ခမ်းသားငေါဝ်း
အောက်တိုဘာ ၅၊ ၂၀၂၄
ဖယ်ခုံအနောက်ခြမ်းရှိ စစ်ရှောင်စခန်းတွင် စစ်ရှောင်များ ဖျားနာနေကြ၍ ဆေးဝါးများအရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုတွင် ရာသီတုပ်ကွေးအပြင်၊ အရေပြားရောဂါများ ဖြစ်ပွားနေကြောင်းသိရသည်။
” ဒီမှာက တော်တော်ဖျားနေကြတယ်၊ ရာသီတုပ်ကွေးတွေဖြစ်ကြတယ်၊ ပြီးတော့ရေမသန့်လို့ထင်တယ်၊ အရေပြားယားယံတာတွေလည်းဖြစ်နေတယ်၊ ဆေးခန်းတွေ၊ သူနာပြု ဆရာမတွေတော့ ရှိတယ်၊ ဒါပေမယ့် ဆေးဝါးကမရှိတော့ဘာမှလုပ်လို့မရဘူး” ဟု စစ်ရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ကရင်နီပြည်နယ်အတွင်းသို့ ဆေးဝါးတင်ပို့မှုကို စစ်ကောင်စီက ပိတ်ပင်ထားသည့်အပြင် ရေကြီးမြေပြို မှုများကြောင့် လမ်းပန်းဆက်သွယ်ရေးပိုမိုခက်ခဲလာကာ ကရင်နီနှင့် ဖယ်ခုံအနောက်ဖက်ခြမ်းရှိစစ်ရှောင်စခန်းများမှာ ဆေးဝါးရရှိနိုင်ရန် အလွန်ခက်ခဲနေကြောင်းသိရသည်။
photo online
#PPV 003
#ကျန်းမာရေး
#Humanright
#ဖယ်ခုံ
#စစ်ရှောင်စခန်း
VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။