ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၊ ၂၀၂၄

ဖမ်းဆီးခံရသည့် လွယ်လုံရွာသားအသက် ၆၂ နှစ်အရွယ် ဦးမောင်ဆောင်ကို PNO ပြည်သူ့စစ်နှိပ်စက်မှုဒဏ်ဖြင့်သေဆုံးသွား ခဲ့ကြောင်း သိရသည််။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ ၊လွယ်လုံကျေးရွာ ဇူလိူင်လ ၂၁ ရက်နေ့တွင် ရွာသား ၇ ဦးကို PNO ပြည်သူ့စစ်က ဖမ်းဆီးပြီးနောက် ၆ ဦးကို သြဂုတ်လပထမပတ်အတွင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်တစ်ဦးကို ပြန်မလွှတ်ဘဲ PNO ပြည်သူ့စစ်နှိပ်စက်သည့် ဒဏ်ဖြင့် သြဂုတ်လနောက်ဆုံးပတ်အတွင်းတွင် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

“ရွာနားကသူတို့ဂိတ် တိုက်ခိုက်ခံရပြီးရွာသားတွေကို လာစစ်ဆေးမှုပြုလုပ်ပြီး ရွာသားတွေကို ဖမ်းသွားတယ်။ ဖမ်းခံရတဲ့ရွာသားတွေက တောင်သူတွေရီးဘဲ PDF နဲ့လည်းပက်သက်မှုမဘူး။ PNO က အကြောင်းမဲ့သက်သက် ဖမ်းတာ။ ရွာသားတွေကို ဖမ်းတဲ့အချိန်လည်း သေနတ်ဒင်နဲ့ထုပြီး စစ်ဆေးတယ်။ ရိုက်နှက်ပြီး စစ်ဆေးတယ်”ဟု စံကားဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ရွာသားများဖမ်းဆီးခံရသည့်အချိန်လည်း ထမင်းမကျွေးဘဲထားပြီး ခြုံရန်အတွက်ပေးသောစောင်လည်း ရေစွက်ပြီးမှ ပေးခြင်း၊ စစ်ဆေးသည့်အချိန်တွင်လည်းသေနတ်ဒင်ဖြင့်ထုခြင်း၊ ရိုက်နှက်ခြင်း နှိပ်စက်ခြင်းများ စသည့်လူမဆန်သည့်လုပ်ရပ်များပြုလုပ်ခဲ့ကြောင်း ၄င်းကဆက်ပြောပြသည်။

ရွာသားများကိုဖမ်းဆီးသည့်အချိန်တွင်လည်းရွာသားဆိုင်ကယ်၂၈ စီးကိုသိမ်းယူသွားခဲ့ပြီး ရွာသားဆိုက်ကယ် ၂၂ စီးကိုပြန်ပေးခဲ့သော်လည်းဆိုင်ကယ် ၆ စီးကိုသိမ်းယူထားဆဲဖြစ်ကြောင်း သိရသည်။

စံကားဒေသယခုတွင် တိုက်ပဲဲဖြစ်ပွားမှုမရှိတော့ပေမယ့်စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက တင်းကြပ်စွာစစ်ဆေးခြင်း လက်နက်ကြီးပစ်ခတ်မှုရှိနေခြင်းကြောင့်စံကားဒေသ စစ်ရှောင်ရသူ တစ်ချို့ ရွာမပြန်နိုင်သေးကြောင်းသိရသည်။

ပုံ-လွယ်လုံရွာအနီးPNOပြည်သူ့စစ်ဂိတ်တိုက်ခိုက်ခံရစဉ်ပုံ

#PPV005
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#လွယ်လုံကျေးရွာ
#နိပ်စက်သည့်ဒဏ်
#PNO