ခမ်းသားငေါဝ်း

ဩဂုတ် ၈၊ ၂၀၂၄

ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကိုယနေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ကယန်းအမျိုးသားပညာရေးကော်မတီ KNEC ကထုတ်ပြန်ထားပါသည်။

ကယန်းအမျိုးသားပညာရေးကော်မတီ KNEC ကဖော်ဆောင်သည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် ကနေမှ အဆင့်မြှင့်ပညာရေးအထိ ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်ပွဲတွင် ကယန်းအမျိုးသားပညာရေးကော်မတီ KNEC နာယကကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊Thinking Classroom Foundation ဒေါက်တာ သိန်းလွင်မှ အမှာစကားပြောကြားခဲ့ကြပြီး ဘာသာရေးအသင်းအဖွဲ့များမှရဟန်းအကြီးအကဲများ၊ ကယန်းပြည်သစ်ပါတီမှ ခေါင်းဆောင်များ၊ ကယန်းအမျိုးသားပညာရေးကော်မတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ တတ်သိပညာရှင်များပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကယန်းအမျိုးသားပညာရေးကော်မတီ KNEC နှင့် ကယန်းအမျိုးသားကျန်းမာရေးကော်မတီ KNHC တို့မှ ဦးစီးဖွင့်လှစ်ခဲ့သည့် အမှတ်စဥ် ၁/၂၀၂၃ အကူသူနာပြုသင်တန်းလည်း သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

#PPV005
ဓာတ်ပုံး-KNEC
#ပညာရေး
#ကယန်းအမျိုးသားတက္ကသိုလ်
#ကယန်းအမျိုးသားပညာရေးကော်မတီ