သွားလာခွင့်ကဒ်ပြုလုပ်ပေးမည်ဟုဆိုပြီး PNO ပြည်သူ့စစ်က ပုံးအင်းဒေသ ယာဥ်ပိုင်ရှင်များထံငွေကောက်ခံ
ခမ်းသားငေါဝ်း မတ် ၁၀၊၂၀၂၄ သွားလာခွင့်ကဒ်ပြုလုပ်ပေးမည်ဟုဆိုပြီး PNO ပြည်သူ့ စစ်က ပုံးအင်းဒေသတွင် ယာဥ်ပိုင်ရှင်များထံငွေကောက်ခံနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ပုံးအင်းဒေသတွင် PNO ပြည်သူ့စစ်က အစည်းအဝေးပြုလုပ်ပြီး ကားကြီး ကားငယ်နှင့် ထွန်စက်ရိတ်စက်များရှိသူ၏ စာရင်းကိုကောက်ယူကာ ပိုက်ဆံတောင်းသည်ဟုဆိုသည်။ “သူတို့(PNO)ကပြောတယ် ကဒ်လုပ်ပေးမယ်တဲ့၊ ကဒ်လုပ်ပေးပြီးမှ ဒီဒေသကို သွားလာတာ ပိုသာယာမယ်တဲ့၊ သူတို့အဲ့လိုပြောထားတယ်၊ ကားအဆင်မပြေဘူးပေါ့ဗျာ၊ဒေသခံကျွန်တော်တို့တွက်က သိန်းချီဆိုအခက်ခဲရှိတယ်”ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးက…