Month: January 2025

မိုင်းလင်းရွာတွင် SSPP/SSA တပ်ဖွဲ့မှတပ်သားစုဆောင်း၊ တပ်သားမလုပ်သူများ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာအကုန်ထားခဲ့ရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၅ မိုင်းလင်းရွာတွင် SSPP/SSA တပ်ဖွဲ့များ နေရာယူထားပြီး ရွာသားများကို တပ်သားစုဆောင်းမှု ရှိနေကာ တပ်သားမလုပ်သူများ အနေဖြင့် ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို ထားခဲ့ကြရကြောင်း ဇန်နဝါရီ(၂၂)ရက်မှာ စုံစမ်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း…

စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရသူ စစ်ကောင်စီတပ်သားတစ်ဦး KNDF ထံအလင်းဝင်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၅ ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရပြီး စစ်မှုထမ်းနေရသော စစ်ကောင်စီတပ်သားတစ်ဦး ဇန်နဝါရီလ ၂၀ ရက်နေ့တွင် လက်နက်နှင့်တကွ KNDF တပ်ရင်းအမှတ် ၃၄ ထံ ထွက်ပြေးခိုလှုံလာခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။…

စစ်ပဋိပက္ခကြောင့် ၂၀၂၄ ခုနှစ်အတွင်းအမျိုးသမီးသေဆုံးမှုသည် ရှမ်းပြည်နယ်က ဒုတိယအများဆုံး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၅ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်း စစ်ပဋိပက္ခကြောင့် အမျိုးသမီးသေဆုံးမှုသည် ၂၀၂၄ ခုနှစ်တွင်ပိုမိုမြင့်တက်လာပြီး ရှမ်းပြည်နယ်က ဒုတိယသေဆုံးမှုအများဆုံးဖြစ်ကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂ BWU ဇန်နဝါရီ ၂၀ ရက်ထုတ်ပြန်ချက်အရသိရသည်။ စစ်ပဋိပက္ခအတွင်း အမျိုးသမီးသေဆုံးခဲ့ရမှုသည်…

စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၅ နောင်ချိုမြို့နယ်တွင်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး ၂ လုံးလာရောက်ကြဲချခဲ့ရာ ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းမြောက်၊နောင်ချိုမြို့နယ် စည်ပင်ရုံးနှင့် ထွေအုပ်ရုံးအနီး၌ ဇန်နဝါရီလ ၂၁ ရက်နေ့…

စစ်ဘေးရှောင် ပြည်သူများကို ထောက်ပံ့မည်ဟု စစ်ကောင်စီ ထုတ်ပြန်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၁၊ ၂၀၂၅ ယာယီနေရပ်စွန့်ခွာနေကြရသည့်စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စီစဉ်ဆောင်ရွက်နေကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝဘေး အန္တရာယ်ကျရောက်မှုတွင်ပါဝင်သည့်…

ရှမ်းတောင်ရှိ စစ်ရှောင်များကို လူသားချင်းစာနာထောက်ထားမှုကူညီရာတွင် စစ်ကောင်စီကြောင့် ကူညီရန်ခက်ခဲ များစွာ ကြုံနေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၁၊ ၂၀၂၅ ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ စစ်ဘေးရှောင်များကို အဖွဲ့အစည်းအသီးသီးက ကူညီရာတွင် စစ်ကောင်စီနှင့် နယ်မြေ ထိန်းချုပ်ထားသည့် အဖွဲ့အစည်းများကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီကို အပြည့်အဝပေးရန် ခက်ခဲကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးအဖွဲ့ (PYO) ၏…

မိုးဗြဲတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးများ အဆက်မပြတ်ရမ်းသမ်းပစ်ခတ်နေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၁၊ ၂၀၂၅ မိုးဗြဲတွင် စစ်ကောင်စီစစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများ အဆက်မပြတ်ရမ်းသမ်းပစ်ခတ်နေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှသိရသည်။ ရှမ်းတောင်၊ ကရင်နီ(ကယား)နယ်စပ် မိုးဗြဲတွင် စစ်ကောင်စီကစစ်ကြောင်းထိုးလာသောကြောင့် ကရင်နီတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့အကြားတိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများအဆက်မပြတ်ရမ်းသမ်းပစ်ခတ်နေသည်။…

တောင်ကြီးတွင် တောင်းစားသည့်ကလေးငယ်များပိုမိုများလာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၁၊ ၂၀၂၅ တောင်ကြီးမြို့ပေါ်တွင် တောင်းစားသည့်ကလေးငယ်များ ယခင်ကထက်ပိုမို များပြားလာကြောင်း ဇန်နဝါရီလ(၂၁)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မဈေးထဲတွင် လိုက်လံတောင်းစားသည့်ကလေးငယ်များ ယခင်ကထက်ပိုမိုများပြားလာပြီး ဈေးဝယ်သူများနှင့်ဈေးသည်များအတွက် စိတ်အနှောက်အယှက်ဖြစ်စေကြောင်း သိရသည်။ “အခုဆိုမြို့မဈေးထဲသွားကိုမသွားချင်တော့တာ ဈေးထဲဝင်လိုက်ပြီဆိုတာနဲ့…

နိုင်ငံဖြတ်ကျော် မှုခင်းများကို ထိရောက်စွာ တိုက်ဖျက်ရန် အိမ်နီးချင်း နိုင်ငံများသို့ ဖယ်ဒရယ်ဒီမိုကရေစီအင်အားစုက အရေးတကြီး တောင်းဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၁၊ ၂၀၂၅ နိုင်ငံဖြတ်ကျော် မှုခင်းများကို ထိရောက်စွာ တိုက်ဖျက်ရန်အတွက် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ ထိရောက်သော လမ်းကြောင်းများကို တည်ထောင်သွားရန် ဖယ်ဒရယ်ဒီမိုကရေစီ အင်အားစုများက အရေးတကြီးတောင်းဆိုကြောင်း…

မိုင်းရယ်တွင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် ဒေသခံများ အခက်ခဲကြုံနေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၁၊ ၂၀၂၅ စစ်ကောင်စီ ထိန်းချုပ်ထားသည့် မိုင်းရယ်မြို့တွင် ကုန်ဈေးနှုန်း မြှင့်သထက်မြှင့်တက်‌မှုကြောင့် ဒေသခံများ အခက်ခဲကြုံနေကြောင်း ဇန်နဝါရီ(၂၁)ရက်တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ်မြို့သို့ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် လမ်းကြေးအများအပြားပေးဆောင်ရသောကြောင့်…