ခမ်းသားငေါဝ်း
ဩဂုတ် ၁၄၊ ၂၀၂၄

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ဒေသခံများ သွားလာရေးနှင့် စားဝတ်နေ‌ရေးအခက်ခဲဖြစ်နေကြောင်း ဩဂုတ် ၁၄ ရက်နေ့တွင် သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ရေးကြီးမှုဖြစ်ပေါ်နေပြီး မြို့ပေါ်နေရာအများစုတွင် ဒေသခံများ သွားလာရေးခက်ခဲသည့်အပြင် စားဝတ်နေရေး အခက်ခဲဖြစ်နေသည်။

“ရေကြီးလို့ ဘယ်မှသွားလို့အဆင်မပြေဘူး။ မိုးက ခဏလေးတိတ်ပြီးပြန်ရွာတယ်။ အခုထိလည်း ရွာနေတုန်းဆိုတော့ ရေက ထပ်ကြီးလာဖို့ဘဲရှိမယ်။ ထမင်းဟင်း ချက်စားဖို့လည်း အဆင်မပြေဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေကြီးမှုတွင် လူမှုကယ်‌ဆယ်ရေးနှင့်၊ အလှူရှင်များက ညနေ ၆ နာရီခွဲတွင် ထမင်းဗူး၊ မုန့်၊ ရေသန့်များ လာရောက်ပေးလှူကြသည်ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပုတွင်နေထိုင်သူများ အိမ်ထဲထိရေဝင်မှုကြောင့် ပစ္စည်းပြောင်းရွှေ့မှုများ လုပ်နေရကြောင်းသိရသည်။

ထို့အတူ ဇွန်လပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၅ ခုတွင် ရေဘေးသင့်သူများ ၁ သိန်းကျော်ကို အ‌ရေးပေါ်စားနပ်ရိက္ခာ အကူညီပေးနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

PPV0011
ဗွီဒီယို-CJ
#သဘာဝဘေး
#တာချီလိတ်မြို့
#မိုးသည်းထန်စွာရွာသွန်း
#ရေကြီးရေလျှံ
#လူမှုကယ်‌ဆယ်ရေးနှင့်
#အလှူရှင်များ