Author: khamsarngor

ပင်လောင်းတွင် ကျောင်းသူနှစ်ဦး ရိုက်နှက်ခံရပြီး ဆိုင်ကယ်လုယူမှုဖြစ်ပွား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၆၊၂ ပင်လောင်းမြို့၊ ကန်သာဦးရပ်ကွက်တွင် ဆိုင်ကယ်ဖြင့် ကျောင်းသွားနေသည့် ကျောင်းသူနှစ်ဦး ဆိုင်ကယ်လုယက်ခံခဲ့ရကြောင်း ‌သိရှိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ပေါ် ကန်သာဦးရပ်ကွက် ပင်တလဲလမ်း ညောင်ပင်အနီးတွင် ကျောင်းတက်‌နေသည့် အထက်တန်း ကျောင်းသူနှစ်ဦးကို အမျိုးသားတစ်ဦးက ရိုက်နက်ပြီး ဆိုင်ကယ်လုယက်မှု ဇန်နဝါရီ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “သူငယ်ချင်းနှစ်ယောက်ကျောင်းသွားတက်ကြတာ ပင်းတလဲက နေပင်လောင်းဆိုတော့ နဲနဲဝေးတော့…

ဆီဆိုင်တွင် တစ်ရက်အတွင်း စစ်ကောင်စီ လေယာဉ်တိုက်ခိုက်မှုအကြိမ်၂၀ ကျော်ရှိပြီး အကြိမ် ၁၀၀ ကျော်ဗုံးကြဲ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၆၊၂၀၂၄ ဆီဆိုင်မြို့တွင် တစ်ရက်အတွင်း စစ်ကောင်စီတပ်မှ လေယာဉ်တိုက်ခိုက်မှု အကြိမ်၂၀ ကျော်ရှိပြီး ပေါင် ၅၀၀ ဗုံးအပါအဝင် အကြိမ် ၁၀၀ ကျော် ဗုံးကြဲချခဲ့ကြောင်း PNLA က ထုတ်ပြန်ထားပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နှင့် ကျေးရွာ ၄ ရွာအပါ တစ်ရက်အတွင်း စစ်ကောင်စီတပ်မှ လေယာဉ်တိုက်ခိုက်မှု အကြိမ်၂၀ ကျော်ရှိပြီး ပေါင်…

အင်းလေးဒေသ တွင်လောင်းကစားဝိုင်းတွင်တွင်ကျယ်ကျယ်ဖွင့်လာခြင်းကြောင့် ဒေသခံလုံခြုံရေးစိုးရိမ်ရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊ ၂၀၂၄ အင်းလေး‌ဒေသအတွင်း စစ်ကောင်စီမှ လောင်းက စားဝိုင်းများကို နေရာအနှံ့တွင်တွင် ကျယ်ကျယ်ပြုလုပ်လာခြင်းကြောင်း ‌ဒေသခံများလုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်နေရကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသများတွင် အာဏာသိမ်းပြီး ၃ နှစ်အတွင်း စစ်ကောင်စီမှ ပျူစောထီးနှင့် ပြည်သူ့စစ်တို့ ဦးဆောင်ကာ လောင်ကစားဝိုင်းများကို တွင်တွင်ကျယ်ကျယ်ပြုလုပ်လာကြကြောင်း ယနေ့ ဇန်နဝါရီလ ၂၅ရက်နေ့ ကသိရသည်။ “ ဒီလို‌လောင်းကစားဝိုင်း တွေများလာတော့…

တောင်ကြီးရောက် ဆီဆိုင်စစ်ရှောင်များကို ဝိုင်းဝန်းကူညီပေးရန် ဆီဆိုင်ဒေသခံများတောင်းဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တောင်ကြီးမြို့သို့ အရေးပေါ် တိမ်းရှောင်လာရသည့် စစ်ရှောင်များအတွက် လိုအပ်နေသည်များကို ဝိုင်းဝန်းကူညီပေးရန် ဆီဆိုင်ဒေသခံများမှ တောင်းဆိုပြောကြားလာသည်။ ဆီဆိုင်မြို့နယ်တွင် ဇန်နဝါရီလ ၂၄ ရက် ညနေ ၅ နာရီမှ စတင်ပြီး စစ်ကောင်စီ၊ PNOပြည်သူ့စစ် ပူးပေါင်းတပ်နှင့် PNLA၊ KNDF၊ SSPP၊ PDF…

