ခမ်းသားငေါဝ်း
ဩဂုတ် ၂၂၊ ၂၀၂၄

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုထပ်မံဖြစ်ပေါ်နေကြောင်း သြဂုတ်လ(၂၂)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေထပ်မံမြင့်တက်လာပြီး ရပ်ကွက်အချိူ့ရှိလူနေအိမ်များနှင့် လမ်းများပေါ်၌ရေများဝင်ရောက်လျက်ရှိပြီး သွားလာရခက်ခဲသည့်အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။

“ရေပြန်ကျတာမှမကြာသေးဘူး စိတ်လည်းမကောင်းဘူး‌ပေါ့နော်၊ မိုးကလည်းခုထိရွာနေတုန်းဆိုတော့ မြေနိမ့်ပိုင်းတွေဆိုရေဝင်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုလအတွင်းတာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တတိယအကြိမ် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး၊ သြဂုတ်လ(၁)ရက်နေ့တွင် ပထမအကြိမ်၊ သြဂုတ်လ(၁၄)ရက်နေ့တွင် ဒုတိယအကြိမ်တို့ဖြစ်ကြောင်း သိရသည်။

#PPV0012
Photo -Onlin
#သဘာဝဘေး
#တာချီလိတ်မြို့
#မိုးသည်းထန်စွာရွာသွန်းမှု
#မယ်ဆိုင်ချောင်း