ခမ်းသားငေါဝ်း

အောက်တိုဘာ ၁၅၊ ၂၀၂၄

အောင်ပန်းတွင် ဆိုင်ကယ် နှင့် လမ်းဖြတ်ကူးသူတို့ တိုက်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဘက် ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်ပန်း ထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက် စာသင်ကျောင်းအနီးလမ်းမ၌ အောက်တိုဘာလ ၁၄ ရက်နေ့ ည ၇ နာရီခန့်အချိန်တွင် ဆိုင်ကယ် မောင်းလာသူ ကိုဝေ( မိတ္ထီလာနေ) နှင့် လမ်းဖြတ်ကူးသူ ကိုဆန်း(ညောင်ပင်သာရပ်ကွက်နေ) တို့ တိုက်မှုဖြစ်ပွားပြီး ဒဏ်ရာရရှိခဲ့သည်။

” ဖြစ်စဥ်က လမ်းဖြတ်ကူးနေတုန်း ဆိုင်ကယ်က တိုက်သွားတာ၊ လမ်းကအရမ်းမှောင်နေတယ်၊ ဆိုင်ကယ်ကလည်း မီးမပါဘူး ဓာတ်မီးထွန်းမောင်းလာတာဖြစ်တယ်” လို့ နာရေးကူညီမှုအသင်းအောင်ပန်း ၏ တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

လမ်းဖြတ်ကူးသူ ကိုဆန်းမှာ ခြေကျိုးဒဏ်ရာရရှိသွားပြီး၊ ဆိုင်ကယ် မောင်းနှင်လာသူ ကိုဝေ မှာ မျက်နှာပွန်းပဲ့ဒဏ်ရာရရှိပြီး ဆိုင်ကယ်လည်းပျက်စီးသွားကြောင်း ၎င်း ကဆက်ပြောသည်။

ထိခိုက်ဒဏ်ရာရသူနှစ်ဦးလုံးကို အောင်ပန်းဆေးရုံအရေးပေါ်ငှာနသို့ပို့ဆောင်ပေးခဲ့ပြီး အရိုးကျိုးလူနာ ကိုဆန်းအား ကလောဆေးရုံသို့ဆက်လက်လွဲပြောင်းပေးခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းက ဆိုသည်။

PPV 003
ဓာတ်ပုံ-နာရေးးကူညီမှုအသင်းအောင်ပန်း
#မှုခင်း
#အောင်ပန်းမြို့
#ညောင်ပင်ထောင်ရပ်ကွက်
#စာသင်ကျောင်းအနီး
#ဆိုင်ကယ်တိုက်မှုဖြစ်ပွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။