ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၀၊ ၂၀၂၄

ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်းနှင့် ရှားတောကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်၍အရပ်သားပြည်သူ (၃)ဦးသေဆုံးပြီး၊(၁၂) ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ ကသတင်းထုတ်ပြန်လာသည်။

စစ်ကောင်စီက အရပ်သားပြည်သူလူထုအားပစ်မှတ်ထား၍ စက်တင်ဘာလ (၈) ရက်၊ နေ့လည်ပိုင်းအချိန်တွင် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

အာဏာသိမ်းစစ်ကောင်စီသည် တော်လှန်ရေးပူးပေါင်းအဖွဲ့များကို အဘက်ဘက်ကရှုံးနိမ့်လာပြီးနောက် တောင်ပိုင်းစစ်ဒေသနယ်မြေအပါအဝင် ဒေသအသီးသီး၌ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ပြုလုပ်လာနေသည်ဟု တောင်ပိုင်းစစ်ဒေသ ကဆိုထားသည်။

photo PDF

#ppv002
#ဒရုန်းနဲ့တိုက်ခိုက်
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
#Humanright