Month: January 2025

ဇလဲရွာတွင် PNO ပြည်သူ့စစ်က စစ်သင်တန်း ပြုလုပ်စဉ် လက်ပစ်ဗုံးပေါက်ကွဲ၍ သင်တန်းတက်ရောက်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၅၊ ၂၀၂၅ တောင်ကြီးမြို့နယ် ဇလဲကျေးရွာတွင် PNO ပြည်သူ့စစ်က စစ်သင်တန်းပေးရင်း သေနတ်ပစ်၊ လက်ပစ်ဗုံးပစ် သင်တန်းပြုလုပ်စဉ် လက်ပစ်ဗုံး ပေါက်ကွဲ၍ သင်တန်းသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် လွယ်တော်ကျေးရွာအုပ်စု…

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပအိုဝ်းဒေသ နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီ ဗုံးကျဲ တိုက်ခိုက်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၅၊ ၂၀၂၅ ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA) ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တောင်ရှေ့အုပ်စု နောင်ထောဝ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဇန်နဝါရီ(၁၄)ရက်…

ချိန်း‌ဆောဖြင့် ထင်းခုတ်၊သစ်ခုတ်လျှင် SSPP/SSAမှ အရေးယူမည်ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၅၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း SSPP/SSA ထိန်းချုပ်ထားသည့် ကျေးသီးမြို့နယ်ရှိ ကျေးရွာများတွင် သစ်ပင် စိုက်ပျိုးသူမရှိဘဲ လူဦးရေ တိုးလာသည်နှင့်အမျှ တစ်နှစ်ထက်တစ်နှစ် ထင်းခုတ်၊ သစ်ခုတ်သူ များပြားလာပြီး သစ်တော ပြုန်းတီးမှုကို ကာကွယ်ရန်…

နေအိမ်ပြန်၍မရသေးသည့်ထီဆုံရွာသားများက စားဝတ်နေရေးအတွက်အကူအညီလိုအပ်

ခမ်သားငေါဝ်း ဇန်နဝါရီ ၁၅၊ ၂၀၂၅ ဆီဆိုင်မြို့နယ် ထီဆုံရွာသားများသည် ယခုချိန်ထိနေအိမ်မပြန်ရသည်မှာ တစ်နှစ်ရှိပြီဖြစ်သောကြောင့် စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေကြောင်း ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု ထီဆုံရွာသားများသည် စစ်ဘေးရှောင်ရသည်မှာ တစ်နှစ်ရှိပြီဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းမှစပြီး တိုက်ပွဲများတဖန်ဖြစ်ပွားလာသောကြောင့်…

PNO ပြည်သူ့စစ်မှဖမ်းဆီးထားသည့် PNLA တပ်ဖွဲ့ဝင်စစ်သုံ့ပန်းများကို ညင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်လိုက်ကြောင်းသိရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၄၊ ၂၀၂၅ ဆီဆိုင်မြို့နယ် ထီဆုံရွာတွင် ဇန်နဝါရီ ၁၂ ရက်၌ စစ်ကောင်စီနှင့်လက်အောက် PNO ပြည်သူ့စစ် တပ်ဖွဲ့နှင့် PNLA တို့ တိုက်ပွဲဖြစ်ပွားပြီး PNLA တပ်ဖွဲ့ဝင် ၅ ဦးဖမ်းဆီးခံရကာ…

မင်္ဂလာဦးရပ်ကွက်တွင် ထရမ်စဖော်မာ မီးလောင်ပြီး ၄ ရက်အထိမီးမလာသေး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၄၊ ၂၀၂၅ မင်္ဂလာဦးရပ်ကွက်တွင် ထရမ်စဖော်မာ ရှော့ဖြစ်မီးလောင်ပြီး နောက် ၄ ရက်အထိမီးမလာသေးကြောင်း မင်္ဂလာဦးရပ်ကွက်နေပြည်သူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့ညနေပိုင်းတွင် ထရမ်စဖော်မာ လျော့ဖြစ်ပြီးမီးလောင်သွားခဲ့ရာ ယနေ့အထိ…

စစ်ကောင်စီကို ပြန်ပြီး ‌တော်လှန်သွားမည်ဟု TNLA ကြေညာအပြီး ကျောက်မဲမြို့ကို စစ်ကောင်စီဗုံးကျဲ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၄၊ ၂၀၂၅ စစ်ကောင်စီနှင့် အပစ်အခတ်ရပ်ပြီး တွေ့ဆုံဆွေးနွေးမှုကို မျှော်လင့်နေခဲ့သည့် TNLA သည် တအောင်းအမျိုးသားနေ့တွင် တိုင်းရင်းသား တော်လှန်းရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကိုအပြီးတိုင် ချေမှုန်းသွားမည်ဟု ထုတ်ပြန်ပြီးနောက် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို…

စတော်ဘယ်ရီသီး စျေးကောင်းရနေပြီး စိုက်ပျိုးသူ များလာကြောင်း သိရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၄၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်တွင် ယခုနှစ် စတော်ဘယ်ရီသီးစျေးကောင်းရနေပြီး စိုက်ပျိုးသူ များလာကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်တွင်အများဆုံး စိုက်ပျိုးသည့် စတော်ဘယ်ရီသီးသည် ထိုင်ဝမ်မျိုး အချိုသီး ၊ ဒေသမျိုး စသည်တို့…

ရှမ်းတောင်တိုက်ပွဲများကြောင့် တစ်နှစ်အတွင်း မွေးကင်းစကလေးအပါအဝင် ထိခိုက်သေဆုံးသည့်ကလေး ၄၀ ကျော်ရှိ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၃၊ ၂၀၂၅ ရှမ်းတောင်တိုက်ပွဲများကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း မွေးကင်းစကလေးအပါအဝင် ထိခိုက်သေဆုံးသူ ၄၀ ကျော်ရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) စစ်တမ်းအရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊…

စစ်ပဋိပက္ခ များကြောင့် ၂၀၂၄ တစ်နှစ်အတွင်း ရှမ်းတောင် အရပ်သားထိခိုက်သေဆုံးသူ ၃၂၀ နီးပါးအထိရှိခဲ့

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၃၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များ၌ စစ်ပဋိပက္ခများကြောင့် အရပ်သားထိခိုက်သေဆုံးသူ တစ်နှစ်အတွင်း ၃၂၀ နီးပါးအထိ ရှိခဲ့ကြောင်းကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ ဒေတာ အချက်အလက်အရ သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း…