ခမ်းသားငေါဝ်း

ဩဂုတ် ၂၇၊ ၂၀၂၄

မောင်တောမြို့နယ်တွင်(၃)ရက်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးခဲ့ပြီး သင်းဂြိုလ်ပေးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)ကသြဂုတ်လ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် သြဂုတ် လ(၂၄ )ရက်မှ(၂၆)ရက်အထိမောင်တောမြို့တိုက်ပွဲအတွင်းစစ်ကောင်စီအလောင်း(၁၀၀)ကျော်ကိုမြေမြှပ်သဂြိုလ်ပေးခဲ့ပြီး စစ်သုံ့ပန်းများနှင့်လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်းဆိုထားသည်။

မောင်တောအမှတ်(၂)ရပ်ကွက်ရှိဖေဇီရွာနှင့် မောင်နီရွာအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်းပြီး ၎င်းတို့လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ARA#တပ်ဖွဲ့ဝင်များ၏ခံစစ်နေရာအများစုကိုအာရက္ခတပ်တော်မှသိမ်းပိုက်ရရှိပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။

ထို့အပြင်သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်နှင့်ဂွမြို့နယ် ကျိန္တလီမြို့အနီးကျောက်ပါးစပ်ကျေးရွာအနီးတို့တွင်လည်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး၊ စစ်ကောင်စီဖက်ကစစ်သင်္ဘော(၈)စီးဖြင့် ရေကြောင်းမှတိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်၊လူအင်အားဖြည့်တင်းနေခြင်း၊ လက်နက်ကြီးများဖြင့်ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့်တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ- အွန်လိုင်း
#PPV0012
#စစ်ရေး
#မောင်တော
#အာရက္ခတပ်တော်
#AA
#သင်းဂြိုလ်