့် ဒရုန်းဝယ်ရန်အတွက်တစ်အိမ်လျှင်ငါးသောင်းကျပ် ကောက်ခံနေကြောင်း ဒေသခံများက ခမ်းသားငေါဝ်းသို့ ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုရှိ ရွာတိုင်းလိုလိုတွင် မတ်လ ၁ ရက်၊ ၂ ရက်က အစည်းအဝေး ခေါ်ယူပြီး ငွေကောက်ခံခဲ့ခြင်းဖြစ်သည်။ “PNO က ပြည်သူစစ်အဖြစ်ခံယူပြီးပြီ စစ်ကောင်စီရဲ့လက်အောက်ခံဖြစ်လို့…

စစ်ကောင်စီ လေယာဥ်ဗုံးကြဲခြင်းကြောင့် ပုံးအယ် ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်း ပျက်စီး

ခမ်းသားငေါဝ်း မတ်လ၂၊ ၂၀၂၄ စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပုံးအယ် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း မီးလောင်ပြာကျသွားကြောင်း ပုံးအယ်ရွာဒေသခံတစ်ဦးကပြောသည်။ ဟိုပုံးမြို့နယ် တောင်ကြီး မိုင်းပွန်သွားလမ်းဘေးရှိ ပုံးအယ်ရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို ဖေဖော်ဝါရီ ၂၅ ရင်နေ့က စစ်ကောင်စီ လေယာဥ်ဗုံးကြဲခြင်းကြောင့်မီးလောင်ပျက်စီးသွားခြင်းဖြစ်သည်။ “စစ်ကောင်စီ လေယာဥ် ဖြင့်ဗုံးကြဲပြီးပစ်ချလိုက်တာပါ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းပါမကျန် အကုန်မီးရှိုက်လိုက်တာပါ”ဟု ပုံးအယ်ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။ စစ်ကောင်စီက…

ဆီဆိုင်မြို့တွင်း ပစ္စည်းပြန်ယူစဉ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ဒဏ်ရာရသူတစ်ချို့ ဆေးကုသခွင့်မရ

ခမ်းသားငေါဝ်း မတ် ၂၊ ၂၀၂၄ ဆီဆိုင်မြို့တွင်းသို့ ပစ္စည်းများ ပြန်ယူစဉ် ဒရုန်းဖြင့် ဗုံးကြဲခံရပြီး ဒဏ်ရာရသူတစ်ချို့ ဆေးကုသခွင့်မရနေကြောင်း မိသားစုဝင်ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင်းသို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မြို့တွင်း ပစ္စည်း ပြန်သယ်သည့် ဒေသခံများဒရုန်းဖြင့် ဗုံးကြဲခံရပြီး ကလေးငယ်နှစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တောထဲတွင် စစ်ဘေးရှောင်နေကြသဖြင့် ဆေးဝါးကုသရန်…

တောင်ကြီးမြို့ ၄ မိုင်စစ်ဆေးရေးဂိတ်တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ပေးဝေနေ

ခမ်းသားငေါဝ်း မတ် ၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အထွက် ၄ မိုင် စစ်ဆေးရေးဂိတ်တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ စစ်ကောင်စီလက်အောက်ဝန်ထမ်းများက ပေးဝေနေသည်ဟု ဒေသခံတစ်ဦးထံမှသိရသည်။ ၎င်းကို စစ်သား၊ ရဲနှင့် ပြန်ကြားရေးအဖွဲ့များ ဦးဆောင်ပြီး မတ်လ ၁ ရက်နေ့မနက်ပိုင်းက ဂိတ်ဖြတ်သွားသည့်ပြည်သူများကို ပေးဝေနေသည်ဟုသိရသည်။ “မနက် ၁၀ နာရီလောက်ဂိတ်ဖြတ်သွားတော့ ဝေပေးနေတာ ပေးတယ်ဆိုတော့လည်းယူရတာပေါ့ မယူရင်လည်းတစ်ခုခုလုပ်မှာကြောက်တော့…

မိုင်းပွန် – တောင်ကြီးလမ်းပြန်ဖွင့်ပေးသော်လည်း တိုက်ပွဲဖြစ်နေ၍ ခရီးသွားလာသူများစိုးရိမ်နေရ

ခမ်းသားငေါဝ်း မတ် ၁၊ ၂၀၂၄ လွိုင်လင်၊ မိုင်းပွန်- တောင်ကြီးလမ်းကို ပြန်လည်ဖွင့် လိုက်သော်လည်း တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံနှင့် ကားသမားများစိုးရိမ် နေကြကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။ ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ကြားတိုက်ပွဲကြောင့် လွိုင်လင် မိုင်းပွန် တောင်ကြီးပြည်ထောင်စု လမ်းမကို ပိတ်ထားခဲ့ရာ မတ်လ ၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲခန့်က ပြန်ဖွင့်ပြီး ကားများသွားခွင့်ပြုလိုက်သည်ဟု…

အောင်ပန်းတွင်ဆိုင်ကယ်တစ်စီး အုတ်တံတိုင်းကို တိုက်မိပြီး တစ်ဦးသေဆုံး၊တစ်ဦးပြင်းထန်စွာဒဏ်ရာရ

