ခမ်းသားငေါဝ်း

စက်တင်ဘာ ၅၊ ၂၀၂၄

အင်းစိန်ထောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦးကို အကျဥ်းသားအခန်းလူကြီးက မုဒိမ်းကျင့်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအကျဥ်းသားများကွန်ရက် က စက်တင်ဘာလ ၄ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

ရန်ကုန်၊အင်းစိန်ထောင်ဆေးရုံတွင် တီဘီရောဂါအတွက် တီဘီသမားတွေထားသည့် အခန်းတွင် ဆေးကုသမှုခံယူနေသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းသားအခန်းလူကြီးက မုဒိမ်းပြုကျင့်ခဲ့ကြောင်း သိရသည်။

ပုဒ်မ(၅၀)ညဖြင့် ထောင်ဒဏ် (၁၁) နှစ်ချမှတ်ခံထားရသော အသက်(၂၅)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ပုဒ်မ ၃၇၆ မုဒိန်းမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံနေရသည့် အကျဉ်းသားအခန်းလူကြီး ဇင်မျိုးကို (ခ) မျိုးကြီး (ဘ) ဦးမျိုးမင်းဆွေက ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၃ နာရီဝန်းကျင်တွင် ခြိမ်းခြောက်ထိုးကြိတ်ပြီး အလိုမတူပဲ ပြုကျင့်ခဲ့ကြောင်းသိရသည်။

ယင်းဖြစ်စဉ်ကို အဆောင်မှူး အောင်ကျော်ဆင့်က ကျူးလွန်ခဲ့သူ အခန်းလူကြီး ဇင်မျိုးကို(ခ)မျိုးကြီးအား ထိရောက်သော အပြစ်ပေးအရေးယူဆောင်ရွက်မှု မပြုသည့်အပြင် အဆိုပါ မုဒိမ်းမှုဖြစ်ပွားခဲ့သည့် သတင်းအား ဖုံးကွယ်ထားပြီး ထောင်ပြင်ပ နှင့် ထောင်အတွင်းထိုသတင်းပေါက်ကြားပါက နှစ်ဦးစလုံးကို တိုက်ပိတ်အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆို နှုတ်ပိတ်ခဲ့ကြောင်းသိရသည်။

အဆောင်မှူးအောင်ကျော်ဆင့်သည် အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်၏တပည့်အရင်းဖြစ်ကြောင်း၊ ၎င်းတာဝန်ယူ အုပ်ချုပ်ခွင့်ရတဲ့ အဆောင်အတွင်း ငွေကြေးရယူ၍ ရာဇဝတ်အကျဉ်းသားများကို အကျဉ်းသားအချင်းချင်း အုပ်ချုပ်ရသည့် ရာထူးအာဏာများပေးထားသည်၊၊

အဆိုပါအကျဥ်းသားများမှ နိုင်ငံရေးအကျဉ်းသားများအား လူမဆန်စွာ ဆက်ဆံခြင်း ၊ ရိုက်နှက်ခြင်း ၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ယခုဖြစ်စဉ်ကဲ့သို့ အလိုမတူပဲ မုဒိမ်းပြုကျင့်တဲ့အမှုတွေကို ဖုံးကွယ်ပေးခြင်းဖြင့် ထောင်တွင်းစီးပွားရှာဖွေလျက် ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ စုံစမ်းဖော်ထုတ်ရရှိချက်များအရ သိရသည်။

ထိုကဲ့သို့ အကျဥ်းထောင် အတွင်း လူ့အခွင့်အရေး၊ အကျဥ်းသားအခွင့်အရေးကို ရည်ရွယ်ချက်ရှိရှိချိုးဖောက်နေကြသည့် အကျဥ်းဦးစီးဝန်ထမ်းများ၊ အကျဥ်းဦးစီးဝန်ထမ်း၏ လက်ကိုင်တုတ်များကို ထိရောက်စွားအရေးယူဆောင်ရွက်နိုင်ရန် ကြိုးပန်းသွားမည်ဟု PPNM ကဆိုသည်။

PPV 003
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရန်ကုန်
#အင်းစိန်ထောင်ဆေးရုံ
#ဆေးကုသမှုခံယူနေသည့်
#နိုင်ငံရေးအကျဉ်းသား
#အကျဉ်းသားအခန်းလူကြီးက
#မုဒိမ်းပြုကျင့်ခဲ့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။