Month: January 2025

တိုက်ပွဲကြောင့် ထီဆုံရွာ ဒေသခံနေရအိမ်များ ရွာ၏တစ်ဝက်နီးပါးပျက်စီး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၄၊၂၀၂၅ ဆီဆိုင်မြို့နယ်၊ ထီဆုံရွာတွင်တိုက်ပွဲကြောင့် ဒေသခံနေအိမ်ရွာ၏ တစ်ဝက်နီးပါးပျက်စီးသွားခဲ့ရသည်ဟု ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု၊ ထီဆုံရွာတွင် ပြီးခဲ့သည့်ဇန်နဝါရီလ (၁၂)ရက်နေ့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် ဒေသခံနေအိမ် အများအပြားပျက်စီးခဲ့ရကြောင်း သိရသည်။ “ရွာထဲမှာအိမ်ပျက်စီးသွားတာကတော့…

နိုင်ငံခြားရောက်ရှိသည့်ပအိုဝ်းလူငယ်များ စစ်မှုထမ်း အတွက် တစ်နှစ်စာ တစ်ဦး ၆ သိန်းထည့်ဝင်ရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၄၊ ၂၀၂၅ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသို့ရောက်ရှိသည့်ပအိုဝ်းလူငယ်များသည် စစ်မှုထမ်းအတွက် တစ်နှစ်စာ တစ်ဦး ၆ သိန်းထည့်ဝင်နေရကြောင်း စုံစမ်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးကြီးမြို့နယ် ကျေးရွာများတွင် PNO အုပ်ချုပ်ရေးစနစ်အောက်မှ လှုပ်ရှားနေသည့် အွိုင်းလူကြီးများသည် နိုင်ငံခြားရောက်…

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ကြီးများအနက် ဘန်ကောက်မြို့သည် နံပါတ် ၈ အဆင့်ရောက်ရှိလာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၃၊ ၂၀၂၅ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖုန်မှုန့်များနှင့် အမှုန်အမွှားများဖြင့် ပြည့်နေသည့် လေထုညစ်ညမ်းမှုဒဏ်ကို ရင်ဆိုင်နေရပြီး ယနေ့ ဇန်နဝါရီလ ၂၃ရက်နေ့ မနက်ပိုင်း ၈နာရီကျော်အချိန်မှာ ဘန်ကောက်မြို့သည် ကမ္ဘာလေထု အညစ်ညမ်းဆုံး နံပတ်…

ဟိုက်ပါရေတံခွန်နှင့်မိုင်းရှူး တိမ်ပင်လယ်တို့တွင် ယခုလ အပန်းဖြေအနားယူသူ စတင်များပြားလာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၃၊၂၀၂၅ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့ရှိ မိုင်းရှူးတိမ်ပင်လယ်၊ ဟိုက်ပါရေတံခွန်တို့တွင် ယခုလအတွင်းမှာ လည်ပတ်သူများစတင်လာကြောင်း ဇန်နဝါရီ (၂၃) ရက်ကစုံစမ်းသိရသည်။ ပြီးခဲ့သည့်နှစ်သည် ဒေသအခြေအနေ မတည်ငြိမ်မှုကြောင့် လာရောက်လည်ပတ်သူ လျှော့နည်းခဲ့ပြီး (၂၀၂၅)ခုနှစ် ဇန်နဝါရီလမှ…

စစ်ကောင်စီက ၂၀၂၄ ခုနှစ် အတွင်း အင်းလေးဒေသ၌ လေကြောင်းဗုံးကြဲမှုနှင့်လက်နက်ကြီးပစ်ခတ်မှု ၁၇၆ ကြိမ်ပြုလုပ်ခဲ့

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၃၊ ၂၀၂၅ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာအချို့ကို တစ်နှစ်အတွင်း စစ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ စုစုပေါင်း (၁၇၆) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်ရေး အဖွဲ့…

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ရန်ကို အထူးသတိထားရန်ပြည်သူကို တော်လှန်ရေးတပ်က အသိပေး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၃၊ ၂၀၂၅ မိုးဗြဲတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်း၊ လေယာဥ်များဖြင့် အဆက်မပြတ်တိုက်ခိုက်နေသောကြောင့် အနီးအနားကျေးရွာရှိပြည်သူများ သတိထားရန် လိုအပ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။ ရှမ်း- ကရင်နီ(ကယား) နယ်စပ်၊ မိုးဗြဲမြို့တွင်…

စစ်ကောင်စီတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၈ ဦး သေဆုံး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၃၊ ၂၀၂၅ နောင်ချိုမြို့တွင် စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၈ ဦးသေဆုံးခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းမြောက်၊ နောင်ချိုမြို့နယ် ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်အနီး၌ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်…

အင်းလေးဒေသအတွင်း ခရီးသွားများဆွဲဆောင်သည့်အနေဖြင့် စက်ဘီးစီးပြိုင်ပွဲ ကျင်းပခဲ့

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၃၊၂၀၂၅ အင်းလေးကန်တွင် ခရီးသွားများကိုပြန်လည် ​ဆွဲဆောင်သည့်အနေဖြင့် စက်ဘီးစီးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ဇန်နဝါရီလ(၁၈) ရက်‌ နံနက် ၇း၀၀ နာရီ အချိန်ကဆဌမအကြိမ်အင်းလေးကန်ဖြတ်စက်ဘီးစီးပွဲကို ညောင်‌ရွှေမြို့ကျောက်တိုင်ကွင်းမှ တာလွှတ်ကျင်းပခဲ့ကြောင်း…

ရှမ်းအရှေ့သို့ အလုပ်သွားလုပ်ကြသည့် ရှမ်းတောင်ကသူများ မူးယစ်ဆေးသုံးစွဲမှု ပိုမိုဆိုးရွားလာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၅ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူး၊ကျေးသီး၊ ခိုလမ်၊နမ့်စန်မြို့နယ်တွင် နေထိုင်ကြသော ယခင်က မူးယစ်ဆေးသုံးစွဲမှုကြောင့် မိဘများမှ မူးယစ်ဆေးဖျက်နိုင်ရန် ရှမ်းအရှေ့ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့ အလုပ်လုပ်ကိုင်ရန် သွားခိုင်းသောသူများသည် မူးယစ်ဆေး သုံးစွဲမှု…

ပြည်သူများအား လေကြောင်း၊ လက်နက်ကြီး၊ မိုင်း အန္တရာယ်ပညာပေးကို အခက်အခဲကြားက လုပ်ဆောင်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၅ ညောင်ရွှေမြို့နယ် အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အင်းလေးအမျိုးသမီးသမဂ္ဂ( IWU )က ပြည်သူများကို လေကြောင်း၊ လက်နက်ကြီး၊ မိုင်း အန္တရာယ် အသိပညာပေးကို အခက်အခဲကြားတွင် လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊…