ခမ်းသားငေါဝ်း

ဩဂုတ်၉၊ ၂၀၂၄

ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ဆရာတော်ဦးကောဝိဒ၏ ယုံကြည်အားထားရသူ ဦးဇင်းဦးသုဝဏ္ဏ(ခ) ဦးဇင်းဖွားအား Democracy Page မှမဟုတ်မမှန်စွပ်စွဲခြင်းကြောင့် ဆီဆိုင်ဒေသခံအပြင် တကာများက ဆရာတော်နှင့်ဦးဇင်းအတွက် စိုးရိမ်နေကြကြောင်း သိရသည်။

ဦးဇင်း ဦးသုဝဏ္ဏသည် ဆီဆိုင်ဇဝနာရာမစာသင်တိုက်ဆရာတော် လမ်းညွန်မှုဖြင့် ကိုဗစ်ကာလတွင် အောက်စီဂျင်မပျက်လပ်ရေး အောက်စီဂျင်စက်ရုံထူထောင်ခြင်း၊ ဆီဆိုင်မြို့အတွက်လိုအပ်သည့် မီးသင်းဂျိုလ်စက်တည်ထောင်ခြင်း၊ သင်္ချိုင်းသွားသည့်လမ်းဖောက်လုပ်ပေးခြင်း၊ ရေရရှိရန်ဆောင်ရွက်ပေးခြင်း၊ လူမျိုးဘာသာခွဲခြားခြင်းမရှိဘဲ ထောင်နှင့်ချီစစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ပေးခြင်းအပြင် သဘာဝပတ်ဝန်းကျင်မပျက်ဆီးစေရန် လွယ်တဖြီးတောင်ရှိ သစ်တောများအား ဆရာတကာပူးပေါင်းပြီး ထိန်းသိမ်းစောက်ရှောက်ခြင်း စသည့်အများပြည်သူအတွက် ပြုလုပ်နေသသည့်ရဟန်းတစ်ပါးကို စွပ်စွဲပြောဆိုချက်နှင့်ပတ်သက်ပြီး တကာများကလုံခြုံရေးအတွက် စိတ်ပူနေကြသည်။

“အဖက်ဖက်ကနေ တိုးတက်အောင်ဆောင်ရွက်နေတဲ့ဦးဇင်းတပါးပါ ကိုယ့်မြို့ကအမှိုက်တောင် ဘယ်လိုရှင်းရမလဲ အဲ့ထိမလုပ်ပါနဲ့ စည်ပင်ရှိပါတယ်လို့ တားခဲ့ဖူးတယ် ဘယ်လိုတောင်ပြစ်မှားနေတာလဲ ကံကြီးထိုက်လိမ့်မယ်” ဟုဆီဆိုင်ဒေသခံတစ်ဦးကပြောသည်။

ဦးဇင်းအား ယခုလိုမဟုတ်မမှန်စွပ်စွဲပြီး လုပ်ကြံကြမည်ကိုလည်း တစ်ချိုသောဆီဆိုင်ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

နောက်ဆီဆိုင်ဒေသခံတစ်ဦးကလည်း “ဘာသဘောနဲ့စွပ်စွဲပြောဆိုတာလဲတော့မသိဘူး ဆရာတော်နဲ့ဦးဇင်းရဲ့လုံ​ခြုံရေးကိုစိတ်ပူလိုက်တာ ဆရာတော်နဲ့ ဦးဇင်းအပါအဝင်တစ်ကျောင်းလုံး ဘေးကင်း​လုံ ခြုံကြပါစေ ဦးဇင်းရဲ့ဆီဆိုင်မြို့သူမြို့သားတွေအပေါ်ထားတဲ့ စေတနာမေတ္တာကို အားလုံးသိကြတယ် ဘာသာခြားဖြစ်တဲ့ မွတ်စလင်တွေတောင် အောက်စီဂျင်စက်ထောင်တုန်းကကော် မီးသင်းဂျိုလ်စက်ထောင်တုန်းကကော် လာရောက်လှူကြတယ် ဦးဇင်းရဲ့သီလနဲ့သမာဓိကိုယုံလို့လေ” ဟုပြောသည်။

ဦးဇင်းဦးသုဝဏ္ဏကလည်း ဇဝနာရာမစာသင်တိုက် Page တွင် မည်သည့်ရည်ရွယ်ချက်ဖြင့် စွပ်စွဲသည်ကို မိမိအနေဖြင့်မသိနိုင်ကြောင်း မစဉ်းစားတတ်ကြောင်းနှင့် မိမိငယ်စဉ်မှစ၍ ယခုအချိန်ထိ မိမိ၏ထမင်းရှင်၊ ကျေးဇူးရှင်ဖြစ်ကြသော ဆီဆိုင်ဒကာ၊ ဒကာမများကို တက်နိုင်သမျှကျေးဇူးဆပ်သည့်အနေဖြင့် ကူညီဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ဆိုထားသည်။

ယင်း Democracy Page သည့်မည်သူမည်ဝါ မိမိအနေဖြင့်မသိပေ။ မိမိအလုပ်မဟုတ်၍စိတ်မဝင်စားပေ။ တစ်စုံတစ်ယောက်ကို နစ်နာစေလိုသောဆန္ဒမရှိ။ ရဟန်းတော်တစ်ပါးအနေဖြင့် သာသနာအကျိုးတရား၊ အများအကျိုးတရားကိုသာ လုပ်ဆောင်ဖို့ရန် စိတ်ဝင်စားသည်ဟုဖြေရှင်းထားသည်။

နောက်ဆုံးအချက်အနေဖြင့် နိုင်ငံရေးတွင် မည်သည့်ဘက်မှမပါ အလယ်အလတ်လမ်းစဉ်အတိုင်းနေပါဟူသော ဆီဆိုင်ဆရာတော်ဘုရား၏ ဩဝါဒလမ်းစဉ်အတိုင်းသာ နေထိုင်ပါမည်ဟူ၍သာ ဆန္ဒပြုထားပါကြောင်း သိစေအပ်သည်ဟု ဆိုထားသည်။

PPV001

#မတရားစွပ်စွဲ
#ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ
#ဇဝနာရာမစာသင်တိုက်
#ဦးဇင်းသုဝဏ္ဏ
#ဦးဇင်းဖွား