ခမ်းသားငေါဝ်း မတ် ၁၊၂၀၂၄ အောင်ပန်းမြို့တွင် ဆိုင်ကယ်တစ်စီး လမ်ဘေးအုတ်တံတိုင်းကို တိုက်မိပြီး တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့သရက်ပု-ကမ်းပါးနီ ဂျာမနီလမ်းတွင် ဖေဖော်ဝါရီ ၂၉ ရက်နေ့က ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးရှိ အုတ်တံတိုင်းကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ “တစ်ဦးက ပွဲချင်းသေဆုံးတယ် တစ်ဦးတော့ဒဏ်ရာအပြင်းအထန်ရတယ် ညမိုးချုပ်လည်း ဖြစ်တော့ ဆိုင်ကယ်အမြန်မောင်းကြပြီး အရှိန်မထိန်းနိုင်ပဲ…

နန်းတုတ်ရွာကို စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ ၊ နေအိမ်သုံးလုံးပျက်စီး

ခမ်းသားငေါဝ်း မတ် ၁၊ ၂၀၂၄ နန်းတုတ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်သုံးလုံးပျက်စီး ခဲ့ကြောင်း ရွာခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ရွာတွင် ဖေဖော်ဝါရီ ၂၉ ရက် ည ၅ နာရီကျော်တွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ကျေရွာထဲကို လက်နက်ကြီးရမ်းသမ်း ပစ်ခတ်လာခဲ့ကြောင်း သိရသည်။ “လက်နက်ကြီးထိတာက အမျိုးသမီးပေါင်မှာထိတယ် ဒဏ်ရာတော့တအားမကြီးဘူး”ဟု…

ရွာငံမြို့တွင်းဖွင့်လှစ်သည့် လောင်းကစားဝိုင်းကို Yawngan PDF (JPRF)မှ ဝင်ရောက်ဖမ်းဆီး

ခမ်းသာငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ ရွာငံမြို့နယ်တွင်းဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများကို Yawngan PDF (JPRF)မှ ဝင်ရောက်ဖမ်းဆီးခြင်းပြုလုပ်ခဲ့ကြောင်း Yawngan PDF (JPRF)ရဲ့ ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့ မြိုင်တိုက်နယ် မြောက်လက်ကုန်းကျေးရွာတွင် ဘောလုံးအားကစားကို ဘန်းပြပြီးလောင်းကစားဝိုင်းများပြုလုပ်နေပါသဖြင့် Yawngan PDF (JPRF)မှ ဖေဖော်ဝါရီ (၂၈) ရက်နေ့ ည ၇ နာရီခွဲအချိန်တွင်…

စစ်သင်တန်း၌ပအိုဝ်းဝတ်စုံဖြင့် အသုံးပြုခြင်းကို ပအိုဝ်းစာပေယဉ်ကျေးမှုဗဟိုနှင့် သံဃာများကန့်ကွက်သင့်ကြောင်း ကျေးရွာပအိုဝ်းရပ်မိရပ်ဖအချို့ပြောဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊၂၀၂၄ ပအိုဝ်းအမျိုးသားဝတ်စုံကို PNO ပြည်သူ့စစ်သင်တန်း၌ စစ်ရေးပြ အသုံးပြုခြင်းနှင့်ပတ်သက်ပြီး ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဗဟို၊ ပအိုဝ်းသံဃာတော်များအနေဖြင့်ကန့်ကွက်သင့်ကြောင်းကျေးရွာ ပအိုဝ်းရပ်မိရပ်ဖ အချို့ကပြောဆိုသည်။ ပအိုဝ်းအမျိုးသားရေးတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအပြင် ပအိုဝ်းရဟန်းတော်သံဃာတော် ဆရာတော်များလည်း အထူးအရေးပါသဖြင့် ယင်းအပေါ်ကို ပအိုဝ်းတမျိုးသားလုံး၏ အနာဂတ်ကိုရှေ့ရှု့ငှဲ့ညာခြင်းအားဖြင့်ကန့်ကွက် စေလိုကြောင်းဆိုထားသည်။ “မဖြစ်သင့်တာမို့ အမှန်တကယ် တတ်နိုင်ရင်ပေါ့ ပအိုဝ်းရဟန်းသံဃာတွေ ပအိုဝ်းဆရာတော်ကြီးတွေ မေတ္တာရပ်ခံပေးစေချင်တယ် ပအိုဝ်းတိုင်း အထွဋ်မြတ်ထား…

ပင်လုံ-ကျောက်တန်းလမ်းကို စစ်ကောင်စီက ပိတ်လိုက်ဖွင့်လိုက်လုပ်နေသည့်အတွက်ကြောင့် ကားတန်းများ ထပ်မံပိတ်မိနေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထမ်းစန်းဂူနှင့် ပင်လုံကို ဆက်သွယ်ထားသော ပင်လုံ- ကျောက်တန်းလမ်းကို စစ်ကောင်စီက ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေ​ခြင်း ကြောင့် ကားများတန်းစီ၍ ထပ်မံပိတ်မိနေကြောင်း သိရသည်။ မိုင်းပွန်တိုက်ပွဲကြောင့် တောင်ကြီး-တာချီလိတ်သွားရာလမ်းကို ပိတ်ထားပြီး ပြည်သူများက ကျောက်တန်းလမ်းကိုအသုံးပြုသွားလာရာတွင်ဖေဖော်ဝါရီ ၂၇ ရက်က ၎င်းလမ်းကို ခေတ္တပိတ်ခဲ့သော်လည်း ဖေဖော်ဝါရီ ၂၈ ရက်က ပြန်ဖွင့်ခဲ့သည်ဟု သိရသည်။…