ဆိုက်ခေါင်တွင်ပေါ်တာ ဖမ်းသည်ဟုသတင်းထွက်ခြင်းကြောင့် လူငယ်အချို့ထွက်ပြေးနေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊၂၀၂၄ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြဒေသအတွင်း စစ်ကောင်စီကပေါ်တာဆွဲခေါ် ဖမ်းဆီးသည်ဟု ကောလာဟလသတင်းပြန့်ပြီးနောက် ဒေသတွင်းရှိ လူငယ်လူရွယ်အချို့ထွက်ပြေးနေရကြောင်းဒေသခံအချို့ထံသိရသည်။ ယနေ့ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်က ပေါ်တာဆွဲ ဖမ်းသည် ဟူသောသတင်းများ အွန်လိုင်းပေါ်၌ စတင်ပျံ့နှံ့သွားသည်။ “ပေါ်တာ ဖမ်းနေတယ်တဲ့ ကျွန်တော့်သူငယ်ချင်းကပြောလာတာ။ အဲ့ဒါနဲ့ လွယ်ပွတ်ကသူငယ်ချင်းလည်းမေးလာတယ် မင်းတို့ဈေးအနောက်ဘက်ခြမ်းဘယ်လိုလည်း ပေါ်တာ ဖမ်းနေလားဆိုပြီးမေးလာတာ မကြားမိဘူးပြောလိုက်သေးတယ်။…

ဆီဆိုင်မြို့နယ်ရောက် ကရင်နီစစ်ရှောင်များ ထပ်မံတိမ်းရှောင်ရန် အခက်ခဲရှိနေဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှာ ရောက်လာသည့် ကရင်နီပြည်စစ်ဘေးရှောင်များသည် ယခုမှထပ်မံတိမ်းရှောင်ရန်အခက်ခဲရှိနေကြောင်း ဆီဆိုင်ရောက် စစ်ရှောင်အမျိုးသမီးတစ်ဦးထံမှသိရသည်။ ဆီဆိုင်မြို့သည် လက်ရှိမှာ စစ်ကောင်စီ၊PNO ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် PNLA၊KNDF၊PDFနှင့်တော်လှန်ရေးအင်အားစုအပါ SSPP/SSAတို့အပါပူးပေါင်းပြီး တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဆီဆိုင်မြို့ခံများနှင့် ဆီဆိုင်ကို ရောက်လာသော ကရင်နီစစ်ရှောင်များထပ်မံရှောင်နေရသည်။ “ဒီမှာရောက်လည်း ဒီကလူတွေလည်း ထွက်ပြေးနေကြပြီဟော၊ အခုတစ်ခေါက်ထပ်ပြေးရရင် အဆင်မပြေဘူး ၄ ခေါက်ရှိနေပြီပြေးနေရတာ။…

ပအိုဝ်းဒေသ စစ်ရေးမငြိမ်မသက်ဖြစ်ချိန် Facebook ပေါ်ဝါဒဖြန့် page၊သတင်းအမှား တင် သော page များ ပိုများလာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊၂၀၂၄ ပအိုဝ်းဒေသတွင် စစ်ရေးမငြိမ်မသက် ဖြစ်ချိန်ကာလအတွင်း Facebook လူမှုကွန်ယက်ပေါ်တွင် ဝါဒဖြန့် page၊ သတင်းတုသတင်းအမှား တင်သော page ပိုများ လာကြောင်း တွေ့နေရပါသည်။ ထို page အများစုသည် ပအိုဝ်းစာ၊ ပအိုဝ်းဘာသာစကားဖြင့် ရေးတင် ပြောဆို နေပြီး ပအိုဝ်း လူထုများအကြား ကြည့်ရှုသူ၊မျှဝေသူလည်း များစွာ ရှိပြီး ယုံကြည်နေကြသည်ကို…

