ခမ်းသားငေါဝ်း

ဩဂုတ် ၂၁၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF သည် တိုက်ပွဲဝင်လိုသည့် လူငယ် အမျိုးသား/အမျိုးသမီးတွေကို ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုနေကြောင်း ဩဂုတ်လ(၂၀)ရက်တွင် ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တောင်ပိုင်းစစ်ဒေသ၏ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/ အထူးတပ်ဖွဲ့) မှအဆုံးသတ်တိုက်ပွဲဆင်နွှဲရန် အတူတကွလက်တွဲ တိုက်ပွဲဝင်လိုသည့် လူငယ် အမျိုးသား/အမျိုးသမီးတွေကို ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုနေကြောင်း သိရသည်၊၊

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စု စနစ်ပေါ်ထွန်းရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်းဆိုသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF သည် ရဲဘော်သစ် (သင်တန်းသား)တွေကို စနစ်တကျ စိစစ်လက်ခံလျှက် ရှိပြီး တပ်ဖွဲ့ထဲဝင်လိုသော လူငယ်များအနေဖြင့် ကြိုတင်သိရှိထားရန်လိုအပ်သော အချက်ကို ဖော်ပြထားသည်။

တပ်ဖွဲ့ထဲဝင်လိုသူများသည် အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်းအသက်အရွယ်ရှိသူ၊ကျန်းမာရေးကောင်းမွန်ပြီး စိတ်ဓာတ်ကြံ့ခိုင် ဆုံးဖြတ်ချက်ပြတ်သားသူ၊ အခြေခံ စစ်ပညာသင်တန်း၊ အထူးစစ်ဆင်ရေးသင်တန်းနှင့် လိုအပ်ပါက မွန်းမံသင်တန်းများပါ ပြီးဆုံး အောင်မြင်သည်အထိ တက်ရောက်နိုင်ရမည်ဟု ဖော်ပြထားသည်။

သင်တန်းပြီးဆုံးပါက တပ်ဖွဲ့မှ ပေးအပ်သည့်တာဝန်နှင့် စုဖွဲ့မှုအတိုင်း တောင်ပိုင်းစစ်ဒေသ၏ မည်သည့်နေရာမဆို တာဝန်ထမ်းဆောင်နိုင်သူ၊ MOD မှချမှတ်ထားသည့် စစ်စည်းကမ်း ကျင့်ဝတ်များ၊ SOF စည်းမျဥ်းစည်းကမ်းများအတိုင်း တိကျစွာလေးစားလိုက်နာနိုင်သူနှင့် အနည်းဆုံး (၂) နှစ်တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး၊လိုအပ်၍ တာဝန်ပေးအပ်ပါက နောက်ထပ် (၂) နှစ်အထိ ဆက်လက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PPV0011
ဓာတ်ပုံ-SOF
#စစ်ရေး
#အမျိုးသားညီညွတ်ရေးအစိုးရ၊
#ကာကွယ်ရေးဝန်ကြီးဌာန
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#PDF
#တိုက်ပွဲဝင်လိုသည့်လူငယ်