PNOပြည်သူ့စစ်ရှိသည့် ကျေးရွာများတွင် ရွာသားများအား ဘုန်းကြီးကျောင်း၌ စုနေခိုင်းပြီး အပြင်ပေးမထွက်ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅ ၊ ၂၀၂၄ ဆီဆိုင်မှတောင်ကြီးတက်သည့် ကားလမ်းတလျှောက်ရှိ ကျေးရွာများနှင့် PNO ပြည်သူ့စစ်ရောက်ရှိသည့် ကျေးရွာများတွင် ရွာသားများအား ဘုန်းကြီး ကျောင်း၌စုနေခိုင်းပြီး ထွက်ခွင့်မပေးခြင်းများပြုလုပ်နေကြောင်း သိရသည်။ လက်ရှိတွင် ဆီဆိုင်မြို့နယ် နမ်းဩနှင့်ထီတမောင်ကြားတွင် သေနတ်သံများကြားနေရပြီး ဘုန်းကြီး ကျောင်းမှထွက်ခွာချင်သည့် ရွာသားများအား PNO ပြည်သူစစ်က တားဆီးနေကြောင်း ဒေသခံသတင်းအရင်းအမြစ်က ခမ်းသားငဝ်းသို့ ပြောလာသည်။ “ထွက်ချင်တဲ့သူတွေရှိပေမယ့်…

ဆရာဒကာဖြစ်သည့်အတွက်အေးအတူ ပူအမျှရှိနေမည်ဖြစ်ပြီး လက်ရှိဆီဆိုင်ဆရာတော်လုံခြုံနေကြောင်းသိရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊၂၀၂၄ ဆီဆိုင်မြို့အတွင်းတိုက်ပွဲဖြစ်ပွားနေသော်လည်း ဆီဆိုင်ဆရာတော်အနေဖြင့် ဒကာများကိုထားခဲ့ပြီးအဝေးမထွက်သွားကြောင်း၊ ဆရာဒကာများဖြစ်ကြသည့်အတွက် အေးအတူ ပူအမျှရှိနေမည်ဖြစ်ကြောင်းနှင့် လက်ရှိသည်ဆရာတော်လုံခြုံသောနေရာ၌ သီတင်းသုံးနေပါကြောင်း ဆီဆိုင်ကျောင်းတိုက် ဥုးဇင်း ဥုးသုဝဏ္ဏထံမှသိရသည်။ ဆီဆိုင်မြို့သည် လက်ရှိမှာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ခြေရှိသည့်အတွက် ယနေ့နံနက်တွင် ဆီဆိုင်ဆရာတော်သည် လုံခြုံသောအနီးနားတစ်နေရာသို့သီတင်းသုံးနေပြီဖြစ်ပြီး ရဟန်းသံဃာများလည်းလုံခြုံသည့်နေရာတွင် ရှိနေပြီဖြစ်ကြောင်းခမ်းသားငေါဝ်းကို မိန့်ဆိုသည်။ “ဆရာတော်က ဘုန်းဘုန်းတို့ ဆရာဒကာတွေဖြစ်ကြပြီပဲတဲ့၊ ဘုန်းဘုန်းတို့သံဃာဖြစ်နေပါစေ ဒကာတွေထားခဲ့ပြီး အဝေးမကြွသွားဘူးတဲ့၊ ဘုန်းဘုန်းဆရာဒကာ…

Page အတုအယောင်များကို သတိပြုကြရန် PNLAက သတိပေး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊ ၂၀၂၄ ဆီဆိုင်မြို့မရဲစခန်း ကို PNLA နှင့်မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းကြောင့် PNLA လူမှုကွန်ယက် Facebook page အတုဖြန့်ဝေမှုပေါ်ပေါက်လာခဲ့ကြောင်းသိရသည်။ ပအိုဝ်းဘာသာစကားဖြင့် ထို page သည် မိမိတို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် မသမာသူ ရန်သူက လုပ်ကြံထားသည့် page အတုသာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက် ရေးအဖွဲ့ချုပ်PNLO/ PNLAက…